Unicode Version
ဘာစီလိုနာအသင်းနဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (သို့) ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ နီးစပ်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
အသက် ၃၄နှစ် အရွယ်ရှိပြီဖြစ်တဲ့ မက်ဆီဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (ရွှေဘောလုံးဆု)ကို ၆ကြိမ်အထိ ရယူထားတဲ့ ကစားသမား တဦး ဖြစ်သလို
လက်ရှိမှာလဲ အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ အတူ သူ့ရဲ့ ကစားသမားဘဝ ပထမဦးဆုံး နိုင်ငံတကာ ဆုဖလား အဖြစ် ကိုပါအမေရိကဖလားကို အရယူနိုင်ခဲ့ပါတယ်။
၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ အတူ ကိုပါဒယ်ရေးဖလား တလုံးထဲသာ ရရှိခဲ့ပေမယ့် သူ့ရဲ့ တဦးချင်း စွမ်းဆောင်ရည်ဟာ အလွန် ကောင်းမွန်သလို
နိုင်ငံအသင်းကို ကိုပါအမေရိကဖလား ရရှိအောင် အဓိက စွမ်းဆောင်နိုင်ခဲ့တာကြောင့် ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းအစားဆုံး ကစားသမား ဖြစ်နေတာပါ။
မက်ဆီဟာ ပြီးခဲ့တဲ့ ရာသီမှာ ဘာစီလိုနာအတွက် ပြိုင်ပွဲစုံမှာ ၄၇ပွဲ အထိ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၃၈ဂိုး၊ ဂိုးဖန်တီးမှု ၁၄ကြိမ် ပြုလုပ်နိုင်ခဲ့ကာ လာလီဂါပြိုင်ပွဲရဲ့ သွင်းဂိုး အများဆုံး ကစားသမားဆုနဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားဆုတို့ကို ရရှိခဲ့ပါတယ်။
ကိုပါအမေရိကပြိုင်ပွဲမှာလည်း မက်ဆီဟာ အာဂျင်တီးနားအသင်း အတွက် ၇ပွဲ ပါဝင် ကစားပေးခဲ့ပြီး သွင်းဂိုး ၄ဂိုး၊ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်နိုင်ခဲ့ကာ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ်
ကိုလံဘီယာအသင်းရဲ့ တောင်ပံ ကစားသမား ဒီယက်ဇ်နဲ့ ပူးတွဲ ရပ်တည်နိုင်ခဲ့ပြီး ဂိုးဖန်တီးမှု အများဆုံး ကစားသမားနဲ့ ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုတွေကိုလည်း ရခဲ့ပါတယ်။
ဒါကြောင့်ပဲ မက်ဆီဟာ ရွှေဘောလုံးဆု ရရှိဖို့ ရေပန်းအစားဆုံး ကစားသမား ဖြစ်နေပြီး သူ့ရဲ့နောက်မှာတော့ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး လီဝမ်ဒေါစကီး ၊
ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ကန်တီ ၊ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းတို့က အစဉ်လိုက် ရေပန်းအစားဆုံး ကစားသမားတွေ ဖြစ်နေကြပါတယ်။
Zawgyi Version
ဘာစီလိုနာအသင္းနဲ႕ အာဂ်င္တီးနားအသင္းတို႔ရဲ႕ အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီဟာ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီရဲ႕ ကမာၻ႔အေကာင္းဆုံး ကစားသမားဆု (သို႔) ေ႐ႊေဘာလုံးဆုကို ရယူနိုင္ဖို႔ နီးစပ္ေနေၾကာင္း ဥေရာပ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။
အသက္ ၃၄ႏွစ္ အ႐ြယ္ရွိၿပီျဖစ္တဲ့ မက္ဆီဟာ ကမာၻ႔အေကာင္းဆုံး ကစားသမားဆု (ေ႐ႊေဘာလုံးဆု)ကို ၆ႀကိမ္အထိ ရယူထားတဲ့ ကစားသမား တဦး ျဖစ္သလို
လက္ရွိမွာလဲ အာဂ်င္တီးနား လက္ေ႐ြးစင္အသင္းနဲ႕ အတူ သူ႕ရဲ႕ ကစားသမားဘဝ ပထမဦးဆုံး နိုင္ငံတကာ ဆုဖလား အျဖစ္ ကိုပါအေမရိကဖလားကို အရယူနိုင္ခဲ့ပါတယ္။
၂၀၂၀-၂၀၂၁ ေဘာလုံးရာသီမွာ မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႕ အတူ ကိုပါဒယ္ေရးဖလား တလုံးထဲသာ ရရွိခဲ့ေပမယ့္ သူ႕ရဲ႕ တဦးခ်င္း စြမ္းေဆာင္ရည္ဟာ အလြန္ ေကာင္းမြန္သလို
နိုင္ငံအသင္းကို ကိုပါအေမရိကဖလား ရရွိေအာင္ အဓိက စြမ္းေဆာင္နိုင္ခဲ့တာေၾကာင့္ ေ႐ႊေဘာလုံးဆုကို ရရွိဖို႔ ေရပန္းအစားဆုံး ကစားသမား ျဖစ္ေနတာပါ။
မက္ဆီဟာ ၿပီးခဲ့တဲ့ ရာသီမွာ ဘာစီလိုနာအတြက္ ၿပိဳင္ပြဲစုံမွာ ၄၇ပြဲ အထိ ပါဝင္ ကစားေပးခဲ့ၿပီး သြင္းဂိုး ၃၈ဂိုး၊ ဂိုးဖန္တီးမႈ ၁၄ႀကိမ္ ျပဳလုပ္နိုင္ခဲ့ကာ လာလီဂါၿပိဳင္ပြဲရဲ႕ သြင္းဂိုး အမ်ားဆုံး ကစားသမားဆုနဲ႕ ဂိုးဖန္တီးမႈ အမ်ားဆုံး ကစားသမားဆုတို႔ကို ရရွိခဲ့ပါတယ္။
ကိုပါအေမရိကၿပိဳင္ပြဲမွာလည္း မက္ဆီဟာ အာဂ်င္တီးနားအသင္း အတြက္ ၇ပြဲ ပါဝင္ ကစားေပးခဲ့ၿပီး သြင္းဂိုး ၄ဂိုး၊ ဂိုးဖန္တီးမႈ ၅ႀကိမ္ ျပဳလုပ္နိုင္ခဲ့ကာ ဂိုးသြင္း အမ်ားဆုံး ကစားသမား အျဖစ္
ကိုလံဘီယာအသင္းရဲ႕ ေတာင္ပံ ကစားသမား ဒီယက္ဇ္နဲ႕ ပူးတြဲ ရပ္တည္နိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ အမ်ားဆုံး ကစားသမားနဲ႕ ၿပိဳင္ပြဲရဲ႕ အေကာင္းဆုံး ကစားသမားဆုေတြကိုလည္း ရခဲ့ပါတယ္။
ဒါေၾကာင့္ပဲ မက္ဆီဟာ ေ႐ႊေဘာလုံးဆု ရရွိဖို႔ ေရပန္းအစားဆုံး ကစားသမား ျဖစ္ေနၿပီး သူ႕ရဲ႕ေနာက္မွာေတာ့ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ တိုက္စစ္မႉး လီဝမ္ေဒါစကီး ၊
ခ်ယ္လ္ဆီးအသင္းရဲ႕ ကြင္းလယ္လူ ကန္တီ ၊ စပါးအသင္းရဲ႕ တိုက္စစ္မႉး ဟယ္ရီကိန္းတို႔က အစဥ္လိုက္ ေရပန္းအစားဆုံး ကစားသမားေတြ ျဖစ္ေနၾကပါတယ္။