Spots news

အင်္ဂလန်ရဲ့ ရှုံးနိမ့်မှုမှာ မန်ယူရဲ့ ဆန်ချိုနဲ့ ရက်ဖို့ဒ်က အဓိကတရားခံမဟုတ်

Unicode Version

ယူရို-2020 ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအပြီးမှာတော့ အဇူရီတို့ဟာ ဝင်ဘလေကွင်းအတွင်း ယူရိုဆုဖလားကို အင်္ဂလန်မြေမှာ မချန်ခဲ့ဘဲ အီတလီအရောက်ပြန်သယ်သွားခဲ့ကာ Football is coming “ROME” သာ ဖြစ်ခဲ့ပါပြီ။ အင်္ဂလန် တို့ ဒီတစ်ကြိမ် မှာတော့ ဗိုလ်လုပွဲ အဆင့်ထိ တက်လှမ်း နိုင်ခဲ့ ပေမယ့် ချန်ပီယံ ဆု ဖလား နဲ့ လက်တစ်ကမ်း အကွာမှာ ကျရှုံး ခဲ့ရ ပါတယ် ။

အင်္ဂလန် ဘောလုံးအသင်းကတော့ ၅၅ နှစ်ကြာ ဝေးကွာနေရတဲ့ အဓိက ဆုဖလားတစ်လုံး ရရှိဖို့ လက်တစ်ကမ်း အလိုမှာပဲ ဝင်ဘာလေကွင်းကြီးထဲမှာ အီတလီကို ပင်နယ်တီ အဆုံးအဖြတ်မှာ ၃ ဂိုး ၂ ဂိုးနဲ့ ဝင်ဘလေကွင်းမှာ ရှုံးပြီး အသည်းကွဲ ခဲ့ရပါတယ်။

အင်္ဂလန် နည်းပြ ဆောက်ဂိတ်က ခံစစ် အသားပေး ကစားကွက် ကို ပြင်ဆင်ခဲ့ ပေမယ့် ပွဲအစ ၂ မိနစ်မှာပဲ လုခ်ရှောရဲ့ ကန်သွင်းမှုနဲ့ အင်္ဂလန်တို့ ဂိုးစရ သွားခဲ့ပြီး နောက်ပိုင်းမှာတော့ ဆောက်ဂိတ် ရဲ့ အသင်းဟာ အီတလီ ရဲ့ ထိုးဖောက်လာမှုတွေ ကို တောက်လျောက် ခုခံ ကစား သွားခဲ့ ပါတယ် ။

ဒုတိယပိုင်းမှာလည်း အင်္ဂလန်ဟာ အီတလီ ကို ဘောလုံပေးကိုင် ကစား စေခဲ့ရင်း ခံစစ် ကိုသာ ကျစ်ကျစ်လျစ်လျစ် ကစားနိုင်ဖို့ အားစိုက်ခဲ့ပေမယ့် ၆၇ မိနစ်မှာတော့ တည်ကန်ဘော ကနေ ဂိုးပေး ခဲ့ရပြီး သရေ ပြန်ကျ သွားခဲ့တာကြောင့် ဂိုးပြန်ရဖို့ ကစားသမားတွေ အပြောင်းအလဲ ပြုလုပ် ခဲ့ရ ပါတယ် ။

အင်္ဂလန် နဲ့ အီတလီတို့ဟာ သာမန်ပွဲကစားချိန်အတွင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ပြီးနောက် အချိန်ပိုဆက်ကစားခဲ့ပေမယ့် အဖြေမပေါ်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီမှာတော့

အီတလီတို့ အနိုင်ရရှိခဲ့ပြီး
အင်္ဂလန် ဂိုးသမား ဂျော်ဒန် ပစ်ခ်ဖို့ဒ်က လက်စွမ်းပြပြီး ပင်နယ်တီ ၂ လုံး ဖမ်းခဲ့ပေမယ့် ရက်ဖို့ဒ်၊ ဆန်ချိုနဲ့ ဆာကာတို့ ပင်နယ်တီ ၃ လုံး ဆက်ပြီး လွဲချော် ခဲ့ပါတယ်။

တစ်ပွဲလုံး ခြုံကြည့်ရင်တော့ ဆောက်ဂိတ် ရဲ့ ပွဲချဉ်းကပ်ပုံက မှားတယ်လို့ မဆိုနိုင်ပါဘူး ၊ အီတလီ ကို တိုက်စစ်ချင်း ယှဉ် ကစားဖို့က ကစားသမား အရည်အသွေးချင်း ကွာဟမှု ရှိနေပါတယ် ။ ဒါကြောင့် စောစော ရခဲ့တဲ့ ဂိုးကို မိနစ် ၉၀ နီးပါး ထိန်းထားဖို့ကို ဦးစားပေး ကစားခဲ့တာပါ ။ ဒါပေမယ့် ပင်နယ်တီ မှာတော့ ဆောက်ဂိတ် တစ်ယောက် အမှားကြီး မှားခဲ့ တော့တာပါပဲ။

ရက်ဖိုဒ့် နဲ့ ဆန်ချို ဟာ အင်္ဂလန် ရဲ့ ယူရို ပြိုင်ပွဲ ကာလ တစ်လျောက်မှာ လေ့ကျင့်လိုက် ၊ ရေကူးကန်မှာ အရုပ်တွေ နဲ့ ဆော့လိုက် နဲ့ အချိန်ကုန် ခဲ့ရတာပါ ။ ဒါပေမယ့် တကယ့် အဆုံးအဖြတ် ပင်နယ်တီ ကန်ခါနီးမှာတော့ ၂ ယောက်စလုံးကို လူစားလဲ ထည့်ခဲ့ ပါတယ် ။ ဒါဟာ တကယ့်ကို နားလည်ရခက်စေတဲ့ ဆုံးဖြတ်ချက် ပါပဲ ။

 

ရက်ဖိုဒ့် ဟာ မန်ချက်စတာ ယူနိုက်တက် မှာ ပင်နယ်တီ မကန်ရ တော့တာ တစ်နှစ် ကျော်ပါပြီ ။ PSG ကို အနိုင်ရခဲ့တဲ့ ပင်နယ်တီ ဆိုတာက ဟိုးအဝေးကြီးမှာ ကျန်ခဲ့ပါပြီ။ရက်ဖိုဒ့် ထက် ပိုဆိုးတဲ့သူကတော့ ဂျေဒန်ဆန်ချို ပါပဲ ။

ယူရိုမှာ မကစားရဘဲ ပင်နယ်တီ ကန်ခါနီးမှ ဝင်ရတဲ့ ဖိအားကို ဆောက်ဂိတ် နားလည်ခဲ့ပုံ မရပါဘူး ။ အကျိုးဆက် ကတော့ ၂ ယောက်စလုံး ပင်နယ်တီ မဝင်တော့တာပါပဲ ။

နောက်တစ်ယောက် ဆာကာ ဟာ အင်္ဂလန် ရဲ့ ယူရို ပြိုင်ပွဲ တစ်လျောက်မှာ နေရာရ ခဲ့ပြီး ပုံစံကောင်းလည်း ပြနိုင်ခဲ့ ပါတယ် ။ ဒါပေမယ့် ပင်နယ်တီ အဆုံးအဖြတ်ကတော့ ဒါတွေနဲ့ ခြားနားတဲ့ အရာတစ်ခုပါ ။

အာဆင်နယ် မှာတောင် ပင်နယ်တီ မကန်ရတဲ့ ဆယ်ကျော်သက်လေး တစ်ယောက်ကို အဆုံးအဖြတ် ပင်နယ်တီလို့ နာမည်ကျော်တဲ့ ပဉ္စမမြောက် ပင်နယ်တီ ကို ဆောက်ဂိတ် ကန်ခိုင်း ခဲ့ပါတယ် ။ အရမ်းကို မိုက်တဲ့ ဆုံးဖြတ်ချက်ပါပဲ ။

ဆာကာ ပင်နယ်တီ ကို ဒွန်နာရမ်မာ ပုတ်ထုတ်ပြီး အီတလီ တို့ ဖလားယူသွားခဲ့ ပါတော့တယ် ။ အင်္ဂလန် အသင်းမှာ ဟန်ဒါဆင် ၊ ဂရီလစ်ရှ် တို့လို ဖိအားဒဏ် ခံနိုင်တဲ့ သူတွေ ၊ စတာလင် ၊ ဝေါ်ကာ တို့လို ဖိုင်နယ် အတွေ့အကြုံ နဲ့ ပင်နယ်တီ အဆုံးအဖြတ် ခံယူဖူးသူတွေ ရှိပေမယ့်

ဆောက်ဂိတ် ရဲ့ လူရွေးမှုကတော့ တကယ့်ကို အံ့အားသင့်စရာ ကောင်းခဲ့ ပါတယ် ။ ဒီအရှုံးကနေ သင်ခန်းစာယူပြီး ၂၀၂၂ ကမ္ဘာ့ဖလား မှာ ပိုကောင်းတဲ့ အဆင့်ကို အင်္ဂလန် တို့ အရောက်လှမ်း နိုင်မလား ဆိုတာကတော့ စောင့်ကြည့်ရမာပါ။

Zawgyi Version

ယူရို-2020 ၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲအၿပီးမွာေတာ့ အဇူရီတို႔ဟာ ဝင္ဘေလကြင္းအတြင္း ယူရိုဆုဖလားကို အဂၤလန္ေျမမွာ မခ်န္ခဲ့ဘဲ အီတလီအေရာက္ျပန္သယ္သြားခဲ့ကာ Football is coming “ROME” သာ ျဖစ္ခဲ့ပါၿပီ။ အဂၤလန္ တို႔ ဒီတစ္ႀကိမ္ မွာေတာ့ ဗိုလ္လုပြဲ အဆင့္ထိ တက္လွမ္း နိုင္ခဲ့ ေပမယ့္ ခ်န္ပီယံ ဆု ဖလား နဲ႕ လက္တစ္ကမ္း အကြာမွာ က်ရႈံး ခဲ့ရ ပါတယ္ ။

အဂၤလန္ ေဘာလုံးအသင္းကေတာ့ ၅၅ ႏွစ္ၾကာ ေဝးကြာေနရတဲ့ အဓိက ဆုဖလားတစ္လုံး ရရွိဖို႔ လက္တစ္ကမ္း အလိုမွာပဲ ဝင္ဘာေလကြင္းႀကီးထဲမွာ အီတလီကို ပင္နယ္တီ အဆုံးအျဖတ္မွာ ၃ ဂိုး ၂ ဂိုးနဲ႕ ဝင္ဘေလကြင္းမွာ ရႈံးၿပီး အသည္းကြဲ ခဲ့ရပါတယ္။

အဂၤလန္ နည္းျပ ေဆာက္ဂိတ္က ခံစစ္ အသားေပး ကစားကြက္ ကို ျပင္ဆင္ခဲ့ ေပမယ့္ ပြဲအစ ၂ မိနစ္မွာပဲ လုခ္ေရွာရဲ႕ ကန္သြင္းမႈနဲ႕ အဂၤလန္တို႔ ဂိုးစရ သြားခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ေဆာက္ဂိတ္ ရဲ႕ အသင္းဟာ အီတလီ ရဲ႕ ထိုးေဖာက္လာမႈေတြ ကို ေတာက္ေလ်ာက္ ခုခံ ကစား သြားခဲ့ ပါတယ္ ။

ဒုတိယပိုင္းမွာလည္း အဂၤလန္ဟာ အီတလီ ကို ေဘာလုံေပးကိုင္ ကစား ေစခဲ့ရင္း ခံစစ္ ကိုသာ က်စ္က်စ္လ်စ္လ်စ္ ကစားနိုင္ဖို႔ အားစိုက္ခဲ့ေပမယ့္ ၆၇ မိနစ္မွာေတာ့ တည္ကန္ေဘာ ကေန ဂိုးေပး ခဲ့ရၿပီး သေရ ျပန္က် သြားခဲ့တာေၾကာင့္ ဂိုးျပန္ရဖို႔ ကစားသမားေတြ အေျပာင္းအလဲ ျပဳလုပ္ ခဲ့ရ ပါတယ္ ။

အဂၤလန္ နဲ႕ အီတလီတို႔ဟာ သာမန္ပြဲကစားခ်ိန္အတြင္းမွာ တစ္ဂိုးစီသေရက်ေနခဲ့ၿပီးေနာက္ အခ်ိန္ပိုဆက္ကစားခဲ့ေပမယ့္ အေျဖမေပၚခဲ့လို႔ ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရပါတယ္။ ပင္နယ္တီမွာေတာ့

အီတလီတို႔ အနိုင္ရရွိခဲ့ၿပီး
အဂၤလန္ ဂိုးသမား ေဂ်ာ္ဒန္ ပစ္ခ္ဖို႔ဒ္က လက္စြမ္းျပၿပီး ပင္နယ္တီ ၂ လုံး ဖမ္းခဲ့ေပမယ့္ ရက္ဖို႔ဒ္၊ ဆန္ခ်ိဳနဲ႕ ဆာကာတို႔ ပင္နယ္တီ ၃ လုံး ဆက္ၿပီး လြဲေခ်ာ္ ခဲ့ပါတယ္။

တစ္ပြဲလုံး ၿခဳံၾကည့္ရင္ေတာ့ ေဆာက္ဂိတ္ ရဲ႕ ပြဲခ်ဥ္းကပ္ပုံက မွားတယ္လို႔ မဆိုနိုင္ပါဘူး ၊ အီတလီ ကို တိုက္စစ္ခ်င္း ယွဥ္ ကစားဖို႔က ကစားသမား အရည္အေသြးခ်င္း ကြာဟမႈ ရွိေနပါတယ္ ။ ဒါေၾကာင့္ ေစာေစာ ရခဲ့တဲ့ ဂိုးကို မိနစ္ ၉၀ နီးပါး ထိန္းထားဖို႔ကို ဦးစားေပး ကစားခဲ့တာပါ ။ ဒါေပမယ့္ ပင္နယ္တီ မွာေတာ့ ေဆာက္ဂိတ္ တစ္ေယာက္ အမွားႀကီး မွားခဲ့ ေတာ့တာပါပဲ ။

ရက္ဖိုဒ့္ နဲ႕ ဆန္ခ်ိဳ ဟာ အဂၤလန္ ရဲ႕ ယူရို ၿပိဳင္ပြဲ ကာလ တစ္ေလ်ာက္မွာ ေလ့က်င့္လိုက္ ၊ ေရကူးကန္မွာ အ႐ုပ္ေတြ နဲ႕ ေဆာ့လိုက္ နဲ႕ အခ်ိန္ကုန္ ခဲ့ရတာပါ ။ ဒါေပမယ့္ တကယ့္ အဆုံးအျဖတ္ ပင္နယ္တီ ကန္ခါနီးမွာေတာ့ ၂ ေယာက္စလုံးကို လူစားလဲ ထည့္ခဲ့ ပါတယ္ ။ ဒါဟာ တကယ့္ကို နားလည္ရခက္ေစတဲ့ ဆုံးျဖတ္ခ်က္ ပါပဲ ။

ရက္ဖိုဒ့္ ဟာ မန္ခ်က္စတာ ယူနိုက္တက္ မွာ ပင္နယ္တီ မကန္ရ ေတာ့တာ တစ္ႏွစ္ ေက်ာ္ပါၿပီ ။ PSG ကို အနိုင္ရခဲ့တဲ့ ပင္နယ္တီ ဆိုတာက ဟိုးအေဝးႀကီးမွာ က်န္ခဲ့ပါၿပီ။ရက္ဖိုဒ့္ ထက္ ပိုဆိုးတဲ့သူကေတာ့ ေဂ်ဒန္ဆန္ခ်ိဳ ပါပဲ ။

ယူရိုမွာ မကစားရဘဲ ပင္နယ္တီ ကန္ခါနီးမွ ဝင္ရတဲ့ ဖိအားကို ေဆာက္ဂိတ္ နားလည္ခဲ့ပုံ မရပါဘူး ။ အက်ိဳးဆက္ ကေတာ့ ၂ ေယာက္စလုံး ပင္နယ္တီ မဝင္ေတာ့တာပါပဲ ။

ေနာက္တစ္ေယာက္ ဆာကာ ဟာ အဂၤလန္ ရဲ႕ ယူရို ၿပိဳင္ပြဲ တစ္ေလ်ာက္မွာ ေနရာရ ခဲ့ၿပီး ပုံစံေကာင္းလည္း ျပနိုင္ခဲ့ ပါတယ္ ။ ဒါေပမယ့္ ပင္နယ္တီ အဆုံးအျဖတ္ကေတာ့ ဒါေတြနဲ႕ ျခားနားတဲ့ အရာတစ္ခုပါ ။

အာဆင္နယ္ မွာေတာင္ ပင္နယ္တီ မကန္ရတဲ့ ဆယ္ေက်ာ္သက္ေလး တစ္ေယာက္ကို အဆုံးအျဖတ္ ပင္နယ္တီလို႔ နာမည္ေက်ာ္တဲ့ ပၪၥမေျမာက္ ပင္နယ္တီ ကို ေဆာက္ဂိတ္ ကန္ခိုင္း ခဲ့ပါတယ္ ။ အရမ္းကို မိုက္တဲ့ ဆုံးျဖတ္ခ်က္ပါပဲ ။

ဆာကာ ပင္နယ္တီ ကို ဒြန္နာရမ္မာ ပုတ္ထုတ္ၿပီး အီတလီ တို႔ ဖလားယူသြားခဲ့ ပါေတာ့တယ္ ။ အဂၤလန္ အသင္းမွာ ဟန္ဒါဆင္ ၊ ဂရီလစ္ရွ္ တို႔လို ဖိအားဒဏ္ ခံနိုင္တဲ့ သူေတြ ၊ စတာလင္ ၊ ေဝၚကာ တို႔လို ဖိုင္နယ္ အေတြ႕အႀကဳံ နဲ႕ ပင္နယ္တီ အဆုံးအျဖတ္ ခံယူဖူးသူေတြ ရွိေပမယ့္

ေဆာက္ဂိတ္ ရဲ႕ လူေ႐ြးမႈကေတာ့ တကယ့္ကို အံ့အားသင့္စရာ ေကာင္းခဲ့ ပါတယ္ ။ ဒီအရႈံးကေန သင္ခန္းစာယူၿပီး ၂၀၂၂ ကမာၻ႔ဖလား မွာ ပိုေကာင္းတဲ့ အဆင့္ကို အဂၤလန္ တို႔ အေရာက္လွမ္း နိုင္မလား ဆိုတာကေတာ့ ေစာင့္ၾကည့္ရမာပါ။