Spots news

Breaking : ဗာရန်းကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိတော့မယ့် မန်ချက်စတာ ယူနိုက်တက်

Unicode Version

အင်္ဂလန် ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းကို ခေါ်ယူဖို့ အတွက် ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူနိုင်ဖို့ နီးစပ်နေကြောင်း မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲဖက်ကာ အသင်းရဲ့ ခံစစ်ကြောင်းကို ဦးဆောင်နိုင်မယ့် ဗဟိုနောက်ခံလူ တဦးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်း ဖြစ်ပြီး ဗာရန်းဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။

အသက် ၂၈နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပေမယ့် ဗာရန်းကတော့ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်နေပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းကို ခေါ်ယူဖို့ ချိတ်ဆက်မှုတွေ ပြုလုပ်နေပြီး ဗာရန်းရဲ့ အေးဂျင့်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ထားသလို ရီးရဲလ်မက်ဒရစ်အသင်းနဲ့လည်း တိုက်ရိုက် စကားပြောဆိုမှုတွေ ပြုလုပ်နေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ နီးစပ်တဲ့ မန်ချက်စတာ ညနေခင်း သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းနဲ့ မကြာခင်မှာပဲ ပုဂ္ဂိုလ်ရေးအရ သဘောတူညီဖို့ နီးစပ်နေကာ

ဗာရန်းဟာ နွေရာသီ အားလပ်ရက် ပြီးဆုံးပါက ရီးရဲလ်မက်ဒရစ်အသင်းဆီ မပြန်လိုတော့ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းထံသာ ပြောင်းရွှေ့ချင်တယ်လို့ သူ့ရဲ့ အေးဂျင့်တွေထံ ပြောဆိုထားကြောင်း သိရပါတယ်။

တဖက်မှာလည်း ရီးရဲလ်မက်ဒရစ်အသင်းက ဗာရန်းကို ရောင်းချဖို့ လမ်းဖွင့်ထားတာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဗာရန်းအတွက် တရားဝင် စကားပြောဆိုမှုတွေ ပြုလုပ်ထားပြီး ရီးရဲလ်မက်ဒရစ် အသင်းဟာ ဗာရန်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် အလိုရှိနေပါတယ်။

Zawgyi Version

အဂၤလန္ ပရီးမီးယားလိဂ္ အင္အားႀကီးအသင္း တသင္း ျဖစ္တဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ရီးရဲလ္မက္ဒရစ္အသင္းရဲ႕ ျပင္သစ္ လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္းကို ေခၚယူဖို႔ အတြက္ ပုဂၢိဳလ္ေရးအရ သေဘာတူညီမႈ ရယူနိုင္ဖို႔ နီးစပ္ေနေၾကာင္း မန္ခ်က္စတာၿမိဳ႕ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပလာပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားနဲ႕ တြဲဖက္ကာ အသင္းရဲ႕ ခံစစ္ေၾကာင္းကို ဦးေဆာင္နိုင္မယ့္ ဗဟိုေနာက္ခံလူ တဦးကို ေခၚယူဖို႔ ႀကိဳးစားေနတဲ့ အသင္း ျဖစ္ၿပီး ဗာရန္းဟာ သူတို႔အသင္းရဲ႕ အဓိက ပစ္မွတ္ ကစားသမားပဲ ျဖစ္ပါတယ္။

အသက္ ၂၈ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ျပင္သစ္ လက္ေ႐ြးစင္ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား ျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္အသင္းက သူ႕ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးေနေပမယ့္ ဗာရန္းကေတာ့ စိန္ေခၚမႈအသစ္ေတြနဲ႕ ရင္ဆိုင္ခ်င္ေနပါတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဗာရန္းကို ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြ ျပဳလုပ္ေနၿပီး ဗာရန္းရဲ႕ ေအးဂ်င့္ေတြနဲ႕ ေတြ႕ဆုံ ေဆြးေႏြးမႈေတြ ျပဳလုပ္ထားသလို ရီးရဲလ္မက္ဒရစ္အသင္းနဲ႕လည္း တိုက္ရိုက္ စကားေျပာဆိုမႈေတြ ျပဳလုပ္ေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ နီးစပ္တဲ့ မန္ခ်က္စတာ ညေနခင္း သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဗာရန္းနဲ႕ မၾကာခင္မွာပဲ ပုဂၢိဳလ္ေရးအရ သေဘာတူညီဖို႔ နီးစပ္ေနကာ

ဗာရန္းဟာ ေႏြရာသီ အားလပ္ရက္ ၿပီးဆုံးပါက ရီးရဲလ္မက္ဒရစ္အသင္းဆီ မျပန္လိုေတာ့ပဲ မန္ခ်က္စတာ ယူနိုက္တက္အသင္းထံသာ ေျပာင္းေ႐ႊ႕ခ်င္တယ္လို႔ သူ႕ရဲ႕ ေအးဂ်င့္ေတြထံ ေျပာဆိုထားေၾကာင္း သိရပါတယ္။

တဖက္မွာလည္း ရီးရဲလ္မက္ဒရစ္အသင္းက ဗာရန္းကို ေရာင္းခ်ဖိဳ႕ လမ္းဖြင့္ထားတာေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဗာရန္းအတြက္ တရားဝင္ စကားေျပာဆိုမႈေတြ ျပဳလုပ္ထားၿပီး ရီးရဲလ္မက္ဒရစ္ အသင္းဟာ ဗာရန္းအတြက္ ေျပာင္းေ႐ႊ႕ေၾကး ယူရို ၅၀သန္း ဝန္းက်င္ အလိုရွိေနပါတယ္။