Spots news

အသင်းဖော် ရပ်ရှ်ဖို့ နဲ့ အသင်းဖော်ဖြစ်လာမယ့် ဆန်ချိုတို့ကို အားပေးလိုက်တဲ့ ဒီဂီယာ

Unicode Version

အင်္ဂလန် လက်ရွေးစင် အသင်းဟာ မနေ့က ဝင်ဘလေကွင်းထဲ အီတလီ အသင်းနဲ့ ယူရို ဖိုင်နယ် ကစားခဲ့ရပြီး 1 – 1 ဆိုတဲ့ သရေ ရလဒ် ထွက်ပေါ် ခဲ့တဲ့ အတွက် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရပြီး အဆုံးမှာ 3 – 2 ဆိုတဲ့ ရလဒ် နဲ့ ရှုံးနိမ့် သွားခဲ့ရ ပါတယ် ။

ပင်နယ်တီ အဆုံးအဖြတ် မှာတော့ လူစားဝင်ခဲ့ကြတဲ့ ရပ်ရှ်ဖို့ ၊ ဆန်ချို နဲ့ ဆာကာ တို့ဟာ ဂိုးဝင်အောင် မကန်နိုင်ခဲ့ ကြတဲ့ အတွက် ပရိသတ်တွေရဲ့ လူမျိုးရေး ခွဲခြားမှုကို ခံခဲ့ရပါသေးတယ် ။ ဒါ့အပြင် သူတို့ကို ဝေဖန် ထိုးနှက်သူတွေလည်း များပြားခဲ့ပါသေးတယ် ။

အခုတော့ ယူနိုက်တက် အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ စပိန် လက်ရွေးစင် ဒေးဗစ် ဒီဂီယာက ပင်နယ်တီ လွဲချော်ခဲ့တဲ့ အသင်းဖော် ရပ်ရှ်ဖို့ နဲ့ အသင်းဖော်ဖြစ်လာတော့မယ့် ဆန်ချို တို့ကို မကြာခင် ယူနိုက်တက်မှာ ဆုံတွေ့ကြမယ်လို့ ပြောဆို နှစ်သိမ့် ပေးခဲ့လိုက် ပါတယ် ။

” အနိမ့်အမြင် အတက်အကျ ဖြစ်ခြင်း ၊ ဒါဟာ ဘောလုံး အားကစားပါ ။ ဒီမှာ ဒါတွေ ဖြစ်လေ့ ရှိတတ်တယ် ဆိုတာကို မင်းတို့လည်း သိပါတယ် ။ မကြာခင် အိမ်မှာ အကောင်းဆုံး ပုံစံနဲ့ ဆုံတွေ့ ကြစို့ ” လို့ ဒီဂီယာ က နှစ်သိမ့် အားပေး သွားခဲ့လိုက် ပါတယ် ။

ဂျေဒန် ဆန်ချို ဆိုတာ ဒီနွေ ယူနိုက်တက်ဆီ ရောက်လာဖို့ ကြိုတင် သဘောတူညီမှု ရရှိထားတဲ့ ကစားသမား ဖြစ်ပြီး မကြာမီမှာ ဆေးစစ်မှုတွေ လုပ်ဆောင်တော့မဲ့သူ ဖြစ်တဲ့ အတွက် ယူနိုက်တက် အသင်းရဲ့ ကစားသမား တစ်ဦး အဖြစ် သတ်မှတ်လို့ ရနေပါပြီ ။

Zawgyi Version

အဂၤလန္ လက္ေ႐ြးစင္ အသင္းဟာ မေန႕က ဝင္ဘေလကြင္းထဲ အီတလီ အသင္းနဲ႕ ယူရို ဖိုင္နယ္ ကစားခဲ့ရၿပီး 1 – 1 ဆိုတဲ့ သေရ ရလဒ္ ထြက္ေပၚ ခဲ့တဲ့ အတြက္ ပင္နယ္တီ အဆုံးအျဖတ္ ခံယူခဲ့ရၿပီး အဆုံးမွာ 3 – 2 ဆိုတဲ့ ရလဒ္ နဲ႕ ရႈံးနိမ့္ သြားခဲ့ရ ပါတယ္ ။

ပင္နယ္တီ အဆုံးအျဖတ္ မွာေတာ့ လူစားဝင္ခဲ့ၾကတဲ့ ရပ္ရွ္ဖို႔ ၊ ဆန္ခ်ိဳ နဲ႕ ဆာကာ တို႔ဟာ ဂိုးဝင္ေအာင္ မကန္နိုင္ခဲ့ ၾကတဲ့ အတြက္ ပရိသတ္ေတြရဲ႕ လူမ်ိဳးေရး ခြဲျခားမႈကို ခံခဲ့ရပါေသးတယ္ ။ ဒါ့အျပင္ သူတို႔ကို ေဝဖန္ ထိုးႏွက္သူေတြလည္း မ်ားျပားခဲ့ပါေသးတယ္ ။

အခုေတာ့ ယူနိုက္တက္ အသင္းရဲ႕ နံပါတ္တစ္ ဂိုးသမား ျဖစ္သူ စပိန္ လက္ေ႐ြးစင္ ေဒးဗစ္ ဒီဂီယာက ပင္နယ္တီ လြဲေခ်ာ္ခဲ့တဲ့ အသင္းေဖာ္ ရပ္ရွ္ဖို႔ နဲ႕ အသင္းေဖာ္ျဖစ္လာေတာ့မယ့္ ဆန္ခ်ိဳ တို႔ကို မၾကာခင္ ယူနိုက္တက္မွာ ဆုံေတြ႕ၾကမယ္လို႔ ေျပာဆို ႏွစ္သိမ့္ ေပးခဲ့လိုက္ ပါတယ္ ။

” အနိမ့္အျမင္ အတက္အက် ျဖစ္ျခင္း ၊ ဒါဟာ ေဘာလုံး အားကစားပါ ။ ဒီမွာ ဒါေတြ ျဖစ္ေလ့ ရွိတတ္တယ္ ဆိုတာကို မင္းတို႔လည္း သိပါတယ္ ။ မၾကာခင္ အိမ္မွာ အေကာင္းဆုံး ပုံစံနဲ႕ ဆုံေတြ႕ ၾကစို႔ ” လို႔ ဒီဂီယာ က ႏွစ္သိမ့္ အားေပး သြားခဲ့လိုက္ ပါတယ္ ။

ေဂ်ဒန္ ဆန္ခ်ိဳ ဆိုတာ ဒီေႏြ ယူနိုက္တက္ဆီ ေရာက္လာဖို႔ ႀကိဳတင္ သေဘာတူညီမႈ ရရွိထားတဲ့ ကစားသမား ျဖစ္ၿပီး မၾကာမီမွာ ေဆးစစ္မႈေတြ လုပ္ေဆာင္ေတာ့မဲ့သူ ျဖစ္တဲ့ အတြက္ ယူနိုက္တက္ အသင္းရဲ႕ ကစားသမား တစ္ဦး အျဖစ္ သတ္မွတ္လို႔ ရေနပါၿပီ ။