Spots news

ပုံမှန်ကစားခွင့်ပျောက်ဆုံးနေတဲ့ နောက်ခံလူ တွမ်ဇီဘီကို ယူနိုက်တက် ရောင်းချတော့မယ် 

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းမှာ ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်နေရတဲ့ လူငယ်နောက်ခံလူတွမ်ဇီဘီကို အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း ရောင်းချသွားတော့မှာဖြစ်ပါတယ်။

တွမ်ဇီဘီရဲ့ စာချုပ်က လာမယ့်နှစ်၊ နွေရာသီကျရင်ကုန်ဆုံးမှာဖြစ်ပြီး ယူနိုက်တက်အသင်းကလည်း သူ့ကိုစာချုပ်သစ် ချုပ်ဖို့မရှိတာကြောင့် ရောင်းချဖို့စီစဉ်နေတာပါ။

အသက်(၂၃)နှစ်အရွယ်သာရှိသေးတဲ့ တွမ်ဇီဘီဟာ ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ (၄)ပွဲသာပွဲထွက်ခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံမှာတော့ (၁၅)ပွဲသာ ကစားခဲ့ရသလို

အဲဗာတန်နဲ့ (၃)ဂိုးစီသရေကျခဲ့တဲ့အိမ်ကွင်းပွဲမှာ သူ့အမှားကနေ ချေပဂိုးပေးလိုက်ရလို့ ပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားတိုက်ခိုက်မှုခံခဲ့ရသူဖြစ်ပါတယ်။

အခုလောလောဆယ် တွမ်ဇီဘီကို ခေါ်ယူဖို့ အက်စတွန်ဗီလာအသင်းက စိတ်ဝင်စားနေပြီး အက်စတွန်ဗီလာအသင်းဟာ ၂၀၁၇-၁၈ ရာသီဝက်နဲ့ နောက်ရာသီတွေမှာ တွမ်ဇီဘီကို အငှားနဲ့ခေါ်ယူခဲ့ဖူးပါတယ်။

ယူနိုက်တက်အသင်းဟာ အခုနွေရာသီကာလအတွင်း နောက်ခံလူသစ်တစ်ဦးခေါ်ယူဖို့ ပြင်ဆင်နေတာကြောင့် တွမ်ဇီဘီအတွက် ကမ်းလှမ်းမှုတွေရှိလာရင် လက်ခံစဉ်းစားသွားမှာလည်းဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းမွာ ပုံမွန္ကစားခြင့္ရဖို႔႐ုန္းကန္ေနရတဲ့ လူငယ္ေနာက္ခံလူတြမ္ဇီဘီကို အခုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း ေရာင္းခ်သြားေတာ့မွာျဖစ္ပါတယ္။

တြမ္ဇီဘီရဲ႕ စာခ်ဳပ္က လာမယ့္ႏွစ္၊ ေႏြရာသီက်ရင္ကုန္ဆုံးမွာျဖစ္ၿပီး ယူနိုက္တက္အသင္းကလည္း သူ႕ကိုစာခ်ဳပ္သစ္ ခ်ဳပ္ဖို႔မရွိတာေၾကာင့္ ေရာင္းခ်ဖိဳ႕စီစဥ္ေနတာပါ။

အသက္(၂၃)ႏွစ္အ႐ြယ္သာရွိေသးတဲ့ တြမ္ဇီဘီဟာ ၿပီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ္မွာ (၄)ပြဲသာပြဲထြက္ခြင့္ရခဲ့ၿပီး ၿပိဳင္ပြဲစုံမွာေတာ့ (၁၅)ပြဲသာ ကစားခဲ့ရသလို

အဲဗာတန္နဲ႕ (၃)ဂိုးစီသေရက်ခဲ့တဲ့အိမ္ကြင္းပြဲမွာ သူ႕အမွားကေန ေခ်ပဂိုးေပးလိုက္ရလို႔ ပရိသတ္ေတြရဲ႕ လူမ်ိဳးေရးခြဲျခားတိုက္ခိုက္မႈခံခဲ့ရသူျဖစ္ပါတယ္။

အခုေလာေလာဆယ္ တြမ္ဇီဘီကို ေခၚယူဖို႔ အက္စတြန္ဗီလာအသင္းက စိတ္ဝင္စားေနၿပီး အက္စတြန္ဗီလာအသင္းဟာ ၂၀၁၇-၁၈ ရာသီဝက္နဲ႕ ေနာက္ရာသီေတြမွာ တြမ္ဇီဘီကို အငွားနဲ႕ေခၚယူခဲ့ဖူးပါတယ္။

ယူနိုက္တက္အသင္းဟာ အခုေႏြရာသီကာလအတြင္း ေနာက္ခံလူသစ္တစ္ဦးေခၚယူဖို႔ ျပင္ဆင္ေနတာေၾကာင့္ တြမ္ဇီဘီအတြက္ ကမ္းလွမ္းမႈေတြရွိလာရင္ လက္ခံစဥ္းစားသြားမွာလည္းျဖစ္ပါတယ္။