Spots news

ဘောလုံးနတ်ဘုရားနှစ်ပါးရဲ့ တိုက်ဆိုင်လွန်းတဲ့ နိုင်ငံတကာ အောင်မြင်မှု မှတ်တမ်း

Unicode Version

နှစ်ပေါင်းများစွာ ဘောလုံးစင်မြင့်ထက်မှာ အောင်မြင်မှုတွေ ရထားတဲ့ ရော်နယ်ဒို နဲ့ မက်ဆီ တို့ ဟာ လက်ရွေးစင် အသင်းနဲ့ အတူ အောင်မြင်မှုရခဲ့တဲ့ အချိန်ဟာလည်း တူညီနေခဲ့တာဖြစ်ပါတယ်။

မက်ဆီ ဟာ ဒီမနက်ပိုင်းက အာဂျင်တီးနား အသင်းနဲ့ အတူ ကိုပါအမေရိကဖလားကို ရယူနိုင်ခဲ့ပါတယ်။အာဂျင်တီးနား အသင်းဟာ

ဘရာဇီးလ် အသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အနိုင်ဂိုးကို ဒီမာရီယာ က သွင်းယူခဲ့တာဖြစ်ပါတယ်။

မက်ဆီ အတွက်တော့ လက်ရွေးစင်ကစားသမားဘဝ ပထမဆုံးဆုတံဆိပ်အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။မက်ဆီ ဟာ အာဂျင်တီးနား အသင်းနဲ့ အတူ ဆုတံဆိပ်မရဘူးသေးတဲ့ မှတ်တမ်းဆိုးကို

ချေဖျက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။မက်ဆီ ဟာ ဒီပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု၊ ဂိုးသွင်းအများဆုံးဆုနဲ့ ဂိုးဖန်တီးမှု အများဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့တာပါ။

မက်ဆီ ဟာ အာဂျင်တီးနား နဲ့ အတူ ကိုပါအမေရိကဖလား ချန်ပီယံဆုကို ဇူလိုင်(၁၀)ရက်မှာ ရရှိခဲ့တာဖြစ်ပြီး သူ့ရဲ့ပြိုင်ဘက်ဖြစ်တဲ့

ရော်နယ်ဒို ကလည်း လွန်ခဲ့တဲ့ (၅)နှစ်က ဇူလိုင်(၁၀)ရက်မှာပဲ သူ့ရဲ့ပေါ်တူဂီလက်ရွေးစင် ကစားသမားဘဝ ပထမဆုံးဆုဖလားကို ရယူနိုင်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်‌ဒို ဟာ ယူရို(၂၀၁၆) ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပေါ်တူဂီ အသင်းက ပြင်သစ် အသင်းကို အနိုင်ရပြီး ချန်ပီယံဆုဖလား ကိုင်မြှောက်နိုင်ခဲ့တာဖြစ်ပါတယ်။

နေရာတိုင်းမှာ ပြိုင်ဆိုင်မှုတွေပြင်းထန်ခဲ့တဲ့ သူတို့ (၂)ဦးအတွက်တော့ နိုင်ငံတကာ အောင်မြင်မှုကို (၁)ရက်ထဲမှာပဲ အရယူနိုင်ခဲ့တာဟာ တိုက်ဆိုင်လွန်းတယ်လို့ပဲ ပြောလို့ရမှာဖြစ်ပါတယ်။

သူတို့  ၂ ဦးလုံးရဲ့လက်ရွေးစင် အသင်းတွေဟာ ဗိုလ်လုပွဲမှာ အိမ်ရှင်အသင်းတွေကို အနိုင်ရခဲ့တာဖြစ်ပါတယ်။မက်ဆီ ရဲ့ဂျာစီနံပတ် ၁၀ ၊ ရော်နယ်ဒို ရဲ့ဂျာစီနံပတ် ၇ ၊ ၁၀ ရက် ၇ လဆိုပြီးတော့လည်း

ဆိုရှယ်မီဒီယာတွေမှာ ဖော်ပြထားပါတယ်။မက်ဆီ ဟာ လက်ရှိအချိန်မှာ ဘောလွန်းဒီအောဆုကို  ၆ ကြိမ်ရထားပြီး ရော်နယ်ဒို က ၅ ကြိမ်ရထားတာဖြစ်ပါတယ်။

သူတို့ ၂ ဦးဟာ ကလပ်အသင်းတွေနဲ့လည်း ဆုဖလားအများအပြားရယူထားတာပါ။လက်ရှိအချိန်မှာ ရော်နယ်ဒို က ၃၆ နှစ်၊ မက်ဆီ က ၃၄ နှစ်ရှိပြီဖြစ်တာကြောင့် သူတို့ ၂ ဦးရဲ့ကစားသမားဘဝ

ကုန်ဆုံးဖို့ နီးကပ်လာပြီလည်းဖြစ်ပါတယ်။၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲကတော့ သူတို့ ၂ ဦးလုံးအတွက် နောက်ဆုံး နိုင်ငံတကာပြိုင်ပွဲဖြစ်လာနိုင်ဖွယ်လည်း ရှိနေပါတယ်။