Spots news

ရာသီသစ်မှာ အသင်းကြီးနဲ့ပူးပေါင်းမယ့် မန်ယူရဲ့ ဖရီးကစ်ကောင်းတဲ့ ဒေးဗစ်ဘက်ခမ်းလက်သစ်

Unicode Version

ယူနိုက်တက်အသင်းရဲ့ လေ့ကျင့်ရေးအစီအစဥ်မှာ အလန်းစားဖရီကစ်သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ကြောင်းကို ဆိုရှယ်မီဒီယာပေါ်မှာတင်ပြီး ယူနိုက်တက်လူငယ်ကြယ်ပွင့်

Zidane Iqbal က သူဟာ ရာသီကြိုလေ့ကျင့်ရေးအစီအစဥ်တွေမှာ ပူးပေါင်းနေပြီ​ဖြစ်တယ်လို့ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။

၂၀၀၃ ခုနှစ်ဖွား Iqbal ဟာ အိုးလ်ထရက်ဖို့ဒ် ယူ-၁၈ အသင်းအတွက် ခြေစွမ်းကောင်းတွေ မကြာခန ပြသနိုင်ခဲ့တာ​ကြောင့် မကြာသေးခင်က အသင်းနဲ့

ပရိုဖက်ရှင်နယ်လ်စာချုပ် ချုပ်ဆိုထားပါတယ်။ ယူနိုက်တက်ပရိသတ်တွေကတော့ သူ့ကို ဒေးဗစ်ဘက်ခမ်း လက်သစ်လေးလို့ တင်စားခေါ်ဝေါ်နေကြ ပါတယ်။

Iqbal ဟာ ယူ-၂၃ အသင်းအတွက်တော့ ခုနှစ်ဂိုးအထိ သွင်းယူပေးထား နိုင်တဲ့သူ ဖြစ်ပြီး သူဟာ အင်တာဘောလုံးအကယ်ဒမီမှာ နည်းပြ Rick Bell နဲ့ လေ့ကျင့်ရေးအစီအစဥ်တွေ ပြုလုပ်ခဲ့ဖူးတဲ့ ကစားသမားဖြစ်ပါတယ်။

ဖရီးကစ် ကန်သွင်းမှုကောင်းတဲ့ ကွင်းလယ်ကစားသမားဖြစ်တဲ့ Iqbal ဟာ ဖန်တီးမှုအားကောင်းတဲ့ ကစားသမားဖြစ်ပြီး အသင်းအတွက် လိုအပ်ပါက No.10 နေရာမှာလည်း ကစားပေးနိုင်သူဖြစ်တယ်လို့ သိရပါတယ်။

လာမယ့်ဘောလုံးရာသီမှာတော့ သူဟာ ယူနိုက်တက်အသင်းကြီးမှာ ရှိုလာရှိုရီတိုင်းယား၊ အာမက်ဒ်ဒီယာလို၊ ဟယ်နီဘယ်လ်မက်ဂျ်ဘရီ၊ အန်သိုနီအီလန်ဂါတို့နဲ့အတူ ပွဲကစားခွင့်တွေ ရရှိသွားဖွယ် ရှိနေပါတယ်။

Zawgyi Version

ယူနိုက္တက္အသင္းရဲ႕ ေလ့က်င့္ေရးအစီအစဥ္မွာ အလန္းစားဖရီကစ္သြင္းဂိုးတစ္ဂိုး သြင္းယူနိုင္ခဲ့ေၾကာင္းကို ဆိုရွယ္မီဒီယာေပၚမွာတင္ၿပီး ယူနိုက္တက္လူငယ္ၾကယ္ပြင့္

Zidane Iqbal က သူဟာ ရာသီႀကိဳေလ့က်င့္ေရးအစီအစဥ္ေတြမွာ ပူးေပါင္းေနၿပီ​ျဖစ္တယ္လို႔ ပရိသတ္ေတြကို အသိေပးခဲ့ပါတယ္။

၂၀၀၃ ခုႏွစ္ဖြား Iqbal ဟာ အိုးလ္ထရက္ဖို႔ဒ္ ယူ-၁၈ အသင္းအတြက္ ေျခစြမ္းေကာင္းေတြ မၾကာခန ျပသနိုင္ခဲ့တာ​ေၾကာင့္ မၾကာေသးခင္က အသင္းနဲ႕

ပရိုဖက္ရွင္နယ္လ္စာခ်ဳပ္ ခ်ဳပ္ဆိုထားပါတယ္။ ယူနိုက္တက္ပရိသတ္ေတြကေတာ့ သူ႕ကို ေဒးဗစ္ဘက္ခမ္း လက္သစ္ေလးလို႔ တင္စားေခၚေဝၚေနၾက ပါတယ္။

Iqbal ဟာ ယူ-၂၃ အသင္းအတြက္ေတာ့ ခုႏွစ္ဂိုးအထိ သြင္းယူေပးထား နိုင္တဲ့သူ ျဖစ္ၿပီး သူဟာ အင္တာေဘာလုံးအကယ္ဒမီမွာ နည္းျပ Rick Bell နဲ႕ ေလ့က်င့္ေရးအစီအစဥ္ေတြ ျပဳလုပ္ခဲ့ဖူးတဲ့ ကစားသမားျဖစ္ပါတယ္။

ဖရီးကစ္ ကန္သြင္းမႈေကာင္းတဲ့ ကြင္းလယ္ကစားသမားျဖစ္တဲ့ Iqbal ဟာ ဖန္တီးမႈအားေကာင္းတဲ့ ကစားသမားျဖစ္ၿပီး အသင္းအတြက္ လိုအပ္ပါက No.10 ေနရာမွာလည္း ကစားေပးနိုင္သူျဖစ္တယ္လို႔ သိရပါတယ္။

လာမယ့္ေဘာလုံးရာသီမွာေတာ့ သူဟာ ယူနိုက္တက္အသင္းႀကီးမွာ ရွိုလာရွိုရီတိုင္းယား၊ အာမက္ဒ္ဒီယာလို၊ ဟယ္နီဘယ္လ္မက္ဂ်္ဘရီ၊ အန္သိုနီအီလန္ဂါတို႔နဲ႕အတူ ပြဲကစားခြင့္ေတြ ရရွိသြားဖြယ္ ရွိေနပါတယ္။