Spots news

၂၆ နှစ်ပြည့်မွေးနေ့မှာ ငွေတံဆိပ်နဲ့သာ ကျေနပ်ခဲ့ရပေမယ့် စံချိန်‌ကောင်းတစ်ခု ရယူခဲ့တဲ့ လုခ်ရှော

Unicode Version

မနေ့ညက ကစားခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းဟာ အီတလီအသင်းကို ပင်နယ်တီအဆုံးအဖြတ်မှာ အရေးနိမ့်ပြီး (၅၅) နှစ်အကြာမှဖလားအောင်မြင်မှု ပြန်လည်ရယူနိုင်မယ့် အခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။

အင်္ဂလန် နဲ့ အီတလီတို့ဟာ သာမန်ပွဲကစားချိန်အတွင်းမှာ တစ်ဂိုးစီသရေကျနေခဲ့ပြီးနောက် အချိန်ပိုဆက်ကစားခဲ့ပေမယ့် အဖြေမပေါ်ခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပါတယ်။ ပင်နယ်တီမှာတော့ အီတလီတို့ အနိုင်ရရှိခဲ့ပြီး

အရင်လွဲချော်ခဲ့ပေမယ့် အင်္ဂလန်ဘက်က ရက်ရှ်ဖို့ဒ်၊ ဆန်ချို နဲ့ ဆာကာတို့ရဲ့ ကန်သွင်းချက်တွေ လွဲချော်ခဲ့ပြီး ဒွန်နာရမ်မာလက်စွမ်းပြခဲ့လို့ အီတလီတို့ ဆုဖလားကို ဆွတ်ခူးသွားနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဒီပွဲမှာ ယူနိုက်တက်ရဲ့ ခံစစ်ကစားသမားတွေဖြစ်တဲ့ မက်ဂွိုင်းယား နဲ့ လုခ်ရှော တို့အထူးခြေစွမ်းပြသခဲ့ပေမယ့် တောင်ပံကစားသမား နှစ်ဦးဖြစ်တဲ့ ရက်ရှ်ဖို့ဒ် နဲ့ဆန်ချိုတို့ ပင်နယ်တီ ကံခေခဲ့ပြီး ရှုံးနိမ့်ခဲ့ ရခြင်းဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲတစ်လျှောက် အင်္ဂလန်ရဲ့ ဘယ်နောက်ခံနေရာမှာ ခြေစွမ်းပြသခဲ့တဲ့ နောက်ခံလူ လုခ်ရှောကတော့ သူ့ရဲ့‌ မွေးနေ့မှာ ဆုဖလား မရရှိခဲ့ပေမယ့် စံချိန် မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက် နောက်ခံလူ လုခ်ရှောဟာ အီတလီ နဲ့ ကစားတဲ့ ဗိုလ်လုပွဲမှာ ပွဲစလျှင်စချင်း (၁) မိနစ် နဲ့ (၅၇) စက္ကန့်မှာတင် ညာတောင်ပံမှ ထရစ်ပီယာ ရဲ့ ဖြတ်တင်ပေးမှုက တဆင့် ရလာတဲ့ ဘောလုံးကို လှလှပပ ပိတ်သွင်းခဲ့ပြီး ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။

ဒီဂိုးဟာ သမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဥ်များအနက် အလျင်မြန်ဆုံး သွင်းဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါ့အပြင် လုခ်ရှောအတွက်တော့ ဒီဂိုးဟာ နိုင်ငံအသင်းအတွက် ပထမဦးဆုံး သွင်းယူပေးခဲ့တဲ့ ဂိုးဖြစ်လာခဲ့ပါတယ်။

လက်ရှိအချိန်မှာ လုခ်ရှောဟာ ပြီးခဲ့တဲ့ ရာသီတုန်းက မန်ယူအတွက် ပွဲ (၃၀) ကစားခဲ့ပြီး ၁ဂိုးသွင်းကာ ဖန်တီးမှု (၅)ကြိမ် လုပ်နိုင်ခဲ့သလို အခုလည်း ယူရို ၂၀၂၀ပြိုင်ပွဲမှာ အင်္ဂလန်အတွက် ဂိုးဖန်တီးမှု(၃)ကြိမ် ပြုလုပ်ထားပြီး ဖိုင်နယ်မှာ သွင်းဂိုး တစ်ဂိုးပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။

အင်္ဂလန်အသင်းရဲ့ လက်ရွေးစင် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူ လုခ်ရှောအတွက်တော့ အသက် ၂၆ နှစ်ပြည့်မွေးနေ့မှာ နိုင်ငံအသင်း နဲ့ ငွေတံဆိပ်သာ ကျေနပ်ခဲ့ရပေမယ့် စံချိန်ကောင်းတစ်ခု ယူနိုင်ခဲ့သလို့ ကမ္ဘာ့အဆင့်ဘယ်နောက်ခံလူ အဖြစ် တိုးတက်လာတာကတော့ အသေအချာပါပဲ။

Zawgyi Version

မေန႕ညက ကစားခဲ့တဲ့ ယူရို ၂၀၂၀ ဗိုလ္လုပြဲမွာ အဂၤလန္အသင္းဟာ အီတလီအသင္းကို ပင္နယ္တီအဆုံးအျဖတ္မွာ အေရးနိမ့္ၿပီး (၅၅) ႏွစ္အၾကာမွဖလားေအာင္ျမင္မႈ ျပန္လည္ရယူနိုင္မယ့္ အခြင့္အေရးကို လက္လႊတ္ခဲ့ရပါတယ္။

အဂၤလန္ နဲ႕ အီတလီတို႔ဟာ သာမန္ပြဲကစားခ်ိန္အတြင္းမွာ တစ္ဂိုးစီသေရက်ေနခဲ့ၿပီးေနာက္ အခ်ိန္ပိုဆက္ကစားခဲ့ေပမယ့္ အေျဖမေပၚခဲ့လို႔ ပင္နယ္တီအဆုံးအျဖတ္ခံယူခဲ့ရပါတယ္။ ပင္နယ္တီမွာေတာ့ အီတလီတို႔ အနိုင္ရရွိခဲ့ၿပီး

အရင္လြဲေခ်ာ္ခဲ့ေပမယ့္ အဂၤလန္ဘက္က ရက္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳ နဲ႕ ဆာကာတို႔ရဲ႕ ကန္သြင္းခ်က္ေတြ လြဲေခ်ာ္ခဲ့ၿပီး ဒြန္နာရမ္မာလက္စြမ္းျပခဲ့လို႔ အီတလီတို႔ ဆုဖလားကို ဆြတ္ခူးသြားနိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဒီပြဲမွာ ယူနိုက္တက္ရဲ႕ ခံစစ္ကစားသမားေတြျဖစ္တဲ့ မက္ဂြိုင္းယား နဲ႕ လုခ္ေရွာ တို႔အထူးေျခစြမ္းျပသခဲ့ေပမယ့္ ေတာင္ပံကစားသမား ႏွစ္ဦးျဖစ္တဲ့ ရက္ရွ္ဖို႔ဒ္ နဲ႕ဆန္ခ်ိဳတို႔ ပင္နယ္တီ ကံေခခဲ့ၿပီး ရႈံးနိမ့္ခဲ့ ရျခင္းျဖစ္ပါတယ္။

အဂၤလန္အသင္းဟာ ဗိုလ္လုပြဲမွာ အေရးနိမ့္ခဲ့ေပမယ့္ ယူရို ၂၀၂၀ ၿပိဳင္ပြဲတစ္ေလွ်ာက္ အဂၤလန္ရဲ႕ ဘယ္ေနာက္ခံေနရာမွာ ေျခစြမ္းျပသခဲ့တဲ့ ေနာက္ခံလူ လုခ္ေရွာကေတာ့ သူ႕ရဲ႕‌ ေမြးေန႕မွာ ဆုဖလား မရရွိခဲ့ေပမယ့္ စံခ်ိန္ မွတ္တမ္းေကာင္းတစ္ခု ပိုင္ဆိုင္နိုင္ခဲ့ပါတယ္။

ယူနိုက္တက္ ေနာက္ခံလူ လုခ္ေရွာဟာ အီတလီ နဲ႕ ကစားတဲ့ ဗိုလ္လုပြဲမွာ ပြဲစလွ်င္စခ်င္း (၁) မိနစ္ နဲ႕ (၅၇) စကၠန႔္မွာတင္ ညာေတာင္ပံမွ ထရစ္ပီယာ ရဲ႕ ျဖတ္တင္ေပးမႈက တဆင့္ ရလာတဲ့ ေဘာလုံးကို လွလွပပ ပိတ္သြင္းခဲ့ၿပီး ဦးေဆာင္ဂိုး ရယူေပးနိုင္ခဲ့ပါတယ္။

ဒီဂိုးဟာ သမိုင္းတစ္ေလွ်ာက္ ယူရိုၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲစဥ္မ်ားအနက္ အလ်င္ျမန္ဆုံး သြင္းဂိုးအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။ ဒါ့အျပင္ လုခ္ေရွာအတြက္ေတာ့ ဒီဂိုးဟာ နိုင္ငံအသင္းအတြက္ ပထမဦးဆုံး သြင္းယူေပးခဲ့တဲ့ ဂိုးျဖစ္လာခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာ လုခ္ေရွာဟာ ၿပီးခဲ့တဲ့ ရာသီတုန္းက မန္ယူအတြက္ ပြဲ (၃၀) ကစားခဲ့ၿပီး ၁ဂိုးသြင္းကာ ဖန္တီးမႈ (၅)ႀကိမ္ လုပ္နိုင္ခဲ့သလို အခုလည္း ယူရို ၂၀၂၀ၿပိဳင္ပြဲမွာ အဂၤလန္အတြက္ ဂိုးဖန္တီးမႈ(၃)ႀကိမ္ ျပဳလုပ္ထားၿပီး ဖိုင္နယ္မွာ သြင္းဂိုး တစ္ဂိုးပါ သြင္းယူေပးနိုင္ခဲ့ပါတယ္။

အဂၤလန္အသင္းရဲ႕ လက္ေ႐ြးစင္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ေနာက္ခံလူ လုခ္ေရွာအတြက္ေတာ့ အသက္ ၂၆ ႏွစ္ျပည့္ေမြးေန႕မွာ နိုင္ငံအသင္း နဲ႕ ေငြတံဆိပ္သာ ေက်နပ္ခဲ့ရေပမယ့္ စံခ်ိန္ေကာင္းတစ္ခု ယူနိုင္ခဲ့သလို႔ ကမာၻ႔အဆင့္ဘယ္ေနာက္ခံလူ အျဖစ္ တိုးတက္လာတာကေတာ့ အေသအခ်ာပါပဲ။