Spots news

PSG ဟာ ချန်ပီယံလိဂ် ကို ရဖို့ နီးစပ်နေပါပြီလို့ ဆိုလာခဲ့တဲ့ ဆာဂျီယို ရာမိုစ့်

Unicode Version

PSG ထံ ပြောင်းရွှေ့ လာခဲ့တဲ့ စပိန် ဝါရင့် နောက်ခံလူ ဆာဂျီယို ရာမိုစ့် က သူ့ရဲ့ အသင်းသစ် ဟာ ဥရောပ ကလပ် အသင်းတိုင်း လိုချင် တောင့်တ နေတဲ့ အမြင့်ဆုံး အောင်ပွဲကို ရရှိဖို့ အလှမ်း

မဝေးတော့ ပါဘူးလို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ် ။ ရာမိုစ့် ဟာ ရီးရဲ မက်ဒရစ် ကနေ စာချုပ်ပြည့်ချိန်မှာ အလွတ်နဲ့ ထွက်ခွာ လာခဲ့ပြီး PSG နဲ့ ၂ နှစ် စာချုပ် ချုပ်ဆို ခဲ့တာ ဖြစ်ပါတယ် ။

PSG ဟာ အာရပ် စီးပွားရေး လုပ်ငန်းရှင်တွေ ဝယ်ယူ အပြီးမှာ ငွေကြေး အင်အား အလုံးအရင်း အသုံးပြု လာခဲ့ပြီး ဇလာတန် ၊ ကာဗာနီ ၊ သီယာဂို ဆေးဗား တို့လို ထိပ်တန်း ကစားသမားတွေကို

ခေါ်ယူ ခဲ့ဖူးသလို လက်ရှိ မှာလည်း နေမာ ၊ ဘာပေ ၊ ဒီမာရီယာ ၊ အီကာဒီ ၊ ဗာရက်တီ ၊ မာကွင်ဟို တို့လို ဘောလုံး အကျော်အမော်တွေ ကစားနေဆဲ ဖြစ်ပါတယ် ။

ဒီလို ငွေကြေး အသုံးပြုပြီး နောက်ပိုင်းမှာ PSG တို့ ပြင်သစ် လိဂ် မှာ နှစ်တိုင်း လိုလို အောင်ပွဲ ခံလာ နိုင်ခဲ့ ပေမယ့် သူတို့ရဲ့ အဓိက ရည်မှန်းချက် ဖြစ်တဲ့

ချန်ပီယံ လိဂ် ဖလား ကိုတော့ မရယူနိုင် သေးပါဘူး ။ ၂၀၂၀ ခုနှစ် မှာ ဗိုလ်လုပွဲ အဆင့်ကို ရောက်ရှိ ခဲ့ပေမယ့် ဘိုင်ယန်မြုးနစ် ကို အရေးနိမ့်ပြီး ဒုတိယ ဆုနဲ့သာ ကျေနပ် ခဲ့ရ ပါတယ် ။

ဒါပေမယ့် ရာမိုစ့် ကတော့ PSG ဟာ ချန်ပီယံလိဂ် မှာ တဖြည်းဖြည်း တိုးတက် လာခဲ့ပြီး ဆုဖလားကြီး ကို ကိုင်မြှောက် နိုင်ဖို့ အလွန်နီးစပ် နေပါပြီလို့ ထုတ်ဖော်

ပြောဆို သွားခဲ့ ပါတယ် ။ ရာမိုစ့် ဟာ ရီးရဲ မှာ ကစား ခဲ့တဲ့ ၁၆ နှစ်တာ ကာလ အတွင်း ချန်ပီယံလိဂ် ဖလားကို ၄ ကြိမ် ရယူ နိုင်ခဲ့ဖူး ပါတယ် ။

“ဒီကလပ် အသင်း အကြောင်း နဲ့ သူတို့ရဲ့ အင်အား တောင့်တင်းပုံကို ကျွန်တော် သတိပြုမိ ခဲ့ပါတယ် ။ သူတို့ဆီမှာ အောင်ပွဲကို ဆာလောင်တဲ့ ကစားသမားတွေ အများကြီး ရှိနေပါတယ် ၊ ဒါကြောင့် ဒီကလပ် ကို ကျွန်တော် လာချင် ခဲ့တာပါ”

“သူတို့ ချန်ပီယံလိဂ် ဖိုင်နယ် ကို ရောက်ခဲ့ ပြီးပါပြီ ၊ နောက်တစ်ခါ ပြန်သွားဖို့ လည်း အဆင်သင့် ပါပဲ ၊ အောင်မြင်မှု ကို ရယူဖို့ အရမ်း နီးစပ် နေပြီလို့ ကျွန်တော် ထင်ပါတယ် ။

ဒါတွေကပဲ ကျွန်တော့ကို PSG အသင်းဆီကို လာဖို့ ဆွဲဆောင် ခဲ့တာပါ ။ ဒါဟာ တကယ်ကောင်းမွန်တဲ့ ချိန်သားကိုက် ပြောင်းရွှေ့မှု ဖြစ်လာမယ် လို့ ထင်ပါတယ်”

“ကျွန်တော့ အတွက် ကတော့ ချန်ပီယံလိဂ် ဖလားဟာ ခမ်းနားတဲ့ မဟာ အောင်ပွဲ တစ်ခုပါပဲ ။ ကျွန်တော့ဘ၀ မှာ ဒါကို ၄ ကြိမ် ကြုံခဲ့ရပြီး ပါပြီ ။ ၅ ကြိမ်မြောက် အတွက်လည်း အဆင်သင့် ပါပဲ ။

ကျွန်တော့ရဲ့ အတွေ့ အကြုံ နဲ့ အရည်အသွေးတွေဟာ PSG ကို အကူအညီပေး နိုင်မယ်လို့ မျှော်လင့် မိပါတယ်” လို့ ရာမိုစ့် က PSG TV နဲ့ အင်တာဗျုးမှာ ပြောဆို သွားခဲ့ ပါတယ် ။

Zawgyi Version

PSG ထံ ေျပာင္းေ႐ႊ႕ လာခဲ့တဲ့ စပိန္ ဝါရင့္ ေနာက္ခံလူ ဆာဂ်ီယို ရာမိုစ့္ က သူ႕ရဲ႕ အသင္းသစ္ ဟာ ဥေရာပ ကလပ္ အသင္းတိုင္း လိုခ်င္ ေတာင့္တ ေနတဲ့ အျမင့္ဆုံး ေအာင္ပြဲကို ရရွိဖို႔ အလွမ္း

မေဝးေတာ့ ပါဘူးလို႔ ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္ ။ ရာမိုစ့္ ဟာ ရီးရဲ မက္ဒရစ္ ကေန စာခ်ဳပ္ျပည့္ခ်ိန္မွာ အလြတ္နဲ႕ ထြက္ခြာ လာခဲ့ၿပီး PSG နဲ႕ ၂ ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆို ခဲ့တာ ျဖစ္ပါတယ္ ။

PSG ဟာ အာရပ္ စီးပြားေရး လုပ္ငန္းရွင္ေတြ ဝယ္ယူ အၿပီးမွာ ေငြေၾကး အင္အား အလုံးအရင္း အသုံးျပဳ လာခဲ့ၿပီး ဇလာတန္ ၊ ကာဗာနီ ၊ သီယာဂို ေဆးဗား တို႔လို ထိပ္တန္း ကစားသမားေတြကို

ေခၚယူ ခဲ့ဖူးသလို လက္ရွိ မွာလည္း ေနမာ ၊ ဘာေပ ၊ ဒီမာရီယာ ၊ အီကာဒီ ၊ ဗာရက္တီ ၊ မာကြင္ဟို တို႔လို ေဘာလုံး အေက်ာ္အေမာ္ေတြ ကစားေနဆဲ ျဖစ္ပါတယ္ ။

ဒီလို ေငြေၾကး အသုံးျပဳၿပီး ေနာက္ပိုင္းမွာ PSG တို႔ ျပင္သစ္ လိဂ္ မွာ ႏွစ္တိုင္း လိုလို ေအာင္ပြဲ ခံလာ နိုင္ခဲ့ ေပမယ့္ သူတို႔ရဲ႕ အဓိက ရည္မွန္းခ်က္ ျဖစ္တဲ့

ခ်န္ပီယံ လိဂ္ ဖလား ကိုေတာ့ မရယူနိုင္ ေသးပါဘူး ။ ၂၀၂၀ ခုႏွစ္ မွာ ဗိုလ္လုပြဲ အဆင့္ကို ေရာက္ရွိ ခဲ့ေပမယ့္ ဘိုင္ယန္ျမဳးနစ္ ကို အေရးနိမ့္ၿပီး ဒုတိယ ဆုနဲ႕သာ ေက်နပ္ ခဲ့ရ ပါတယ္ ။

ဒါေပမယ့္ ရာမိုစ့္ ကေတာ့ PSG ဟာ ခ်န္ပီယံလိဂ္ မွာ တျဖည္းျဖည္း တိုးတက္ လာခဲ့ၿပီး ဆုဖလားႀကီး ကို ကိုင္ျမႇောက္ နိုင္ဖို႔ အလြန္နီးစပ္ ေနပါၿပီလို႔ ထုတ္ေဖာ္

ေျပာဆို သြားခဲ့ ပါတယ္ ။ ရာမိုစ့္ ဟာ ရီးရဲ မွာ ကစား ခဲ့တဲ့ ၁၆ ႏွစ္တာ ကာလ အတြင္း ခ်န္ပီယံလိဂ္ ဖလားကို ၄ ႀကိမ္ ရယူ နိုင္ခဲ့ဖူး ပါတယ္ ။

“ဒီကလပ္ အသင္း အေၾကာင္း နဲ႕ သူတို႔ရဲ႕ အင္အား ေတာင့္တင္းပုံကို ကြၽန္ေတာ္ သတိျပဳမိ ခဲ့ပါတယ္ ။ သူတို႔ဆီမွာ ေအာင္ပြဲကို ဆာေလာင္တဲ့ ကစားသမားေတြ အမ်ားႀကီး ရွိေနပါတယ္ ၊ ဒါေၾကာင့္ ဒီကလပ္ ကို ကြၽန္ေတာ္ လာခ်င္ ခဲ့တာပါ”

“သူတို႔ ခ်န္ပီယံလိဂ္ ဖိုင္နယ္ ကို ေရာက္ခဲ့ ၿပီးပါၿပီ ၊ ေနာက္တစ္ခါ ျပန္သြားဖို႔ လည္း အဆင္သင့္ ပါပဲ ၊ ေအာင္ျမင္မႈ ကို ရယူဖို႔ အရမ္း နီးစပ္ ေနၿပီလို႔ ကြၽန္ေတာ္ ထင္ပါတယ္ ။

ဒါေတြကပဲ ကြၽန္ေတာ့ကို PSG အသင္းဆီကို လာဖို႔ ဆြဲေဆာင္ ခဲ့တာပါ ။ ဒါဟာ တကယ္ေကာင္းမြန္တဲ့ ခ်ိန္သားကိုက္ ေျပာင္းေ႐ႊ႕မႈ ျဖစ္လာမယ္ လို႔ ထင္ပါတယ္”

“ကြၽန္ေတာ့ အတြက္ ကေတာ့ ခ်န္ပီယံလိဂ္ ဖလားဟာ ခမ္းနားတဲ့ မဟာ ေအာင္ပြဲ တစ္ခုပါပဲ ။ ကြၽန္ေတာ့ဘ၀ မွာ ဒါကို ၄ ႀကိမ္ ႀကဳံခဲ့ရၿပီး ပါၿပီ ။ ၅ ႀကိမ္ေျမာက္ အတြက္လည္း အဆင္သင့္ ပါပဲ ။

ကြၽန္ေတာ့ရဲ႕ အေတြ႕ အႀကဳံ နဲ႕ အရည္အေသြးေတြဟာ PSG ကို အကူအညီေပး နိုင္မယ္လို႔ ေမွ်ာ္လင့္ မိပါတယ္” လို႔ ရာမိုစ့္ က PSG TV နဲ႕ အင္တာဗ်ဳးမွာ ေျပာဆို သြားခဲ့ ပါတယ္ ။