Unicode Version
အသက် ၃၆ နှစ်အရွယ် ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒိုဟာ ပြီးဆုံးသွားခဲ့ပြီဖြစ်တဲ့ ယူရို-၂၀၂၁ ပြိုင်ပွဲမှာ ဂိုးအများဆုံးသွင်းသူ ရွှေဖိနပ်ဆုကို တရားဝင် ရရှိသွားပြီ ဖြစ်ပါတယ်။ ရော်နယ်ဒိုဟာ ပေါ်တူဂီအသင်းအတွက် ၅ ဂိုး သွင်းယူပေးခဲ့တာပါ။
ချက်တိုက်စစ်မှူး ပက်ထရစ်ရှစ်ခ်ဟာ ရော်နယ်ဒိုနှင့် သွင်းဂိုး အရေအတွက် တူညီနေသော်လည်း ရော်နယ်ဒိုက ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်ခြင်းကြောင့် ရွှေဖိနပ်ဆု ရရှိခဲ့ခြင်း ဖြစ်ပါတယ်။ ဥရောပဘောလုံးအဖွဲ့ချုပ်က သွင်းဂိုးအရေအတွက်ချင်း
တူညီနေခဲ့ပါက ဂိုးဖန်တီးမှု၊ ပွဲချိန်အနည်းဆုံး ကစားရမှု၊ ခြေစစ်ပွဲများတွင် သွင်းဂိုးအရေအတွက်စတဲ့ အချက်များပေါ်မူတည်၍ ရွှေဖိနပ်ဆုကို ရွေးချယ်မည်ဖြစ်ကြောင်း စည်းမျဉ်းစည်းကမ်း အနေနဲ့ သတ်မှတ်ထားပါတယ်။
ရော်နယ်ဒိုဟာ ယူရို-၂၀၂၁ ၏ ဂိုးသွင်းဘုရင်ဆုကို ရရှိခဲ့သည့်အပြင် အခြားစံချိန်များစွာကိုလည်း ချိုးနိုင်ခဲ့ပါတယ် ။ရော်နယ်ဒိုဟာ ဥရောပဖလားတွင် ၁၄ ဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းသည့် ကစားသမားအဖြစ် ပလာတီနီ၏ ၁၁ ဂိုးစံချိန်ကို ချိုးနိုင်ခဲ့တာပါ။
သို့ပေမယ့် ရော်နယ်ဒိုရဲ့ သွင်းဂိုး ၅ ဂိုးမှာ ၃ ဂိုးက ပင်နယ်တီသွင်းဂိုးများ ဖြစ်ပါတယ်။ ထို့အပြင် ရော်နယ်ဒိုဟာ စုစုပေါင်း နိုင်ငံတကာသွင်းဂိုး ၁၀၉ ဂိုးသွင်းပြီး အီရန်မှ အလီဒါယီနှင့်အတူ နိုင်ငံအတွက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။
ရော်နယ်ဒိုဟာ ဥရောပဖလား ၅ ကြိမ် ကစားပြီး ဥရောပဖလားတွင် အကြိမ်အရေအတွက် အများဆုံး ပါဝင်ကစားသည့် ကစားသမားလည်း ဖြစ်ခဲ့သူပါ ။ သို့ရာတွင် ပေါ်တူဂီအသင်းဟာ ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်တွင် ဘယ်ဂျီယမ်ကို ၁-၀ ဖြင့် ရှုံးနိမ့်ခဲ့ပြီး ၂၀၁၆ ချန်ပီယံသရဖူကို လက်လွှတ်ခဲ့ရပါတယ်။
ယူရို-၂၀၂၁ ဂိုးအများဆုံးသွင်းသူများမှာ —
ရော်နယ်ဒို (ပေါ်တူဂီ) ၅ ဂိုး
ပက်ထရစ်ရှစ်ခ် (ချက်) ၅ ဂိုး
ဘန်ဇီမာ (ပြင်သစ်) ၄ ဂိုး
ဖော့စ်ဘတ် (ဆွီဒင်) ၄ ဂိုး
လူကာကူ (ဘယ်ဂျီယမ်) ၄ ဂိုး
ဟယ်ရီကိန်း (အင်္ဂလန်) ၄ ဂိုး
Zawgyi Version
အသက္ ၃၆ ႏွစ္အ႐ြယ္ ေပၚတူဂီတိုက္စစ္မႉး ေရာ္နယ္ဒိုဟာ ၿပီးဆုံးသြားခဲ့ၿပီျဖစ္တဲ့ ယူရို-၂၀၂၁ ၿပိဳင္ပြဲမွာ ဂိုးအမ်ားဆုံးသြင္းသူ ေ႐ႊဖိနပ္ဆုကို တရားဝင္ ရရွိသြားၿပီ ျဖစ္ပါတယ္။ ေရာ္နယ္ဒိုဟာ ေပၚတူဂီအသင္းအတြက္ ၅ ဂိုး သြင္းယူေပးခဲ့တာပါ။
ခ်က္တိုက္စစ္မႉး ပက္ထရစ္ရွစ္ခ္ဟာ ေရာ္နယ္ဒိုႏွင့္ သြင္းဂိုး အေရအတြက္ တူညီေနေသာ္လည္း ေရာ္နယ္ဒိုက ဂိုးဖန္တီးမႈ ၁ ႀကိမ္ ျပဳလုပ္နိုင္ျခင္းေၾကာင့္ ေ႐ႊဖိနပ္ဆု ရရွိခဲ့ျခင္း ျဖစ္ပါတယ္။ ဥေရာပေဘာလုံးအဖြဲ႕ခ်ဳပ္က သြင္းဂိုးအေရအတြက္ခ်င္း
တူညီေနခဲ့ပါက ဂိုးဖန္တီးမႈ၊ ပြဲခ်ိန္အနည္းဆုံး ကစားရမႈ၊ ေျခစစ္ပြဲမ်ားတြင္ သြင္းဂိုးအေရအတြက္စတဲ့ အခ်က္မ်ားေပၚမူတည္၍ ေ႐ႊဖိနပ္ဆုကို ေ႐ြးခ်ယ္မည္ျဖစ္ေၾကာင္း စည္းမ်ဥ္းစည္းကမ္း အေနနဲ႕ သတ္မွတ္ထားပါတယ္။
ေရာ္နယ္ဒိုဟာ ယူရို-၂၀၂၁ ၏ ဂိုးသြင္းဘုရင္ဆုကို ရရွိခဲ့သည့္အျပင္ အျခားစံခ်ိန္မ်ားစြာကိုလည္း ခ်ိဳးနိုင္ခဲ့ပါတယ္ ။ေရာ္နယ္ဒိုဟာ ဥေရာပဖလားတြင္ ၁၄ ဂိုးသြင္းၿပီး ဂိုးအမ်ားဆုံးသြင္းသည့္ ကစားသမားအျဖစ္ ပလာတီနီ၏ ၁၁ ဂိုးစံခ်ိန္ကို ခ်ိဳးနိုင္ခဲ့တာပါ။
သို႔ေပမယ့္ ေရာ္နယ္ဒိုရဲ႕ သြင္းဂိုး ၅ ဂိုးမွာ ၃ ဂိုးက ပင္နယ္တီသြင္းဂိုးမ်ား ျဖစ္ပါတယ္။ ထို႔အျပင္ ေရာ္နယ္ဒိုဟာ စုစုေပါင္း နိုင္ငံတကာသြင္းဂိုး ၁၀၉ ဂိုးသြင္းၿပီး အီရန္မွ အလီဒါယီႏွင့္အတူ နိုင္ငံအတြက္ သြင္းဂိုးအမ်ားဆုံး ကစားသမားအျဖစ္ ရပ္တည္နိုင္ခဲ့ပါတယ္။
ေရာ္နယ္ဒိုဟာ ဥေရာပဖလား ၅ ႀကိမ္ ကစားၿပီး ဥေရာပဖလားတြင္ အႀကိမ္အေရအတြက္ အမ်ားဆုံး ပါဝင္ကစားသည့္ ကစားသမားလည္း ျဖစ္ခဲ့သူပါ ။ သို႔ရာတြင္ ေပၚတူဂီအသင္းဟာ ၁၆ သင္းအဆင့္ ရႈံးထြက္ပြဲစဥ္တြင္ ဘယ္ဂ်ီယမ္ကို ၁-၀ ျဖင့္ ရႈံးနိမ့္ခဲ့ၿပီး ၂၀၁၆ ခ်န္ပီယံသရဖူကို လက္လႊတ္ခဲ့ရပါတယ္။
ယူရို-၂၀၂၁ ဂိုးအမ်ားဆုံးသြင္းသူမ်ားမွာ —
ေရာ္နယ္ဒို (ေပၚတူဂီ ၅ ဂိုး
ပက္ထရစ္ရွစ္ခ္ (ခ်က္) ၅ ဂိုး
ဘန္ဇီမာ (ျပင္သစ္) ၄ ဂိုး
ေဖာ့စ္ဘတ္ (ဆြီဒင္) ၄ ဂိုး
လူကာကူ (ဘယ္ဂ်ီယမ္) ၄ ဂိုး
ဟယ္ရီကိန္း (အဂၤလန္) ၄ ဂိုး