Spots news

ကလပ် နဲ့ နိုင်ငံအတွက် ဆေးထိုးပြီးကစားပေးနေခဲ့ပေမယ့် ယခုတော့ အနားယူဦးမယ့် ရက်ဖိုဒ့်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ တိုက်စစ်မှူး မားကပ် ရက်ဖို့ဒ်ကတော့ ယခုလအကုန်မှာ သူ့ရဲ့ ဘယ်ဘက်ပခုံးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူတော့မယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ ၁နှစ်ကျော်ထဲက ရရှိခဲ့တဲ့ ဒဏ်ရာ ဖြစ်ပေမယ့် ရက်ဖို့ဒ်ဟာ ကလပ်အသင်း အတွက် ဘောလုံးရာသီ တခုလုံး ကစားပေးခဲ့ပြီး

ရာသီကုန်ချိန်မှာလည်း ယူရို၂၀၂၀ပြိုင်ပွဲဝင် အင်္ဂလန်အသင်း အတွက် ရွေးချယ်ခံခဲ့ရတာကြောင့် သူ့ရဲ့ ဒဏ်ရာကို ဆေးကုသမှု မခံယူခဲ့ရပါဘူး။

လက်ရှိမှာတော့ မားကပ် ရက်ဖို့ဒ်ဟာ သူ့ရဲ့ ဒဏ်ရာကို ဆေးစစ်မှုတွေ ပြုလုပ်ခဲ့ပြီး ပခုံးဒဏ်ရာဟာ အနည်းငယ် ပြင်းထန်နေတာကြောင့်

ခွဲစိတ်ကုသမှုကို မဖြစ်မနေ လုပ်ဆောင်ရတော့မှာ ဖြစ်ကာ ယခုလ အကုန်မှာပဲ ခွဲစိတ်မှု ပြုလုပ်တော့မယ်လို့ သိရပါတယ်။

ရက်ဖို့ဒ်ဟာ ပခုံးဒဏ်ရာ ရရှိပြီးနောက်ပိုင်း မန်ချက်စတာ ယူနိုက်တက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၅၇ပွဲ အထိ ပါဝင် ကစားပေးခဲ့ရပြီး သွင်းဂိုး ၂၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၅ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီ တခုလုံးနီးပါးကို အကိုက်အခဲပျောက်ဆေးတွေ ထိုးကာ ဖြတ်သန်းခဲ့ရပြီ ပခုံးဒဏ်ရာဟာ ပိုမို ဆိုးရွားလာတာကြောင့် ခွဲစိတ်ကုသမှုကို မဖြစ်မနေ ခံယူရမှာ ဖြစ်ကြောင်း မန်ချက်စတာ ညနေခင်း သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ ရက်ဖို့ဒ်ဟာ နွေရာသီ အားလပ်ရက်က ပြန်လာပြီးနောက် သူ့ရဲ့ ခွဲစိတ်ကုသမှုကို ပြုလုပ်ဖို့ ဆုံးဖြတ်ထားပြီး ခွဲစိတ်ကုသမှု ပြီးပါက အနည်းဆုံး ၁၂ပတ် ကြာအောင် အနားယူရဖွယ် ရှိကြောင်း သိရပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ အဂၤလန္ လက္ေ႐ြးစင္အသင္းတို႔ရဲ႕ တိုက္စစ္မႉး မားကပ္ ရက္ဖို႔ဒ္ကေတာ့ ယခုလအကုန္မွာ သူ႕ရဲ႕ ဘယ္ဘက္ပခုံးဒဏ္ရာကို ခြဲစိတ္ကုသမႈ ခံယူေတာ့မယ္လို႔ သိရပါတယ္။

လြန္ခဲ့တဲ့ ၁ႏွစ္ေက်ာ္ထဲက ရရွိခဲ့တဲ့ ဒဏ္ရာ ျဖစ္ေပမယ့္ ရက္ဖို႔ဒ္ဟာ ကလပ္အသင္း အတြက္ ေဘာလုံးရာသီ တခုလုံး ကစားေပးခဲ့ၿပီး ရာသီကုန္ခ်ိန္မွာလည္း ယူရို၂၀၂၀ၿပိဳင္ပြဲဝင္ အဂၤလန္အသင္း အတြက္ ေ႐ြးခ်ယ္ခံခဲ့ရတာေၾကာင့္ သူ႕ရဲ႕ ဒဏ္ရာကို ေဆးကုသမႈ မခံယူခဲ့ရပါဘူး။

လက္ရွိမွာေတာ့ မားကပ္ ရက္ဖို႔ဒ္ဟာ သူ႕ရဲ႕ ဒဏ္ရာကို ေဆးစစ္မႈေတြ ျပဳလုပ္ခဲ့ၿပီး ပခုံးဒဏ္ရာဟာ အနည္းငယ္ ျပင္းထန္ေနတာေၾကာင့္ ခြဲစိတ္ကုသမႈကို မျဖစ္မေန လုပ္ေဆာင္ရေတာ့မွာ ျဖစ္ကာ ယခုလ အကုန္မွာပဲ ခြဲစိတ္မႈ ျပဳလုပ္ေတာ့မယ္လို႔ သိရပါတယ္။

ရက္ဖို႔ဒ္ဟာ ပခုံးဒဏ္ရာ ရရွိၿပီးေနာက္ပိုင္း မန္ခ်က္စတာ ယူနိုက္တက္အသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၅၇ပြဲ အထိ ပါဝင္ ကစားေပးခဲ့ရၿပီး သြင္းဂိုး ၂၁ဂိုး သြင္းယူနိုင္ခဲ့ကာ ဂိုးဖန္တီးမႈ ၁၅ႀကိမ္ ျပဳလုပ္နိုင္ခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီ တခုလုံးနီးပါးကို အကိုက္အခဲေပ်ာက္ေဆးေတြ ထိုးကာ ျဖတ္သန္းခဲ့ရၿပီ ပခုံးဒဏ္ရာဟာ ပိုမို ဆိုး႐ြားလာတာေၾကာင့္ ခြဲစိတ္ကုသမႈကို မျဖစ္မေန ခံယူရမွာ ျဖစ္ေၾကာင္း မန္ခ်က္စတာ ညေနခင္း သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

Telegraph သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ရက္ဖို႔ဒ္ဟာ ေႏြရာသီ အားလပ္ရက္က ျပန္လာၿပီးေနာက္ သူ႕ရဲ႕ ခြဲစိတ္ကုသမႈကို ျပဳလုပ္ဖို႔ ဆုံးျဖတ္ထားၿပီး ခြဲစိတ္ကုသမႈ ၿပီးပါက အနည္းဆုံး ၁၂ပတ္ ၾကာေအာင္ အနားယူရဖြယ္ ရွိေၾကာင္း သိရပါတယ္။