Spots news

ယူနိုက်တက်နဲ့ ဆေးစစ်မှုအောင်မြင်အပြီး အဲဗာတန်နဲ့ ပွဲစဉ်မှာ ပါဝင်လာမယ့် ဆန်ချို

Unicode Version

မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ တောင်ပံ ကစားသမားသစ် ဂျေဒန် ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဆေးစစ်ချက်တွေ ရယူဖို့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ယနေ့ လာရောက် ခဲ့ပြီး ဆေးစစ်မှု အောင်မြင်သွားပြီလို့သိရပါတယ်။

ဆန်ချိုဟာ ယူနိုက်တက်နဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိ သက်တမ်းရှိတဲ့စာချုပ် ချုပ်ဆိုမှာ ဖြစ်ပြီး အသင်းဖက်က အလိုရှိပါက စာချုပ်သက်တမ်း တစ်နှစ်ထပ်တိုးခွင့်ရှိပါတယ်။ ယူနိုက်တက်ဟာ အေးဂျင့်​ကြေးအပါအဝင် ဆန်ချိုကိုခေါ်ယူဖို့ ယူရို ၈၅ သန်း အသုံးပြုခဲ့ရပါတယ်။

တောင်ပံ ကစားသမား ဆန်ချိုဟာ ယူရိုပြိုင်ပွဲအပြီး  လက်ရှိမှာ ( ၃ ) ပတ်ကြာ အားလပ်ရက် အပန်းဖြေ ခရီးထွက်ဖို့ရှိပြီး သြဂုတ်လအစောပိုင်းမှာ ကစားမယ့် မန်ချက်စတာ ယူနိုက်တက်ရဲ့ ရာသီကြို နောက်ဆုံးပွဲစဉ်တွေအမီ အသင်းနဲ့ လာရောက်ပူးပေါင်းမယ့် သိရပါတယ်။

သို့ပေမယ့် ယခုလို အသင်းနဲ့ လာရောက်ပူးပေါင်းဖို့ နောက်ကျမှာ ဖြစ်တဲ့အတွက် ဆန်ချိုအနေနဲ့ ယူနိုက်တက်ရဲ့ လာမယ့်ရာသီ ပထမဦးဆုံး ပွဲစဉ်မှာ ပွဲထွက်ခွင့်ရဖို့ မသေချာပါဘူး ။

ယူနိုက်တက်ဟာ ရာသီကြို နောက်ဆုံး ပွဲစဉ်အဖြစ် သြဂုတ်လ ( ၇ ) ရက်နေ့မှာ အဲဗာတန်အသင်းနဲ့ ယှဉ်ပြိုင် ကစားဖို့ရှိ‌နေပြီး ဆန်ချိုဟာ လိဒ်နဲ့ပွဲစဉ်မှာ ပါဝင်ဖွင့်ရဖို့ မသေချာပေမယ့် အဲဗာတန် အသင်းနဲ့ ပွဲစဉ်မှာတော့ ပထမဆုံး ကစားခွင့် ရလာနိုင်ပါတယ်။

ဆေးစစ်ချက်တွေ ရယူပြီးချိန်မှာ ဓာတ်ပုံရိုက်ကူးခြင်း နှင့် သတင်းစာ ရှင်းလင်းပွဲတွေ ပြုလုပ်ဖို့ရှိပြီး ဂျာစီနံပါတ် ကိုလည်းအပြီးသတ် အတည်ပြုသွားဖို့ရှိနေပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ဆန်ချိုကို ယူနိုက်တက်ဂျာစီနဲ့ ဓာတ်ပုံရိုက်ပြီး သရဲနီကစားသမားအဖြစ် တရားဝင်ကြေညာဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕ ေတာင္ပံ ကစားသမားသစ္ ေဂ်ဒန္ ဆန္ခ်ိဳဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ ေဆးစစ္ခ်က္ေတြ ရယူဖို႔ ကာရင္တန္ေလ့က်င့္ေရးကြင္းကို ယေန႕ လာေရာက္ ခဲ့ၿပီး ေဆးစစ္မႈ ေအာင္ျမင္သြားၿပီလို႔သိရပါတယ္။

ဆန္ခ်ိဳဟာ ယူနိုက္တက္နဲ႕ ၂၀၂၆ ခုႏွစ္၊ ဇြန္လအထိ သက္တမ္းရွိတဲ့စာခ်ဳပ္ ခ်ဳပ္ဆိုမွာ ျဖစ္ၿပီး အသင္းဖက္က အလိုရွိပါက စာခ်ဳပ္သက္တမ္း တစ္ႏွစ္ထပ္တိုးခြင့္ရွိပါတယ္။ ယူနိုက္တက္ဟာ ေအးဂ်င့္​ေၾကးအပါအဝင္ ဆန္ခ်ိဳကိုေခၚယူဖို႔ ယူရို ၈၅ သန္း အသုံးျပဳခဲ့ရပါတယ္။

ေတာင္ပံ ကစားသမား ဆန္ခ်ိဳဟာ ယူရိုၿပိဳင္ပြဲအၿပီး  လက္ရွိမွာ ( ၃ ) ပတ္ၾကာ အားလပ္ရက္ အပန္းေျဖ ခရီးထြက္ဖို႔ရွိၿပီး ၾသဂုတ္လအေစာပိုင္းမွာ ကစားမယ့္ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ ရာသီႀကိဳ ေနာက္ဆုံးပြဲစဥ္ေတြအမီ အသင္းနဲ႕ လာေရာက္ပူးေပါင္းမယ့္ သိရပါတယ္။

သို႔ေပမယ့္ ယခုလို အသင္းနဲ႕ လာေရာက္ပူးေပါင္းဖို႔ ေနာက္က်မွာ ျဖစ္တဲ့အတြက္ ဆန္ခ်ိဳအေနနဲ႕ ယူနိုက္တက္ရဲ႕ လာမယ့္ရာသီ ပထမဦးဆုံး ပြဲစဥ္မွာ ပြဲထြက္ခြင့္ရဖို႔ မေသခ်ာပါဘူး ။

ယူနိုက္တက္ဟာ ရာသီႀကိဳ ေနာက္ဆုံး ပြဲစဥ္အျဖစ္ ၾသဂုတ္လ ( ၇ ) ရက္ေန႕မွာ အဲဗာတန္အသင္းနဲ႕ ယွဥ္ၿပိဳင္ ကစားဖို႔ရွိ‌ေနၿပီး ဆန္ခ်ိဳဟာ လိဒ္နဲ႕ပြဲစဥ္မွာ ပါဝင္ဖြင့္ရဖို႔ မေသခ်ာေပမယ့္ အဲဗာတန္ အသင္းနဲ႕ ပြဲစဥ္မွာေတာ့ ပထမဆုံး ကစားခြင့္ ရလာနိုင္ပါတယ္။

ေဆးစစ္ခ်က္ေတြ ရယူၿပီးခ်ိန္မွာ ဓာတ္ပုံရိုက္ကူးျခင္း ႏွင့္ သတင္းစာ ရွင္းလင္းပြဲေတြ ျပဳလုပ္ဖို႔ရွိၿပီး ဂ်ာစီနံပါတ္ ကိုလည္းအၿပီးသတ္ အတည္ျပဳသြားဖို႔ရွိေနပါတယ္။

လက္ရွိအခ်ိန္မွာ ယူနိုက္တက္ဟာ ဆန္ခ်ိဳကို ယူနိုက္တက္ဂ်ာစီနဲ႕ ဓာတ္ပုံရိုက္ၿပီး သရဲနီကစားသမားအျဖစ္ တရားဝင္ေၾကညာဖို႔ လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။