Spots news

ယူရိုဗိုလ်လုပွဲမှာ ဒိုင်ဘက်လိုက်ဟုဆိုကာအင်္ဂလန်ပရိတ်သတ်များက ပြန်ကန်ပေးဖို့ တောင်းဆို

Unicode Version

အင်္ဂလန်အသင်းပရိသတ်တွေဟာ ယူရိုဗိုလ်လုပွဲမှာ အင်္ဂလန်အသင်း အတွက် မျှတမှုမရှိပဲ နစ်နာမှုတွေရှိခဲ့တယ်လို့ဆိုပြီး ပြန်ကန်ပေးဖို့အတွက် လက်မှတ်ထိုးတောင်းဆိုမှုတွေပြုလုပ်နေကြောင်း သိရပါတယ်။

Sportbible ရဲ့ ဖော်ပြချက်အရ ပရိသတ်တွေဟာ စုပေါင်းလက်မှတ်ရေးထိုးကာ ကွင်းလယ်ဒိုင်လူကြီးဟာ အီတလီ အသင်းကို ဘက်လိုက်ခဲ့တယ်လို့ ရေးသားခဲ့ကာ တောင်းဆိုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ယူရိုင်ဖိုင်နယ်ပွဲရဲ့ နာကျင်အချိန်ပိုမှာ အင်္ဂလန်တောင်ပံ လူငယ် ကစားသမားဆာကာကို အီတလီနောက်ခံလူ ချီလီနီက သိသိသာသာဆွဲလှဲခဲ့တဲ့ ဖြစ်ရပ်ကို အင်္ဂလန်ပရိသတ်တွေက စောဒက တက်နေကြတာဖြစ်ပါတယ်။

ချီလီနီဟာ ဘောလုံးရယူဖို့အတွက် လူကာခဲ့ပေမယ့် ဆာကာက ရအောင် ပြေးထွက်နိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ရှိခဲ့ချိန်မှာ လိုက်မမီတော့တဲ့ ချီလီနီက နောက်ကနေ လှမ်းဆွဲထားခဲ့တာလည်းဖြစ်ပါတယ်။

အဖြစ်အပျက်ဟာ ရှင်းရှင်းလင်းလင်းဖြစ်ခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ အဝါကတ်ပြားသာပြသခဲ့တာဖြစ်ပါတယ်။ ဆာကာအနေနဲ့ ဘောလုံးနဲ့အတူ လွတ်ထွက်သွားခဲ့ရင် ပွဲရလဒ် ပြောင်းလဲသွားနိုင်တဲ့ အနေအထားမှာရှိတာကြောင့်

ချီလီနီကို အနီကတ်ပြသင့်တယ်လို့ အင်္ဂလန်ပရိသတ်တွေက ယုံကြည်နေပါတယ်။ သူသာအနီကတ်ထိခဲ့မယ်ဆိိုရင် အချိန်ပိုမှာလည်း တစ်ယောက်အသာနဲ့ ကစားရမှာဖြစ်လို့ ပွဲရလဒ်ပြောင်းလဲသွားဖွယ်ရှိတယ်လို့လည်း ယူဆနေကြပါတယ်။

” အီတလီကိုပဲ ကွင်းလယ်ဒိုင်က အသာစီးရရှိစေခဲ့ပါတယ်၊ သေချာပေါက်အနီကတ်ပြခံခဲ့ရမှာဖြစ်ပြီး ဒီပွဲကို ဘက်လိုက်မှုမရှိတဲ့ ကွင်းလယ်ဒိုင်နဲ့ ပြန်ကစားပေးသင့်ပါတယ်၊ လုံးဝတရားမျှတမှုမရှိပါဘူး” လို့ တောင်းဆိုချက်ထဲမှာ ပါဝင်ခဲ့ပါတယ်။

အဆိုပါပွဲကတော့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ အီတလီက အင်္ဂလန်ကို အနိုင်ရရှိပြီး ယူရိုဖလားကို ဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ လက်မှတ်ထိုးပါဝင်မှုဟာ လူပေါင်းတစ်သိန်းကျော်အထိရှိနေပြီလို့လည်း သိရပါတယ်။

သို့ပေမယ့် ဒိန်းမတ်နဲ့ အင်္ဂလန်တို့ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ပွဲတုန်းကလည်း စတာလင်ကြောင့် အင်္ဂလန် ပင်နယ်တီမရခင်မှာ ကွင်းအတွင်းဘောလုံးနှစ်လုံးအထိ ရှိနေခဲ့မှုနဲ့ပတ်သက်ပြီး

စောဒကတက်ကာ ပြန်ကစားပေးဖို့ တောင်းဆိုမှုတွေရှိခဲ့ပေမယ့်လည်း အောင်မြင်ခဲ့ခြင်းမရှိသလို အခု အင်္ဂလန်ပရိသတ်တွေရဲ့ တောင်းဆိုမှုကလည်း အောင်မြင်မှာမဟုတ်ဘူးလို့ သုံးသပ်နေကြပါတယ်။

Zawgyi Version

အဂၤလန္အသင္းပရိသတ္ေတြဟာ ယူရိုဗိုလ္လုပြဲမွာ အဂၤလန္အသင္း အတြက္ မွ်တမႈမရွိပဲ နစ္နာမႈေတြရွိခဲ့တယ္လို႔ဆိုၿပီး ျပန္ကန္ေပးဖို႔အတြက္ လက္မွတ္ထိုးေတာင္းဆိုမႈေတြျပဳလုပ္ေနေၾကာင္း သိရပါတယ္။

Sportbible ရဲ႕ ေဖာ္ျပခ်က္အရ ပရိသတ္ေတြဟာ စုေပါင္းလက္မွတ္ေရးထိုးကာ ကြင္းလယ္ဒိုင္လူႀကီးဟာ အီတလီ အသင္းကို ဘက္လိုက္ခဲ့တယ္လို႔ ေရးသားခဲ့ကာ ေတာင္းဆိုခဲ့တာျဖစ္တယ္လို႔ ဆိုပါတယ္။

ယူရိုင္ဖိုင္နယ္ပြဲရဲ႕ နာက်င္အခ်ိန္ပိုမွာ အဂၤလန္ေတာင္ပံ လူငယ္ ကစားသမားဆာကာကို အီတလီေနာက္ခံလူ ခ်ီလီနီက သိသိသာသာဆြဲလွဲခဲ့တဲ့ ျဖစ္ရပ္ကို အဂၤလန္ပရိသတ္ေတြက ေစာဒက တက္ေနၾကတာျဖစ္ပါတယ္။

ခ်ီလီနီဟာ ေဘာလုံးရယူဖို႔အတြက္ လူကာခဲ့ေပမယ့္ ဆာကာက ရေအာင္ ေျပးထြက္နိုင္ခဲ့ၿပီး ေဘာလုံးပိုင္ဆိုင္မႈ ရွိခဲ့ခ်ိန္မွာ လိုက္မမီေတာ့တဲ့ ခ်ီလီနီက ေနာက္ကေန လွမ္းဆြဲထားခဲ့တာလည္းျဖစ္ပါတယ္။

အျဖစ္အပ်က္ဟာ ရွင္းရွင္းလင္းလင္းျဖစ္ခဲ့ေပမယ့္ ကြင္းလယ္ဒိုင္ကေတာ့ အဝါကတ္ျပားသာျပသခဲ့တာျဖစ္ပါတယ္။ ဆာကာအေနနဲ႕ ေဘာလုံးနဲ႕အတူ လြတ္ထြက္သြားခဲ့ရင္ ပြဲရလဒ္ ေျပာင္းလဲသြားနိုင္တဲ့ အေနအထားမွာရွိတာေၾကာင့္

ခ်ီလီနီကို အနီကတ္ျပသင့္တယ္လို႔ အဂၤလန္ပရိသတ္ေတြက ယုံၾကည္ေနပါတယ္။ သူသာအနီကတ္ထိခဲ့မယ္ဆိိုရင္ အခ်ိန္ပိုမွာလည္း တစ္ေယာက္အသာနဲ႕ ကစားရမွာျဖစ္လို႔ ပြဲရလဒ္ေျပာင္းလဲသြားဖြယ္ရွိတယ္လို႔လည္း ယူဆေနၾကပါတယ္။

” အီတလီကိုပဲ ကြင္းလယ္ဒိုင္က အသာစီးရရွိေစခဲ့ပါတယ္၊ ေသခ်ာေပါက္အနီကတ္ျပခံခဲ့ရမွာျဖစ္ၿပီး ဒီပြဲကို ဘက္လိုက္မႈမရွိတဲ့ ကြင္းလယ္ဒိုင္နဲ႕ ျပန္ကစားေပးသင့္ပါတယ္၊ လုံးဝတရားမွ်တမႈမရွိပါဘူး” လို႔ ေတာင္းဆိုခ်က္ထဲမွာ ပါဝင္ခဲ့ပါတယ္။

အဆိုပါပြဲကေတာ့ တစ္ဖက္တစ္ဂိုးစီ သေရက်ခဲ့ၿပီး ပင္နယ္တီအဆုံးအျဖတ္မွာ အီတလီက အဂၤလန္ကို အနိုင္ရရွိၿပီး ယူရိုဖလားကို ဆြတ္ခူးနိုင္ခဲ့တာလည္းျဖစ္ပါတယ္။ လက္မွတ္ထိုးပါဝင္မႈဟာ လူေပါင္းတစ္သိန္းေက်ာ္အထိရွိေနၿပီလို႔လည္း သိရပါတယ္။

သို႔ေပမယ့္ ဒိန္းမတ္နဲ႕ အဂၤလန္တို႔ ကစားခဲ့တဲ့ ဆီမီးဖိုင္နယ္ပြဲတုန္းကလည္း စတာလင္ေၾကာင့္ အဂၤလန္ ပင္နယ္တီမရခင္မွာ ကြင္းအတြင္းေဘာလုံးႏွစ္လုံးအထိ ရွိေနခဲ့မႈနဲ႕ပတ္သက္ၿပီး

ေစာဒကတက္ကာ ျပန္ကစားေပးဖို႔ ေတာင္းဆိုမႈေတြရွိခဲ့ေပမယ့္လည္း ေအာင္ျမင္ခဲ့ျခင္းမရွိသလို အခု အဂၤလန္ပရိသတ္ေတြရဲ႕ ေတာင္းဆိုမႈကလည္း ေအာင္ျမင္မွာမဟုတ္ဘူးလို႔ သုံးသပ္ေနၾကပါတယ္။