Spots news

ဂျော်ဂျင်ဟိုကို ဂျုဗီအပါအဝင် ကလပ်အသင်းများစွာကနေ စိတ်ဝင်စားလျက်ရှိနေ

Unicode Version

ယူရို-၂၀၂ဝပြိုင်ပွဲမှာ အီတလီအသင်းနဲ့အတူ ယူရိုချန်ပီယံဆုကို အရယူဆောင်နိုင်ခဲ့ပြီး ကလပ်အသင်း ချယ်လ်ဆီးနဲ့လည်း ချန်ပီယံလိဂ် ဆုဖလားကြီးကိုပါ ရယူနိုင်ခဲ့တဲ့

ကွင်းလယ်လူ ဂျော်ဂျင်ဟိုကို လက်ရှိမှာ ဂျုဗင်တပ်စ်အသင်း အပါအဝင် ထိပ်တန်း ကလပ်အသင်းများစွာကနေ စိတ်ဝင်စားမှု ရှိနေတယ်လို့ အေးဂျင့်ဖြစ်သူက ပြောဆိုလာပါတယ်။

ဂျော်ဂျင်ဟိုဟာ ဒီနှစ်အတွင်းမှာပဲ ကလပ်အသင်းမှာရော နိုင်ငံအသင်းမှာပါ အောင်မြင်မှုတွေ များစွာရယူနိုင်ခဲ့သလို အဓိက ကစားသမားအဖြစ် ခြေစွမ်းပြသထားနိုင်ခဲ့ပါတယ်။

ထို့ကြောင့် ဂျော်ဂျင်ဟိုကို ဂျုဗင်တပ်စ်အသင်းကနေ အလိုရှိနေသလို ဥရောပထိပ်သီး ကလပ်အသင်းတွေကနေလည်း ခေါ်ယူချင်နေတယ်လို့ အေးဂျင့် ဂျာအိုဆန်းတို့စ်က ပြောဆိုလာခဲ့ပါတယ်။

ဆန်းတို့စ်က “သူ့အ‌ပေါ် စိတ်ဝင်စားမှုတွေ များစွာရှိနေကြတယ်ဆိုတာ မှန်ကန်ပါတယ်။ အသက်(၂၉)နှစ်အရွှယ်နဲ့ သူဟာ ဥရောပမှာ အကောင်းဆုံးတွေကို လုပ်ဆောင်နိုင်တဲ့

စွမ်းဆောင်ရည်ကို ပိုင်ဆိုင်ထားတာဖြစ်လို့ သူက ကလပ်အသင်းများစွာကနေ ခေါ်ယူဖို့ စိတ်ဝင်စားနေကြတာပါ” လို့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

ဂျော်ဂျင်ဟိုအပေါ် စိတ်ဝင်စားမှုတွေ များစွာရှိပေမယ့် ချယ်လ်ဆီးအသင်းနဲ့ (၂)နှစ်သက်တမ်း ကျန်ရှိနေသေးသလို အသင်းဘက်ကလည်း ဂျော်ဂျင်ဟိုနဲ့ လက်တွဲဖြုတ်သွားဖို့ အစီအစဉ် မရှိတဲ့အတွက် ကစားသမားက ချယ်လ်ဆီးမှာပဲ ဆက်လက်ရှိနေဖို့ များတယ်လို့

အေးဂျင့်ဆန်းတို့စ်က ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုဟာ ၂၀၁၈ခုနှစ်ကမှ နာပိုလီကနေ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဆုဖလားတွေ ရယူနိုင်ခဲ့ပါတယ်။

Zawgyi Version

ယူရို-၂၀၂ဝၿပိဳင္ပြဲမွာ အီတလီအသင္းနဲ႕အတူ ယူရိုခ်န္ပီယံဆုကို အရယူေဆာင္နိုင္ခဲ့ၿပီး ကလပ္အသင္း ခ်ယ္လ္ဆီးနဲ႕လည္း ခ်န္ပီယံလိဂ္ ဆုဖလားႀကီးကိုပါ ရယူနိုင္ခဲ့တဲ့

ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုကို လက္ရွိမွာ ဂ်ဳဗင္တပ္စ္အသင္း အပါအဝင္ ထိပ္တန္း ကလပ္အသင္းမ်ားစြာကေန စိတ္ဝင္စားမႈ ရွိေနတယ္လို႔ ေအးဂ်င့္ျဖစ္သူက ေျပာဆိုလာပါတယ္။

ေဂ်ာ္ဂ်င္ဟိုဟာ ဒီႏွစ္အတြင္းမွာပဲ ကလပ္အသင္းမွာေရာ နိုင္ငံအသင္းမွာပါ ေအာင္ျမင္မႈေတြ မ်ားစြာရယူနိုင္ခဲ့သလို အဓိက ကစားသမားအျဖစ္ ေျခစြမ္းျပသထားနိုင္ခဲ့ပါတယ္။

ထို႔ေၾကာင့္ ေဂ်ာ္ဂ်င္ဟိုကို ဂ်ဳဗင္တပ္စ္အသင္းကေန အလိုရွိေနသလို ဥေရာပထိပ္သီး ကလပ္အသင္းေတြကေနလည္း ေခၚယူခ်င္ေနတယ္လို႔ ေအးဂ်င့္ ဂ်ာအိုဆန္းတို႔စ္က ေျပာဆိုလာခဲ့ပါတယ္။

ဆန္းတို႔စ္က “သူ႕အ‌ေပၚ စိတ္ဝင္စားမႈေတြ မ်ားစြာရွိေနၾကတယ္ဆိုတာ မွန္ကန္ပါတယ္။ အသက္(၂၉)ႏွစ္အ႐ႊယ္နဲ႕ သူဟာ ဥေရာပမွာ အေကာင္းဆုံးေတြကို လုပ္ေဆာင္နိုင္တဲ့

စြမ္းေဆာင္ရည္ကို ပိုင္ဆိုင္ထားတာျဖစ္လို႔ သူက ကလပ္အသင္းမ်ားစြာကေန ေခၚယူဖို႔ စိတ္ဝင္စားေနၾကတာပါ” လို႔ အင္တာဗ်ဴးမွာ ေျဖဆိုသြားခဲ့ပါတယ္။

ေဂ်ာ္ဂ်င္ဟိုအေပၚ စိတ္ဝင္စားမႈေတြ မ်ားစြာရွိေပမယ့္ ခ်ယ္လ္ဆီးအသင္းနဲ႕ (၂)ႏွစ္သက္တမ္း က်န္ရွိေနေသးသလို အသင္းဘက္ကလည္း ေဂ်ာ္ဂ်င္ဟိုနဲ႕ လက္တြဲျဖဳတ္သြားဖို႔ အစီအစဥ္ မရွိတဲ့အတြက္ ကစားသမားက ခ်ယ္လ္ဆီးမွာပဲ ဆက္လက္ရွိေနဖို႔ မ်ားတယ္လို႔

ေအးဂ်င့္ဆန္းတို႔စ္က ရွင္းလင္းေျပာဆိုသြားခဲ့ပါတယ္။ ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟိုဟာ ၂၀၁၈ခုႏွစ္ကမွ နာပိုလီကေန ခ်ယ္လ္ဆီးအသင္းကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး အသင္းနဲ႕အတူ ခ်န္ပီယံလိဂ္နဲ႕ ယူရိုပါလိဂ္ဆုဖလားေတြ ရယူနိုင္ခဲ့ပါတယ္။