Spots news

ပင်နယ်တီ မဝင်ခဲ့တဲ့ ဆာကာကို ကာကွယ်ပြီး ဆောက်ဂိတ်ကိုဝေဖန်လိုက်တဲ့ မော်ရင်ဟို

Unicode Version

မော်ရင်ဟို ဟာ ယူရို ၂၀၂၀ ဗိုလ်လုပွဲမှာ နောက်ဆုံး ပင်နယ်တီ လွဲချော်ခဲ့တဲ့ ဘူကာရို ဆာကာ ကို အားပေးစကား ပြောကြားလိုက်ပြီး ၁၉ နှစ်သားရဲ့ ပခုံးအပေါ် နိုင်ငံ တာဝန်ကို ပေးအပ်ခဲ့တဲ့ ဆောက်ဂိတ်ရဲ့ဆုံးဖြတ်ချက်ကို ဝေဖန် သွားခဲ့ပါတယ် ။

အင်္ဂလန် နဲ့ အီတလီ ဟာ ပွဲချိန် မိနစ် ၁၂၀ အထိ ၁-၁ နဲ့ သရေ ကျနေတာကြောင့် ပင်နယ်တီ အဆုံးအဖြတ် ခံယူ ခဲ့ရပါတယ် ။ ပင်နယ်တီမှာ အင်္ဂလန် ဘက်က ရက်ရှ်ဖိုဒ့် ၊ ဆန်ချို ၊ ဆာကာ တို့ သုံးဦးဆက် ဂိုးမဝင်ခဲ့တာကြောင့် အီတလီ တို့ ချန်ပီယံ ဖြစ်သွားခဲ့ပါတယ် ။

ဆာကာ မကန်ခင်မှာ ဂျော်ဂျင်ဟို ရဲ့ ပင်နယ်တီ ကို ပစ်ဖိုဒ့် က ကာကွယ် နိုင်ခဲ့တာကြောင့် အင်္ဂလန် အတွက် မျှော်လင့်ချက် ပြန်လည် ရှင်သန် ခဲ့ပေမယ့် ဆာကာ ရဲ့ ကန်ချက် ကိုလည်း အီတလီ ဂိုးသမား ဒွန်နာရမ်မာ က လက်စွမ်းပြ ကာကွယ် သွားခဲ့ပါတယ် ။

အင်္ဂလန် အသင်းမှာ ရက်ရှ်ဖိုဒ့် ၊ ဆန်ချို တို့လည်း ပင်နယ်တီ မဝင် ခဲ့ပေမယ့် မော်ရင်ဟို ကတော့ ဆာကာ ကို အဆုံးအဖြတ် ပင်နယ်တီ နောက်ဆုံး ပင်နယ်တီ ကန်ခိုင်းတာဟာ မမျှတရာ ရောက်ကြောင်း ဝေဖန် ပြောဆို သွားခဲ့ပါတယ် ။

မော်ရင်ဟို က talkSPORT မှာ ” ပင်နယ်တီ ကန်သွင်းဖို့ ဆုံးဖြတ်ချက် ချရမှာ ဆာကာ ကို နောက်ဆုံး ပင်နယ်တီ ကန်သွင်းသူ အဖြစ် ထားတာက စဉ်းစားရ အတော် ခက်ပါတယ် ။ ဆာကာ အတွက်လည်း နိုင်ငံ တစ်ခုလုံးရဲ့ ကံတရားကို သူ့ပခုံးပေါ် တင်ထားရတာ အတော်လေး များပါတယ် ။ ”

” ပြီးခဲ့တဲ့ ရက်တွေမှာ သူတို့ ပင်နယ်တီ ကန်တာ ဘယ်လောက်ကောင်းကြောင်း အကြောင်းပြချက် ပေးချင် ပေးနိုင်ပါတယ် ။ ဒါပေမယ့် ပင်နယ်တီရဲ့ အဓိက ပြဿနာက လေ့ကျင့်ရေးကွင်းမှာ ကန်တာ နဲ့ တကယ့်ပွဲမှာ ကန်ရတာက တစ်ခြားစီပါ ။ ”

” လေ့ကျင့်ရေးကွင်းမှ တကယ့်ပွဲမှာ ကန်ရသလို ဖိအားမှ ရှိမနေတာဗျာ ၊ အဲ့ဒီ ဖိအားမျိုးက ကိုယ်တကယ်ကန်ရတဲ့ အချိန်မှာပဲ ခံစားရတာမျိုးပါ ၊ သနားစရာ ဆာကာ လေးပါ ၊ ကျွန်တော် သူ့အတွက် အတော်လေး စိတ်မကောင်း ဖြစ်မိပါတယ် ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

Zawgyi Version

ေမာ္ရင္ဟို ဟာ ယူရို ၂၀၂၀ ဗိုလ္လုပြဲမွာ ေနာက္ဆုံး ပင္နယ္တီ လြဲေခ်ာ္ခဲ့တဲ့ ဘူကာရို ဆာကာ ကို အားေပးစကား ေျပာၾကားလိုက္ၿပီး ၁၉ ႏွစ္သားရဲ႕ ပခုံးအေပၚ နိုင္ငံ တာဝန္ကို ေပးအပ္ခဲ့တဲ့ ေဆာက္ဂိတ္ရဲ႕ဆုံးျဖတ္ခ်က္ကို ေဝဖန္ သြားခဲ့ပါတယ္ ။

အဂၤလန္ နဲ႕ အီတလီ ဟာ ပြဲခ်ိန္ မိနစ္ ၁၂၀ အထိ ၁-၁ နဲ႕ သေရ က်ေနတာေၾကာင့္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူ ခဲ့ရပါတယ္ ။ ပင္နယ္တီမွာ အဂၤလန္ ဘက္က ရက္ရွ္ဖိုဒ့္ ၊ ဆန္ခ်ိဳ ၊ ဆာကာ တို႔ သုံးဦးဆက္ ဂိုးမဝင္ခဲ့တာေၾကာင့္ အီတလီ တို႔ ခ်န္ပီယံ ျဖစ္သြားခဲ့ပါတယ္ ။

ဆာကာ မကန္ခင္မွာ ေဂ်ာ္ဂ်င္ဟို ရဲ႕ ပင္နယ္တီ ကို ပစ္ဖိုဒ့္ က ကာကြယ္ နိုင္ခဲ့တာေၾကာင့္ အဂၤလန္ အတြက္ ေမွ်ာ္လင့္ခ်က္ ျပန္လည္ ရွင္သန္ ခဲ့ေပမယ့္ ဆာကာ ရဲ႕ ကန္ခ်က္ ကိုလည္း အီတလီ ဂိုးသမား ဒြန္နာရမ္မာ က လက္စြမ္းျပ ကာကြယ္ သြားခဲ့ပါတယ္ ။

အဂၤလန္ အသင္းမွာ ရက္ရွ္ဖိုဒ့္ ၊ ဆန္ခ်ိဳ တို႔လည္း ပင္နယ္တီ မဝင္ ခဲ့ေပမယ့္ ေမာ္ရင္ဟို ကေတာ့ ဆာကာ ကို အဆုံးအျဖတ္ ပင္နယ္တီ ေနာက္ဆုံး ပင္နယ္တီ ကန္ခိုင္းတာဟာ မမွ်တရာ ေရာက္ေၾကာင္း ေဝဖန္ ေျပာဆို သြားခဲ့ပါတယ္ ။

ေမာ္ရင္ဟို က talkSPORT မွာ ” ပင္နယ္တီ ကန္သြင္းဖို႔ ဆုံးျဖတ္ခ်က္ ခ်ရမွာ ဆာကာ ကို ေနာက္ဆုံး ပင္နယ္တီ ကန္သြင္းသူ အျဖစ္ ထားတာက စဥ္းစားရ အေတာ္ ခက္ပါတယ္ ။ ဆာကာ အတြက္လည္း နိုင္ငံ တစ္ခုလုံးရဲ႕ ကံတရားကို သူ႕ပခုံးေပၚ တင္ထားရတာ အေတာ္ေလး မ်ားပါတယ္ ။ ”

” ၿပီးခဲ့တဲ့ ရက္ေတြမွာ သူတို႔ ပင္နယ္တီ ကန္တာ ဘယ္ေလာက္ေကာင္းေၾကာင္း အေၾကာင္းျပခ်က္ ေပးခ်င္ ေပးနိုင္ပါတယ္ ။ ဒါေပမယ့္ ပင္နယ္တီရဲ႕ အဓိက ျပႆနာက ေလ့က်င့္ေရးကြင္းမွာ ကန္တာ နဲ႕ တကယ့္ပြဲမွာ ကန္ရတာက တစ္ျခားစီပါ ။ ”

” ေလ့က်င့္ေရးကြင္းမွ တကယ့္ပြဲမွာ ကန္ရသလို ဖိအားမွ ရွိမေနတာဗ်ာ ၊ အဲ့ဒီ ဖိအားမ်ိဳးက ကိုယ္တကယ္ကန္ရတဲ့ အခ်ိန္မွာပဲ ခံစားရတာမ်ိဳးပါ ၊ သနားစရာ ဆာကာ ေလးပါ ၊ ကြၽန္ေတာ္ သူ႕အတြက္ အေတာ္ေလး စိတ္မေကာင္း ျဖစ္မိပါတယ္ ။ ” လို႔ ေျပာၾကား သြားခဲ့ပါတယ္ ။