Spots news

အသင်းအတွက် မလိုအပ်ပဲ ခြေစွမ်းကြည့်ပီး 89 သန်းပေးခေါ်တဲ့ လမ်းပတ်ကို ကာရေဂါဝေဖန်

Unicode Version

လီဗာပူး ကစားသမား ဟောင်း ကာရေဂါ  က‌တော့ လက်ရှိ ချဲဆီး ကွင်းလယ် ကစားသမား  ဟာဗက် ကို ပေါင် 89 သန်း ပေးပြီး ခေါ်ယူ ရတဲ့ အကြောင်းရင်း ကို မေးခွန်း ထုတ် လိုက်ပါတယ်။ လက်ရှိ အချိန်မှာ ဟားဗတ် ဟာ ပရီးမီးယားလိဂ် ကစားဟန် နဲ့ အံဝင် ခွင်ကျ ဖြစ်ဖို့ ရုန်းကန်‌ နေရပြီး လူငယ် ကစားသမား တစ်ဦး အပေါ် လမ်းပတ် တို့ အုပ်စု မျှော်လင့်ချက် ကြီးစွာ ထားနေ ကြောင်း ကာရေဂါက ဝေဖန် ခဲ့တာပါ။

အသက် 21 နှစ် အရွယ် ကွင်းလယ် ကစားသမား ဟာ လေဗာကူဆင် အသင်းမှာ 2 ရာသီ ဆက်တိုက် ခြေစွမ်း ပြ ခဲ့ပြီး ချဲဆီး အသင်းဆီ ပြောင်းရွှေ့ကြေး ပေါင် 89 သန်း နဲ့ ရောက်ရှိ လာခဲ့သူ ဖြစ် ပါတယ်။ ကာရေဂါ ကတော့ ဟားဗတ် ရဲ့ ရုန်းကန်မှု တွေ မြင်တွေ့  လာရပြီး ချဲဆီး အသင်း အနေနဲ့ ခြေစွမ်းကောင်း လို့ ဝယ်ခဲ့ တာလား ၊ လိုအပ်လို့ ဝယ်ယူ ခဲ့ တာလား ဆိုပြီးလဲ မေးခွန်း ထုတ်ခဲ့ ပါတယ်။

“ လက်ရှိ အသင်းရဲ့ ရလာဒ် ပိုင်းတွေ ကို ကြည့်ပြီး နည်းပြ ဖရန့် လမ်းပတ် အနေနဲ့ ချဲဆီး ရဲ့ ပရီးမီးယားလိဂ် ဖလား စိန်ခေါ် နိုင်စွမ်း ကို ပြန်လည် သုံးသပ် သင့်ပါပြီ ။ သူ့ရဲ့ နည်းပြ ဘဝက အသင်းကြီး တစ်သင်းကို ကိုင်တွယ်ဖို့ အရမ်း စောနေ သေးတယ် လို့ မြင်မိ ပါတယ်။ သူက အဲ့ဒီ အသင်းရဲ့ ဂန္ဓဝင် တစ်ယောက် ဖြစ်နေရင် တောင်မှ ပေါ့ဗျာ။ သူဟာ တောင့်တင်း တဲ့ ကစားသမား အင်အားစု တစ်ခု ကို ပိုင်ဆိုင် ထား ပေမယ့် ပွဲထွက် 11 ယောက် အတွက် ခေါင်းခဲ နေ ရတယ် ထင်ပါတယ် ”

“ဥပမာ ကိုင် ဟားဗတ် ကို ကြည့်ပါ။ သူဟာ လီဗာကူဆင်မှာ ကောင်းမွန်တဲ့ ခြေစွမ်း ကို ပိုင်ဆိုင် ခဲ့သူပါ။ ချဲဆီး ဟာ သူ့ကို ခြေစွမ်းကြောင့် ခေါ်ခဲ့ တာလား ၊ တကယ် လိုအပ် လို့ ခေါ်ယူ ခဲ့တာလား ဆိုတာ မသေချာ ပါဘူး။ သူ့လို အလား အလာ ကောင်းတွေ ပိုင်ဆိုင် ထားတဲ့ လူငယ်လေး တစ်ယောက်ကို ခေါ်ယူ တော့မယ် ဆိုရင် ၊ သူ့အတွက် ဘယ်နေရာမှာ ကစား ခိုင်းမယ် ဆိုတဲ့ ကြိုတင် စိတ်ကူး မျိုး မရှိရင် ခေါ်လိုက်လဲ အသင်းမှာ အပို ဖြစ်သလို လူငယ် ကစားသမား အနေနဲ့လဲ နစ်နာ ပါတယ်။ အသင်းရဲ့ မျှော်လင့်ချက်ကို လူငယ် ကစားသမား ရဲ့ တန်ကြေးပေါ် မူတည်ပြီး ပုံအပ်လို့ မရပါဘူး ” လို့ သုံးသပ် ပြောဆို သွားခဲ့ ပါတယ်။

ချဲဆီး အသင်းဟာ ပြီးခဲ့တဲ့ အပြောင်း အရွေ့ ကာလမှာ ပေါင်သန်း 220 ခန့် အသုံးပြု ပြီး အသင်းကို ပြန်လည် မွန်းမံကာ ပရီးမီးယားလိဂ် ဖလား စိန်ခေါ်ဖို့ ပြန်လည် ပြင်ဆင် လာခဲ့ ပေမယ့် လက်ရှိမှာ မှန်းချက် နှမ်းထွက် လွဲလျက် ရှိပါတယ်။

Zawgyi Version

လီဗာပူး ကစားသမား ေဟာင္း ကာေရဂါ က‌ေတာ့ လက္ရွိ ခ်ဲဆီး ကြင္းလယ္ ကစားသမား ဟာဗက္ကို ေပါင္ 89 သန္း ေပးၿပီး ေခၚယူ ရတဲ့ အေၾကာင္းရင္း ကို ေမးခြန္း ထုတ္ လိုက္ပါတယ္။ လက္ရွိ အခ်ိန္မွာ ဟားဗတ္ ဟာ ပရီးမီးယားလိဂ္ ကစားဟန္ နဲ႕ အံဝင္ ခြင္က် ျဖစ္ဖို႔ ႐ုန္းကန္‌ ေနရၿပီး လူငယ္ ကစားသမား တစ္ဦး အေပၚ လမ္းပတ္ တို႔ အုပ္စု ေမွ်ာ္လင့္ခ်က္ ႀကီးစြာ ထားေန ေၾကာင္း ကာေရဂါက ေဝဖန္ ခဲ့တာပါ။

အသက္ 21 ႏွစ္ အ႐ြယ္ ကြင္းလယ္ ကစားသမားဟာ ေလဗာကူဆင္ အသင္းမွာ 2 ရာသီ ဆက္တိုက္ ေျခစြမ္း ျပ ခဲ့ၿပီး ခ်ဲဆီး အသင္းဆီ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ 89 သန္း နဲ႕ ေရာက္ရွိ လာခဲ့သူ ျဖစ္ပါတယ္။ ကာေရဂါ ကေတာ့ ဟားဗတ္ ရဲ႕ ႐ုန္းကန္မႈ ေတြ ျမင္ေတြ႕ လာရၿပီး ခ်ဲဆီး အသင္း အေနနဲ႕ ေျခစြမ္းေကာင္း လို႔ ဝယ္ခဲ့တာလား ၊ လိုအပ္လို႔ ဝယ္ယူ ခဲ့တာလား ဆိုၿပီးလဲ ေမးခြန္း ထုတ္ခဲ့ ပါတယ္။

“ လက္ရွိ အသင္းရဲ႕ ရလာဒ္ ပိုင္းေတြ ကို ၾကည့္ၿပီး နည္းျပ ဖရန႔္ လမ္းပတ္ အေနနဲ႕ ခ်ဲဆီး ရဲ႕ ပရီးမီးယားလိဂ္ ဖလား စိန္ေခၚ နိုင္စြမ္း ကို ျပန္လည္ သုံးသပ္ သင့္ပါၿပီ ။ သူ႕ရဲ႕ နည္းျပ ဘဝက အသင္းႀကီး တစ္သင္းကို ကိုင္တြယ္ဖို႔ အရမ္း ေစာေန ေသးတယ္ လို႔ ျမင္မိ ပါတယ္။ သူက အဲ့ဒီ အသင္းရဲ႕ ဂႏၶဝင္ တစ္ေယာက္ ျဖစ္ေနရင္ ေတာင္မွ ေပါ့ဗ်ာ။ သူဟာ ေတာင့္တင္း တဲ့ ကစားသမား အင္အားစု တစ္ခု ကို ပိုင္ဆိုင္ ထား ေပမယ့္ ပြဲထြက္ 11 ေယာက္ အတြက္ ေခါင္းခဲေနရတယ္ ထင္ပါတယ္ ”

“ဥပမာ ကိုင္ ဟားဗတ္ ကို ၾကည့္ပါ။ သူဟာ လီဗာကူဆင္မွာ ေကာင္းမြန္တဲ့ ေျခစြမ္း ကို ပိုင္ဆိုင္ ခဲ့သူပါ။ ခ်ဲဆီး ဟာ သူ႕ကို ေျခစြမ္းေၾကာင့္ ေခၚခဲ့ တာလား ၊ တကယ္ လိုအပ္ လို႔ ေခၚယူ ခဲ့တာလား ဆိုတာ မေသခ်ာ ပါဘူး။ သူ႕လို အလား အလာ ေကာင္းေတြ ပိုင္ဆိုင္ ထားတဲ့ လူငယ္ေလး တစ္ေယာက္ကို ေခၚယူ ေတာ့မယ္ ဆိုရင္ ၊ သူ႕အတြက္ ဘယ္ေနရာမွာ ကစား ခိုင္းမယ္ ဆိုတဲ့ ႀကိဳတင္ စိတ္ကူးမ်ိဳး မရွိရင္ ေခၚလိုက္လဲ အသင္းမွာ အပို ျဖစ္သလို လူငယ္ ကစားသမား အေနနဲ႕လဲ နစ္နာပါတယ္။ အသင္းရဲ႕ ေမွ်ာ္လင့္ခ်က္ကို လူငယ္ ကစားသမား ရဲ႕ တန္ေၾကးေပၚ မူတည္ၿပီး ပုံအပ္လို႔ မရပါဘူး ” လို႔ သုံးသပ္ ေျပာဆို သြားခဲ့ ပါတယ္။

ခ်ဲဆီး အသင္းဟာ ၿပီးခဲ့တဲ့ အေျပာင္း အေ႐ြ႕ ကာလမွာ ေပါင္သန္း 220 ခန႔္ အသုံးျပဳ ၿပီး အသင္းကို ျပန္လည္ မြန္းမံကာ ပရီးမီးယားလိဂ္ ဖလား စိန္ေခၚဖို႔ ျပန္လည္ ျပင္ဆင္ လာခဲ့ ေပမယ့္ လက္ရွိမွာ မွန္းခ်က္ ႏွမ္းထြက္ လြဲလ်က္ ရွိပါတယ္။