Spots news

ဗိုလ်လုပွဲမှာဂိုးသွင်းနိုင်ခဲ့တဲ့ အသင်းဖော်လုခ်‌ရှောကို ချီးကျူးခဲ့တဲ့ ဘရူနို ဖာနန်ဒက်စ်တို့အုပ်စု

Unicode Version

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၀ ဗိုလ်လုပွဲမှာ အရေးနိမ့်ခဲ့ပေမယ့် ယူရို ၂၀၂၀ ပြိုင်ပွဲတစ်လျှောက် အင်္ဂလန်ရဲ့ ဘယ်နောက်ခံနေရာမှာ ခြေစွမ်းပြသခဲ့တဲ့ နောက်ခံလူ လုခ်ရှောကတော့ ဆုဖလား မရရှိခဲ့ပေမယ့် စံချိန် မှတ်တမ်းကောင်းတစ်ခု ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

ယူနိုက်တက် နောက်ခံလူ လုခ်ရှောဟာ အီတလီ နဲ့ ကစားတဲ့ ဗိုလ်လုပွဲမှာ ပွဲစလျှင်စချင်း (၁) မိနစ် နဲ့ (၅၇) စက္ကန့်မှာတင် ညာတောင်ပံမှ ထရစ်ပီယာ ရဲ့ ဖြတ်တင်ပေးမှုက တဆင့် ရလာတဲ့ ဘောလုံးကို လှလှပပ ပိတ်သွင်းခဲ့ပြီး ဦးဆောင်ဂိုး ရယူပေးနိုင်ခဲ့ပါတယ်။

ဒီဂိုးဟာ သမိုင်းတစ်လျှောက် ယူရိုပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဥ်များအနက် အလျင်မြန်ဆုံး သွင်းဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ ဒါ့အပြင် လုခ်ရှောအတွက်တော့ ဒီဂိုးဟာ နိုင်ငံအသင်းအတွက် ပထမဦးဆုံး သွင်းယူပေးခဲ့တဲ့ ဂိုးဖြစ်လာခဲ့ပါတယ်။

ဒါ့ကြောင့် ကစားသမားဘဝ အင်္ဂလန်အသင်းအတွက် ပထမဆုံးဂိုး သွင်းယူနိုင်ခဲ့တဲ့ ယူနိုက်တက်ခံစစ်မှူးကို ဖာနန်ဒက်စ်၊ ဒွန်နီဗန်ဒီဘိခ်နဲ့ ဂျက်ဆီလင်ဂတ်တို့က Instagram story မှာ ရှော ဂိုးသွင်းတဲ့ပုံကိုတင်ပြီး အင်္ဂလန်သားကို ဂုဏ်ပြုသွားခဲ့ကြပါတယ်။

ယူရို ၂၀၂၀ ပြိုင်ပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ရှောကို ဘရာဇီးလ်ဂန္ထဝင်ကြီး ရောဘတ်တိုကားလို့စ်နဲ့ နှိုင်းယှဥ်ပြီး ‘ရှောဘတ်တိုကားလို့စ်’ လို့ ပရိသတ်တွေက သူ့ကို နာမည်ပြောင်ပေးထားကြပါသေးတယ်။

 

အင်္ဂလန်အသင်းရဲ့ လက်ရွေးစင် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နောက်ခံလူ လုခ်ရှောအတွက်တော့ နိုင်ငံအသင်း နဲ့ ငွေတံဆိပ်သာ ကျေနပ်ခဲ့ရပေမယ့် စံချိန်ကောင်းတစ်ခု ယူနိုင်ခဲ့သလို့ ကမ္ဘာ့အဆင့်ဘယ်နောက်ခံလူ အဖြစ် တိုးတက်လာတာကတော့ အသေအချာပါပဲ။

Zawgyi Version

အဂၤလန္အသင္းဟာ ယူရို-၂၀၂၀ ဗိုလ္လုပြဲမွာ အေရးနိမ့္ခဲ့ေပမယ့္ ယူရို ၂၀၂၀ ၿပိဳင္ပြဲတစ္ေလွ်ာက္ အဂၤလန္ရဲ႕ ဘယ္ေနာက္ခံေနရာမွာ ေျခစြမ္းျပသခဲ့တဲ့ ေနာက္ခံလူ လုခ္ေရွာကေတာ့ ဆုဖလား မရရွိခဲ့ေပမယ့္ စံခ်ိန္ မွတ္တမ္းေကာင္းတစ္ခု ပိုင္ဆိုင္နိုင္ခဲ့ပါတယ္။

ယူနိုက္တက္ ေနာက္ခံလူ လုခ္ေရွာဟာ အီတလီ နဲ႕ ကစားတဲ့ ဗိုလ္လုပြဲမွာ ပြဲစလွ်င္စခ်င္း (၁) မိနစ္ နဲ႕ (၅၇) စကၠန႔္မွာတင္ ညာေတာင္ပံမွ ထရစ္ပီယာ ရဲ႕ ျဖတ္တင္ေပးမႈက တဆင့္ ရလာတဲ့ ေဘာလုံးကို လွလွပပ ပိတ္သြင္းခဲ့ၿပီး ဦးေဆာင္ဂိုး ရယူေပးနိုင္ခဲ့ပါတယ္။

ဒီဂိုးဟာ သမိုင္းတစ္ေလွ်ာက္ ယူရိုၿပိဳင္ပြဲရဲ႕ ဗိုလ္လုပြဲစဥ္မ်ားအနက္ အလ်င္ျမန္ဆုံး သြင္းဂိုးအျဖစ္ မွတ္တမ္းဝင္သြားခဲ့ပါတယ္။ ဒါ့အျပင္ လုခ္ေရွာအတြက္ေတာ့ ဒီဂိုးဟာ နိုင္ငံအသင္းအတြက္ ပထမဦးဆုံး သြင္းယူေပးခဲ့တဲ့ ဂိုးျဖစ္လာခဲ့ပါတယ္။

ဒါ့ေၾကာင့္ ကစားသမားဘဝ အဂၤလန္အသင္းအတြက္ ပထမဆုံးဂိုး သြင္းယူနိုင္ခဲ့တဲ့ ယူနိုက္တက္ခံစစ္မႉးကို ဖာနန္ဒက္စ္၊ ဒြန္နီဗန္ဒီဘိခ္နဲ႕ ဂ်က္ဆီလင္ဂတ္တို႔က Instagram story မွာ ေရွာ ဂိုးသြင္းတဲ့ပုံကိုတင္ၿပီး အဂၤလန္သားကို ဂုဏ္ျပဳသြားခဲ့ၾကပါတယ္။

ယူရို ၂၀၂၀ ၿပိဳင္ပြဲမွာ ေျခစြမ္းေကာင္းေတြ ျပသနိုင္ခဲ့တဲ့ ေရွာကို ဘရာဇီးလ္ဂႏၳဝင္ႀကီး ေရာဘတ္တိုကားလို႔စ္နဲ႕ ႏွိုင္းယွဥ္ၿပီး ‘ေရွာဘတ္တိုကားလို႔စ္’ လို႔ ပရိသတ္ေတြက သူ႕ကို နာမည္ေျပာင္ေပးထားၾကပါေသးတယ္။

အဂၤလန္အသင္းရဲ႕ လက္ေ႐ြးစင္ မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ေနာက္ခံလူ လုခ္ေရွာအတြက္ေတာ့ နိုင္ငံအသင္း နဲ႕ ေငြတံဆိပ္သာ ေက်နပ္ခဲ့ရေပမယ့္ စံခ်ိန္ေကာင္းတစ္ခု ယူနိုင္ခဲ့သလို႔ ကမာၻ႔အဆင့္ဘယ္ေနာက္ခံလူ အျဖစ္ တိုးတက္လာတာကေတာ့ အေသအခ်ာပါပဲ။