Spots news

ညကြီး အိမ်ထိလာအားပေးတဲ့ ပရိသတ်တွေကို တလေးတစားနဲ့ ထွက်ပြီးနှုတ်ဆက်ခဲ့တဲ့ မက်ဆီ

Unicode Version

လတ်တလောမှာ အာဂျင်တီးနားအတွက် ကိုပါအမေရိကဖလား ယူပေးထားနိုင်ခဲ့ သလို အာဂျင်တီးနားနိုင်ငံရဲ့ ဘောလုံးနတ်ဘုရားလို့ တင်စားရလောက်တဲ့ မက်ဆီ ဟာ ညကြီးအချိန်မတော် သူ့ရဲ့နေအိမ်ကို လာရောက်အားပေးကြတဲ့ ပရိသတ်တွေကို တလေးတစားနဲ့ ထွက်တွေ့ကာ နှုတ်ဆက်ခဲ့ပါတယ်။

ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်စွဲပြီး အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့ ပထမဆုံးဆုဖလားအောင်မြင်မှုရရှိခဲ့ပြီးနောက် မက်ဆီ ရဲ့ ပရိသတ်တွေဟာ အခုချိန်ထိ သူတို့ idol ရဲ့ အောင်မြင်မှုကို လမ်းမတွေပေါ်မှာ အောင်ပွဲခံနေကြဆဲဖြစ်ပါတယ်။

မနေ့ညကတော့ ပရိသတ်အချို့ဟာ ရိုဆာရီယိုမြို့က မက်ဆီ နေထိုင်ရာအိမ်ထိ သွားရောက်ကာ အောင်ပွဲခံခဲ့ကြပါတယ်။ နေအိမ်အုတ်တံတိုင်းပေါ်တွေကို တွယ်တက်ပြီး မက်ဆီ ကို ဂုဏ်ပြုစပ်ဆိုထားတဲ့ သီချင်းတွေကို သံပြိုင်ဆိုနေခဲ့ကြပါတယ်။

ပရိသတ်တွေရောက်နေတာကို သိပြီးတဲ့နောက်မှာတော့ မက်ဆီ ကနေအိမ်ထဲကနေအပြင်ကိုထွက်လာခဲ့ပါတယ်။ တလေးတစားနဲ့ ပြန်လည်နှုတ်ဆက်ခဲ့ပြီး အမှတ်တရလက်မှတ်တွေ ရေးထိုးပေးခဲ့ပါတယ်။

ပရိသတ်တွေရဲ့ ဂျာစီအင်္ကျီတွေ ၊ ဘောလုံးတွေအပြင် ခြံထဲကိုပစ်ပေးသမျှ ပစ္စည်းတိုင်းကို လိုက်ကောက်ကာ လက်မှတ်ထိုးပေးခဲ့ပြီး ပိုင်ရှင်တွေကို ပြန်ပေးခဲ့တာကို ကြည်နူးဖွယ်တွေ့ရပါတယ်။

ကိုပါအမေရိကဖလားရခဲ့ပြီးနောက် မက်ဆီ ရဲ့ နေ့ရက်တိုင်းဟာ ကြည်နူးစရာနေ့တွေဖြစ်နေခဲ့တယ်လို့ဆိုရမှာပါ။ သံသယမျက်လုံးတွေနဲ့ ဝေဖန်သံတွေကို ပိတ်စေခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကစားသမားဆိုတာကို

မက်ဆီ အနေနဲ့သက်သေပြနိုင်ခဲ့တာကြောင့် နေ့ရက်တိုင်းကို ဖိအားကင်းကင်းနဲ့ ပျော်ရွှင်စွာဖြတ်ကျော်နိုင်ပြီပဲ ဖြစ်ပါတယ်။ ဘာစီလိုနာ အသင်းနဲ့လည်း မကြာခင်မှာ စာချုပ်သစ် ချုပ်ဆိုသွားဖို့ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Credit to Original

Zawgyi Version

လတ္တေလာမွာ အာဂ်င္တီးနားအတြက္ ကိုပါအေမရိကဖလား ယူေပးထားနိုင္ခဲ့ သလို အာဂ်င္တီးနားနိုင္ငံရဲ႕ ေဘာလုံးနတ္ဘုရားလို႔ တင္စားရေလာက္တဲ့ မက္ဆီ ဟာ ညႀကီးအခ်ိန္မေတာ္ သူ႕ရဲ႕ေနအိမ္ကို လာေရာက္အားေပးၾကတဲ့ ပရိသတ္ေတြကို တေလးတစားနဲ႕ ထြက္ေတြ႕ကာ ႏႈတ္ဆက္ခဲ့ပါတယ္။

ကိုပါအေမရိကၿပိဳင္ပြဲမွာ ဗိုလ္စြဲၿပီး အာဂ်င္တီးနား လက္ေ႐ြးစင္အသင္းနဲ႕ ပထမဆုံးဆုဖလားေအာင္ျမင္မႈရရွိခဲ့ၿပီးေနာက္ မက္ဆီ ရဲ႕ ပရိသတ္ေတြဟာ အခုခ်ိန္ထိ သူတို႔ idol ရဲ႕ ေအာင္ျမင္မႈကို လမ္းမေတြေပၚမွာ ေအာင္ပြဲခံေနၾကဆဲျဖစ္ပါတယ္။

မေန႕ညကေတာ့ ပရိသတ္အခ်ိဳ႕ဟာ ရိုဆာရီယိုၿမိဳ႕က မက္ဆီ ေနထိုင္ရာအိမ္ထိ သြားေရာက္ကာ ေအာင္ပြဲခံခဲ့ၾကပါတယ္။ ေနအိမ္အုတ္တံတိုင္းေပၚေတြကို တြယ္တက္ၿပီး မက္ဆီ ကို ဂုဏ္ျပဳစပ္ဆိုထားတဲ့ သီခ်င္းေတြကို သံၿပိဳင္ဆိုေနခဲ့ၾကပါတယ္။

ပရိသတ္ေတြေရာက္ေနတာကို သိၿပီးတဲ့ေနာက္မွာေတာ့ မက္ဆီ ကေနအိမ္ထဲကေနအျပင္ကိုထြက္လာခဲ့ပါတယ္။ တေလးတစားနဲ႕ ျပန္လည္ႏႈတ္ဆက္ခဲ့ၿပီး အမွတ္တရလက္မွတ္ေတြ ေရးထိုးေပးခဲ့ပါတယ္။

ပရိသတ္ေတြရဲ႕ ဂ်ာစီအကၤ်ီေတြ ၊ ေဘာလုံးေတြအျပင္ ၿခံထဲကိုပစ္ေပးသမွ် ပစၥည္းတိုင္းကို လိုက္ေကာက္ကာ လက္မွတ္ထိုးေပးခဲ့ၿပီး ပိုင္ရွင္ေတြကို ျပန္ေပးခဲ့တာကို ၾကည္ႏူးဖြယ္ေတြ႕ရပါတယ္။

ကိုပါအေမရိကဖလားရခဲ့ၿပီးေနာက္ မက္ဆီ ရဲ႕ ေန႕ရက္တိုင္းဟာ ၾကည္ႏူးစရာေန႕ေတြျဖစ္ေနခဲ့တယ္လို႔ဆိုရမွာပါ။ သံသယမ်က္လုံးေတြနဲ႕ ေဝဖန္သံေတြကို ပိတ္ေစခဲ့ၿပီး ကမာၻ႔အေကာင္းဆုံးကစားသမားဆိုတာကို

မက္ဆီ အေနနဲ႕သက္ေသျပနိုင္ခဲ့တာေၾကာင့္ ေန႕ရက္တိုင္းကို ဖိအားကင္းကင္းနဲ႕ ေပ်ာ္႐ႊင္စြာျဖတ္ေက်ာ္နိုင္ၿပီပဲ ျဖစ္ပါတယ္။ ဘာစီလိုနာ အသင္းနဲ႕လည္း မၾကာခင္မွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုသြားဖို႔ရွိေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။

Credit to Original