Spots news

ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီမဖမ်းခင် ကိုယ့်ကိုယ်ကို စကားတွေပြောပြီး အားပေးနေခဲ့တဲ့ ပစ်ဖိုဒ့်

Unicode Version

အင်္ဂလန်အသင်းရဲ့ ဂိုးသမား ဂျော်ဒန်ပစ်ဖို့ဒ်တစ်ယောက် ယူရို ၂၀၂၀ ဖိုင်နယ်ရဲ့ ပင်နယ်တီ အဆုံးအဖြတ်မှာ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီကို မဖမ်းမီ သူ့ကိုယ်သူ “ ကိစ္စမရှိဘူး ကိစ္စမရှိဘူး ” ဆိုပြီး အားပေးစကားတွေ တစ်ယောက်တည်း ပြောနေခဲ့ပါတယ်။

ပင်နယ်တီမှာ အင်္ဂလန်အသင်းက အီတလီကို အရေးနိမ့်ခဲ့ပေမယ့် ပစ်ဖို့ဒ်ကတော့ ပင်နယ်တီအဆုံးအဖြတ်အတွင်းမှာ အထူးလက်စွမ်းပြသွားခဲ့ပါတယ်။ အဆိုပါအဆုံးအဖြတ် ပင်နယ်တီမှာ

နိုင်ငံအသင်းအတွက် ရာနှုန်းပြည့် ပင်နယ်တီကန်သွင်းမှုမှာ အောင်မြင်ထားတဲ့ ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီစံချိန်ကို အဆုံးသတ်နိုင်ခဲ့တဲ့ အပြင်တိုရီနိုတိုက်စစ်မှူး ဘယ်လော့တီရဲ့ ကန်ချက်ကိုလည်း ကာကွယ်နိုင်ခဲ့ပါတယ်။

မားကပ်စ်ရက်ရှ်ဖို့ဒ်၊ ဂျာဒန်ဆန်ချိုတို့ လွဲချော်ခဲ့တာကြောင့် ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီက အီတလီအတွက် အဆုံးအဖြတ် ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ပစ်ဖို့ဒ်က ဂျော်ဂျင်ဟိုရဲ့ ပင်နယ်တီကို အမှားအယွင်းမရှိ ကာကွယ်သွားခဲ့ပြီး ကမ္ဘာ့အဆင့် လက်စွမ်းတစ်ခုကို ပြသသွားခဲ့ပါတယ်။

ဒါပေမဲ့ ၅ လုံးမြောက် ပင်နယ်တီကိုတော့ ဘူကာယိုဆာကာက ဝင်အောင်မကန်နိုင်ခဲ့တာကြောင့် အီတလီအသင်းက ၂၀၀၆ ကမ္ဘာ့ဖလားနောက်ပိုင်း ပထမဆုံး ဆုဖလားကြီးတစ်လုံးကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ပြိုင်ပွဲတစ်လျှောက်လုံးမှာ ပစ်ဖို့ဒ်နဲ့ ဒွန်နာရမ်မာတို့ရဲ့ လက်စွမ်းတွေကို ချီးကျူးခံခဲ့ရပြီး အဲဗာတန်ဂိုးသမားက ပြိုင်ပွဲရဲ့ ရွှေလက်အိတ်ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။

ပစ်ဖို့ဒ်က ပြိုင်ပွဲပြီးဆုံးချိန်မှာတော့ ခရိုအေရှား၊ စကော့တလန်၊ ချက်၊ ဂျာမနီနဲ့ ယူကရိန်း ပွဲတွေမှာ clean sheet ရရှိခဲ့တာကြောင့် ဒွန်နာရမ်မာထက် clean sheet နှစ်ပွဲပိုများပြီး ဒီဆုကို ရရှိခဲ့တာ ဖြစ်ပါတယ်။

Zawgyi Version

အဂၤလန္အသင္းရဲ႕ ဂိုးသမား ေဂ်ာ္ဒန္ပစ္ဖို႔ဒ္တစ္ေယာက္ ယူရို ၂၀၂၀ ဖိုင္နယ္ရဲ႕ ပင္နယ္တီ အဆုံးအျဖတ္မွာ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီကို မဖမ္းမီ သူ႕ကိုယ္သူ “ ကိစၥမရွိဘူး ကိစၥမရွိဘူး ” ဆိုၿပီး အားေပးစကားေတြ တစ္ေယာက္တည္း ေျပာေနခဲ့ပါတယ္။

ပင္နယ္တီမွာ အဂၤလန္အသင္းက အီတလီကို အေရးနိမ့္ခဲ့ေပမယ့္ ပစ္ဖို႔ဒ္ကေတာ့ ပင္နယ္တီအဆုံးအျဖတ္အတြင္းမွာ အထူးလက္စြမ္းျပသြားခဲ့ပါတယ္။ အဆိုပါအဆုံးအျဖတ္ ပင္နယ္တီမွာ

နိုင္ငံအသင္းအတြက္ ရာႏႈန္းျပည့္ ပင္နယ္တီကန္သြင္းမႈမွာ ေအာင္ျမင္ထားတဲ့ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီစံခ်ိန္ကို အဆုံးသတ္နိုင္ခဲ့တဲ့ အျပင္တိုရီနိုတိုက္စစ္မႉး ဘယ္ေလာ့တီရဲ႕ ကန္ခ်က္ကိုလည္း ကာကြယ္နိုင္ခဲ့ပါတယ္။

မားကပ္စ္ရက္ရွ္ဖို႔ဒ္၊ ဂ်ာဒန္ဆန္ခ်ိဳတို႔ လြဲေခ်ာ္ခဲ့တာေၾကာင့္ ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီက အီတလီအတြက္ အဆုံးအျဖတ္ ျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္ ပစ္ဖို႔ဒ္က ေဂ်ာ္ဂ်င္ဟိုရဲ႕ ပင္နယ္တီကို အမွားအယြင္းမရွိ ကာကြယ္သြားခဲ့ၿပီး ကမာၻ႔အဆင့္ လက္စြမ္းတစ္ခုကို ျပသသြားခဲ့ပါတယ္။

ဒါေပမဲ့ ၅ လုံးေျမာက္ ပင္နယ္တီကိုေတာ့ ဘူကာယိုဆာကာက ဝင္ေအာင္မကန္နိုင္ခဲ့တာေၾကာင့္ အီတလီအသင္းက ၂၀၀၆ ကမာၻ႔ဖလားေနာက္ပိုင္း ပထမဆုံး ဆုဖလားႀကီးတစ္လုံးကို ပိုင္ဆိုင္သြားခဲ့ပါတယ္။

ၿပိဳင္ပြဲတစ္ေလွ်ာက္လုံးမွာ ပစ္ဖို႔ဒ္နဲ႕ ဒြန္နာရမ္မာတို႔ရဲ႕ လက္စြမ္းေတြကို ခ်ီးက်ဴးခံခဲ့ရၿပီး အဲဗာတန္ဂိုးသမားက ၿပိဳင္ပြဲရဲ႕ ေ႐ႊလက္အိတ္ဆုကို ဆြတ္ခူးရရွိခဲ့ပါတယ္။

ပစ္ဖို႔ဒ္က ၿပိဳင္ပြဲၿပီးဆုံးခ်ိန္မွာေတာ့ ခရိုေအရွား၊ စေကာ့တလန္၊ ခ်က္၊ ဂ်ာမနီနဲ႕ ယူကရိန္း ပြဲေတြမွာ clean sheet ရရွိခဲ့တာေၾကာင့္ ဒြန္နာရမ္မာထက္ clean sheet ႏွစ္ပြဲပိုမ်ားၿပီး ဒီဆုကို ရရွိခဲ့တာ ျဖစ္ပါတယ္။