Spots news

ဘယ်လိုပဲ သွင်းသွင်း ဂိုးဖို့ပဲ လိုတာပါဆိုတဲ့ ဘရူနို ဖာနန်ဒက်စ်

Unicode Version

2020 ရဲ့ အကောင်းဆုံး ကွင်းလယ် ကစားသမား များ ထဲမှာ တစ်ဦး အပါ အဝင် ဖြစ်တဲ့ ဘရူနိုဖာနန်ဒက်စ် ဟာ လက်ရှိ အချိန်မှာ မန်ချက်စတာ ယူနိုက်တက် အသင်း အတွက် ပရီးမီးယား လိဂ် သွင်းဂိုး 19 ဂိုး ဖန်တီးမှု 14 ကြိမ်နဲ့ စုစုပေါင်း ဂိုး ပါဝင် ပတ်သက်မှု 33 ကြိမ်အထိ စွမ်းဆောင် ပေးထား သူပါ ။

အဆိုပါ မှတ်တမ်းကို ပရီးမီးယားလိဂ် ပွဲပေါင်း 30 ထဲနဲ့ လုပ်ပြ ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ သွင်းဂိုး 19 ဂိုး ထဲမှ 9 ဂိုးဟာ ပင်နယ်တီ သွင်းဂိုးများ ဖြစ်ပြီး ပြိုင်ဘက် အသင်း ပရိသတ် တချို့ ကလည်း ဖာနန်ဒက်စ်ကို ပင်နယ်တီသာ သွင်းတတ်တဲ့ ကစားသမား တစ်ယောက် ဆိုပြီး လှောင်ပြောင် မှုတွေ လုပ်ဆောင် လာခဲ့ကြ ပါတယ်။

ဘရူနို ဖာနန်ဒက်စ် ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်း အရွှေ့ တုန်းက မန်ချက်စတာ ယူနိုက်တက် အသင်းဆီ ရောက်လာ ခဲ့သူ ဖြစ်ပြီး သူ့ရဲ့ သွင်းဂိုး ၊ ဖန်တီးမှု ၊ အသင်း အပေါ် အကျိုး သက်ရောက်မှု တွေက အခြားသူ တွေထက် သိသိ သာသာ ထူးကဲ ကောင်းမွန် နေခဲ့ရ ပါတယ် ။ ဘရူနိုဖာနန်ဒက်စ်က ဂိုးတွေကို ဘယ်လိုပုံစံနဲ့ သွင်းယူ နေသလဲ ဆိုတာထက် ကိုယ့်အသင်းအတွက် အနိုင် ရလဒ် ရရှိဖို့က အရေး ကြီးတယ်လို့ ရှင်းလင်း ပြောဆို လိုက်ပါတယ်။

ဖာနန်ဒက်စ်က “ကျွန်တော့် အနေနဲ့ သွင်းဂိုးတွေ ရယူ နိုင်ခဲ့လို့ ကျေနပ် မိပါတယ် ။ ဘောလုံးပွဲ တစ်ပွဲမှာ ဂိုး ရရှိဖို့ နဲ့ ဂိုး မပေးရ ဖို့ပဲ အရေးကြီး တာပါ။ ဒီဂိုးတွေကို ဘယ်လို ပုံစံနဲ့ သွင်းယူသလဲ ဆိုတာက တကယ်တော့ ဒီလောက် အရေးမကြီး ပါဘူး။ သင့် အနေနဲ့ ဘယ်လိုပဲ သွင်းသွင်း အနိုင် ရဖို့တော့ လိုအပ် ပါတယ်။ ကျွန်တော် ကတော့ ပင်နယ်တီတွေ ကန်သွင်းခွင့် ရတိုင်းမှာ ရော ဂိုးပေါက် ကန်သွင်းခွင့် ရတိုင်း မှာပါ ယုံကြည်မှု အပြည့် ရှိပါတယ်” လို့ BBC Sports ရဲ့ အင်တာဗျူး မှာ ပြောကြား သွားခဲ့ ပါတယ်။

ဖာနန်ဒက်စ်ဟာ မနေ့ညက ယူနိုက်တက်နဲ့ အက်စတွန် ဗီလာအသင်း တို့ ယှဉ်ပြိုင် ကစားသွား ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ် မှာလည်း ယူနိုက်တက် အတွက် အနိုင်ဂိုး ကို ပင်နယ်တီ ကနေ သွင်းယူ ပေးခဲ့တာ ဖြစ်ပြီး သူရဲ့ ဒီရာသီ ပရီးမီးယားလိဂ် သွင်းဂိုး ဟာလည်း (၁၁)ဂိုး အထိ ရှိလာခဲ့ ရသလို အသင်း အတွင်း မှာလည်း ဂိုးသွင်း အများဆုံး သူအဖြစ် ဆက်လက် ရပ်တည် လို့ နေပါတယ်။

Zawgyi Version

2020 ရဲ႕ အေကာင္းဆုံး ကြင္းလယ္ ကစားသမား မ်ား ထဲမွာ တစ္ဦး အပါ အဝင္ ျဖစ္တဲ့ ဘ႐ူနိုဖာနန္ဒက္စ္ ဟာ လက္ရွိ အခ်ိန္မွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္း အတြက္ ပရီးမီးယား လိဂ္ သြင္းဂိုး 19 ဂိုး ဖန္တီးမႈ 14 ႀကိမ္နဲ႕ စုစုေပါင္း ဂိုး ပါဝင္ ပတ္သက္မႈ 33 ႀကိမ္အထိ စြမ္းေဆာင္ ေပးထား သူပါ ။

အဆိုပါ မွတ္တမ္းကို ပရီးမီးယားလိဂ္ ပြဲေပါင္း 30 ထဲနဲ႕ လုပ္ျပ ခဲ့တာ ျဖစ္ပါတယ္။ အဆိုပါ သြင္းဂိုး 19 ဂိုး ထဲမွ 9 ဂိုးဟာ ပင္နယ္တီ သြင္းဂိုးမ်ား ျဖစ္ၿပီး ၿပိဳင္ဘက္ အသင္း ပရိသတ္ တခ်ိဳ႕ ကလည္း ဖာနန္ဒက္စ္ကို ပင္နယ္တီသာ သြင္းတတ္တဲ့ ကစားသမား တစ္ေယာက္ ဆိုၿပီး ေလွာင္ေျပာင္ မႈေတြ လုပ္ေဆာင္ လာခဲ့ၾက ပါတယ္။

ဘ႐ူနို ဖာနန္ဒက္စ္ ဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီ အေျပာင္း အေ႐ႊ႕ တုန္းက မန္ခ်က္စတာ ယူနိုက္တက္ အသင္းဆီ ေရာက္လာ ခဲ့သူ ျဖစ္ၿပီး သူ႕ရဲ႕ သြင္းဂိုး ၊ ဖန္တီးမႈ ၊ အသင္း အေပၚ အက်ိဳး သက္ေရာက္မႈ ေတြက အျခားသူ ေတြထက္ သိသိ သာသာ ထူးကဲ ေကာင္းမြန္ ေနခဲ့ရ ပါတယ္ ။ ဘ႐ူနိုဖာနန္ဒက္စ္က ဂိုးေတြကို ဘယ္လိုပုံစံနဲ႕ သြင္းယူ ေနသလဲ ဆိုတာထက္ ကိုယ့္အသင္းအတြက္ အနိုင္ ရလဒ္ ရရွိဖို႔က အေရး ႀကီးတယ္လို႔ ရွင္းလင္း ေျပာဆို လိုက္ပါတယ္။

ဖာနန္ဒက္စ္က “ကြၽန္ေတာ့္ အေနနဲ႕ သြင္းဂိုးေတြ ရယူ နိုင္ခဲ့လို႔ ေက်နပ္ မိပါတယ္ ။ ေဘာလုံးပြဲ တစ္ပြဲမွာ ဂိုး ရရွိဖို႔ နဲ႕ ဂိုး မေပးရ ဖို႔ပဲ အေရးႀကီး တာပါ။ ဒီဂိုးေတြကို ဘယ္လို ပုံစံနဲ႕ သြင္းယူသလဲ ဆိုတာက တကယ္ေတာ့ ဒီေလာက္ အေရးမႀကီး ပါဘူး။ သင့္ အေနနဲ႕ ဘယ္လိုပဲ သြင္းသြင္း အနိုင္ ရဖို႔ေတာ့ လိုအပ္ ပါတယ္။ ကြၽန္ေတာ္ ကေတာ့ ပင္နယ္တီေတြ ကန္သြင္းခြင့္ ရတိုင္းမွာ ေရာ ဂိုးေပါက္ ကန္သြင္းခြင့္ ရတိုင္း မွာပါ ယုံၾကည္မႈ အျပည့္ ရွိပါတယ္” လို႔ BBC Sports ရဲ႕ အင္တာဗ်ဴး မွာ ေျပာၾကား သြားခဲ့ ပါတယ္။

ဖာနန္ဒက္စ္ဟာ မေန႕ညက ယူနိုက္တက္နဲ႕ အက္စတြန္ ဗီလာအသင္း တို႔ ယွဥ္ၿပိဳင္ ကစားသြား ခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္ မွာလည္း ယူနိုက္တက္ အတြက္ အနိုင္ဂိုး ကို ပင္နယ္တီ ကေန သြင္းယူ ေပးခဲ့တာ ျဖစ္ၿပီး သူရဲ႕ ဒီရာသီ ပရီးမီးယားလိဂ္ သြင္းဂိုး ဟာလည္း (၁၁)ဂိုး အထိ ရွိလာခဲ့ ရသလို အသင္း အတြင္း မွာလည္း ဂိုးသြင္း အမ်ားဆုံး သူအျဖစ္ ဆက္လက္ ရပ္တည္ လို႔ ေနပါတယ္။