Spots news
အားနည်းနေတဲ့ set-pieces တွေအတွက် ချယ်လ်ဆီး နည်းပြဟောင်းကို ခန့်အပ်လိုက်တဲ့ ယူနိုက်တက်
Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြချုပ် အိုလေဂန်းနားဆိုးလ်ရှားဟာ ပြိုင်ဘက် ချယ်လ်ဆီး ယူ ၂၃ နည်းပြဟောင်း အဲရစ်ရမ်ဆေးကို ယူနိုက်တက်ရဲ့ နည်းပြအဖွဲ့ဝင်အဖြစ် တရားဝင် ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။
အသက် ၂၉ နှစ်အရွယ်သာ ရှိသေးတဲ့ နည်းပြ ရမ်ဆေးဟာ ကစားသမား တစ်ယောက်ချင်းစီနဲ့ အလုပ်တွဲလုပ်ကာ ဆွေးနွေးရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီက ယူနိုက်တက် အားနည်းခဲ့တဲ့ set-pieces တွေကို အဓိကထား သင်ပြပေးသွားမှာဖြစ်ပါတယ်။
၂၀၁၉ ခုနှစ်က UEFA ပရိုလိုင်စင်ရထားပြီး ဖြစ်တဲ့ ရမ်ဆေးဟာ ချယ်လ်ဆီး ယူ-၂၃ အသင်းမှာ လက်ထောက် နည်းပြအဖြစ် ၂ နှစ် လုပ်ကိုင်ခဲ့ပြီး ထူးချွန်တဲ့ အရည်အချင်းကြောင်ပ ယူနိုက်တက်မှာ အသင်းကြီး နည်းပြအဖွဲ့ဝင်အဖြစ် ဆိုးလ်ရှားနဲ့ အလုပ်တွဲလုပ်သွားမှာဖြစ်ပါတယ်။
ယူနိုက်တက် နည်းပြ ဆိုးလ်ရှားကတော့ လုပ်ဖော်ကိုင်ဖက် အသစ်ဖြစ်တဲ့ ရမ်ဆေးနဲ့ အလုပ်တွဲလုပ်ရဖို့အတွက်ကို စိတ်လှုပ်ရှားနေပြီး အရည်အချင်းပြည့်ဝတဲ့ လူငယ် နည်းပြ‌တစ်ယောက် ရရှိခဲ့တဲ့ အတွက် ယူနိုက်တက် အတွက် အကျိုးရှိနေမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
“ကျွန်တော်တို့က ကံကောင်းစွာနဲ့ပဲ အဲရစ်ရမ်ဆေးကို ခေါ်ယူနိုင်ခဲ့ပါတယ်။ သူဟာ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းဖြစ်သလို ဒီနိုင်ငံက အကောင်းဆုံးအသင်းနဲ့ ပူးပေါင်းတော့မှာပါ။” လို့ ဆိုးလ်ရှားက United Website သို့ ပြောကြားခဲ့ပါတယ်။
“ကစားသမားတွေနဲ့ အလုပ်တွဲလုပ်တဲ့နေရာမှာ သူက တကယ်ကောင်းတဲ့ နည်းပြတစ်ယောက်ပါ။ set-pieces တွေအတွက် သင်ပြပေးတဲ့နေရာမှာလည်း ကောင်းပါတယ်။ကျွန်တော်တို့က စိတ်လှုပ်ရှားနေပါပြီ။ သူက ငယ်ရွယ်သေးတယ်။ ”
“ တက်ကြွပြီး အိုင်ဒီယာအသစ်တွေရှိတယ်။ နည်းစနစ်အသစ်တွေကို ဖန်တီးတတ်တဲ့နည်းပြဆိုတာ ကျွန်တော်တို့ အရင်ကတည်းက သိထားပါတယ်။ ကီယာရန် (မက်ကန်နာ) ကလည်း သူ့အကြောင်းကို သိပါတယ်။ ဒီတော့ ကျွန်တော်တို့ ဒီအတွက် အရမ်းကျေနပ်ပါတယ်။”
Zawgyi Version