Spots news

ယူနိုက်တက်နောက်ခံလူ တဲလက်စ်ကို ရိုးမားသို့ ခေါ်ယူဖို့ ပြင်ဆင်နေတဲ့ နည်းပြ မော်ရင်ဟို

Unicode Version

ရိုးမားအသင်းရဲ့ နည်းပြသစ် မော်ရင်ဟိုဟာ ယူရိုချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ နောက်ခံကစားသမား လီယိုနာဒိုစပင်နာဇိုလာက ပြိုင်ပွဲအတွင်းမှာ ဆိုးရွှားလှတဲ့ ဒဏ်ရာပြသာနာနဲ့

ရင်ဆိုင်ခဲ့ရတာဖြစ်လို့ အနားယူရဖွယ် ရှိနေတဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ကို အစားထိုး ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။

စပင်နာဇိုလာဟာ အီတလီအသင်းအတွက်ရော ရိုးမားအတွက်ပါ အဓိကကျတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အခုလို (၆)လဝန်းကျင်နီးပါးလောက် အနားယူရတော့မယ့် အရေးကိစ္စနဲ့ ရင်ဆိုင် နေရချိန်မှာ

သူရဲ့နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် အသင်းမှာ ပုံမှန်နေရာ မရရှိနေတဲ့ ယူနိုက်တက်အသင်းရဲ့ ဘရာဇီး ဘယ်နောက်ခံကစားသမား တဲလက်စ်ကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

အဲလက်စ်တဲလက်စ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ ပေါ်တိုကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး တကယ့်ကို အရည်အသွေးကောင်းလာတဲ့ နောက်ခံ အစွန်လူတစ်ယောက် ဖြစ်ပေမယ့်လည်း

ယူနိုက်တက်အသင်းမှာ လုခ်ရှောရဲ့ ခြေစွမ်းပြသနေ မှုကြောင့် ပုံမှန်နေရာရဖို့ ရုန်းကန်နေရသလို ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ပွဲပေါင်း(၉)ပွဲလောက်သာ ပါဝင်ကစားခဲ့ရပါတယ်။

တဲလက်စ်ဟာ ယူနိုက်တက်အသင်းမှာ နေရာတစ်နေရာရဖို့ ခက်ခဲနေခဲ့ရပြီး သူရောက်လာချိန်မှာပဲ အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောကယခင်ထက်ကို ပိုမိုခြေစွမ်းပြလာခဲ့တဲ့အတွက် တဲလက်စ်ရဲ့အခန်းကဏ္ဍာက ပိုမိုမှေးမှိန်သွားခဲ့ရပါတယ်။

ထို့ကြောင့် တဲလက်စ်က အခုနွေစျေးကွက်အသင်းမှာ အသင်းနဲ့ လက်တွဲဖြုတ်ချင်နေပြီး ယူနိုက်တက်ဘက်ကလည်း တဲလက်စ်ကို ပြန်လည်ရောင်းထုတ်သွားဖို့ ဆန္ဒရှိလို့နေပါတယ်။

ဒါကြောင့် ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းက တဲလက်စ်ကို တစ်ရာသီအငှား+အငှားစာချုပ်ပြည့်ချိန်

အပြီးသတ်ခေါ်ယူခွင့်ပါတဲ့ ကမ်းလှမ်းချက်မျိုးနဲ့ ကမ်းလှမ်းလာဖွယ် ရှိနေပြီး ယူနိုက်တက်ဘက်ကလည်း ဒီကမ်းလှမ်းမှုကို စဉ်းစားလာနိုင်ပါတယ်။

Zawgyi Version

ရိုးမားအသင္းရဲ႕ နည္းျပသစ္ ေမာ္ရင္ဟိုဟာ ယူရိုခ်န္ပီယံျဖစ္ခဲ့တဲ့ အီတလီအတြက္ ေျခစြမ္းျပသနိုင္ခဲ့တဲ့ ေနာက္ခံကစားသမား လီယိုနာဒိုစပင္နာဇိုလာက ၿပိဳင္ပြဲအတြင္းမွာ ဆိုး႐ႊားလွတဲ့ ဒဏ္ရာျပသာနာနဲ႕

ရင္ဆိုင္ခဲ့ရတာျဖစ္လို႔ အနားယူရဖြယ္ ရွိေနတဲ့အတြက္ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ ဘယ္ေနာက္ခံလူ အဲလက္စ္တဲလက္စ္ကို အစားထိုး ေခၚယူသြားခ်င္ေနတယ္လို႔ သိရွိရပါတယ္။

စပင္နာဇိုလာဟာ အီတလီအသင္းအတြက္ေရာ ရိုးမားအတြက္ပါ အဓိကက်တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး အခုလို (၆)လဝန္းက်င္နီးပါးေလာက္ အနားယူရေတာ့မယ့္ အေရးကိစၥနဲ႕ ရင္ဆိုင္ ေနရခ်ိန္မွာ

သူရဲ႕ေနရာမွာ ျပန္လည္ အစားထိုးဖို႔အတြက္ အသင္းမွာ ပုံမွန္ေနရာ မရရွိေနတဲ့ ယူနိုက္တက္အသင္းရဲ႕ ဘရာဇီး ဘယ္ေနာက္ခံကစားသမား တဲလက္စ္ကို စိတ္ဝင္စားလာခဲ့တာျဖစ္ပါတယ္။

အဲလက္စ္တဲလက္စ္ဟာ ၿပီးခဲ့တဲ့ ေႏြေစ်းကြက္အတြင္းကမွ ေပၚတိုကေန ယူနိုက္တက္အသင္းဆီကို ေရာက္ရွိလာခဲ့တာျဖစ္ၿပီး တကယ့္ကို အရည္အေသြးေကာင္းလာတဲ့ ေနာက္ခံ အစြန္လူတစ္ေယာက္ ျဖစ္ေပမယ့္လည္း

ယူနိုက္တက္အသင္းမွာ လုခ္ေရွာရဲ႕ ေျခစြမ္းျပသေန မႈေၾကာင့္ ပုံမွန္ေနရာရဖို႔ ႐ုန္းကန္ေနရသလို ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာလည္း ပြဲေပါင္း(၉)ပြဲေလာက္သာ ပါဝင္ကစားခဲ့ရပါတယ္။

တဲလက္စ္ဟာ ယူနိုက္တက္အသင္းမွာ ေနရာတစ္ေနရာရဖို႔ ခက္ခဲေနခဲ့ရၿပီး သူေရာက္လာခ်ိန္မွာပဲ အသင္းရဲ႕ ဘယ္ေနာက္ခံလူ လုခ္ေရွာက ယခင္ထက္ကို ပိုမိုေျခစြမ္းျပလာခဲ့တဲ့အတြက္ တဲလက္စ္ရဲ႕အခန္းက႑ာက ပိုမိုေမွးမွိန္သြားခဲ့ရပါတယ္။

ထို႔ေၾကာင့္ တဲလက္စ္က အခုေႏြေစ်းကြက္အသင္းမွာ အသင္းနဲ႕ လက္တြဲျဖဳတ္ခ်င္ေနၿပီး ယူနိုက္တက္ဘက္ကလည္း တဲလက္စ္ကို ျပန္လည္ေရာင္းထုတ္သြားဖို႔ ဆႏၵရွိလို႔ေနပါတယ္။

ဒါေၾကာင့္ ယူနိုက္တက္နည္းျပေဟာင္း ေမာ္ရင္ဟို ကိုင္တြယ္ေနတဲ့ ရိုးမားအသင္းက တဲလက္စ္ကို တစ္ရာသီအငွား+အငွားစာခ်ဳပ္ျပည့္ခ်ိန္

အၿပီးသတ္ေခၚယူခြင့္ပါတဲ့ ကမ္းလွမ္းခ်က္မ်ိဳးနဲ႕ ကမ္းလွမ္းလာဖြယ္ ရွိေနၿပီး ယူနိုက္တက္ဘက္ကလည္း ဒီကမ္းလွမ္းမႈကို စဥ္းစားလာနိုင္ပါတယ္။