Spots news

စူပါကွန်ပြူတာ ခန့်မှန်းလိုက်တဲ့ ပရီးမီးယားလိဂ်ရာသီသစ်ရဲ့ ချန်ပီယံနဲ့ ရပ်တည်မှု

Unicode Version

စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက် အရ မန်စီးတီး အသင်းဟာ လာမည့် ရာသီ ပရီးမီးယားလိဂ် ဖလားကို ကာကွယ်နိုင်လိမ့်မယ်လို့ သိရပါတယ်။မန်စီးတီးဟာ ဒီနွေရာသီမှာ ထိပ်တန်း တိုက်စစ်မှုး တစ်ဦး ခေါ်ယူသွားဖို့ ရှိနေတာကြောင့် ရာသီသစ်မှာ အမှတ်ပေးဖလားကို ကာကွယ်နိုင်ရန် အထူး ရေပန်းစား နေပါတယ်။

မန်စီးတီးဟာ ပြီးခဲ့တဲ့ ရာသီကဒုတိယ နေရာက ယူနိုက်တက် အသင်းကို ၁၂ မှတ်ဖြတ်ကာ ဗိုလ်စွဲနိုင် ခဲ့ပါတယ်။ စူပါကွန်ပြူတာရဲ့ ခန့်မှန်းချက် အရ ပြီးခဲ့တဲ့ ရာသီက ဒုတိယနေရာနဲ့ ရာသီသိမ်း နိုင်ခဲ့တဲ့ မန်ယူနိုက်တက်ဟာ လာမယ့် ရာသီမှာတော့ အဆင့် ၄ နေရာသာ ရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီမှာ တောင်ပံကစားသမား ဂျဆန်ချိုကို ဒေါ့မွန် ကနေ ပေါင် ၇၃ သန်းထိ ပေးကာ ခေါ်ယူထားပါတယ် ။ရီးရဲယ်မက်ဒရစ်ရဲ့ ရာဖေးဗာရန်း ၊ ရင်းနက်စ်ရဲ့ ကာမာဗင်ဂါ တို့ကိုလည်း ခေါ်ယူဖို့ ပြင်ဆင်နေ ပေမယ့်လီဗာပူး နဲ့ ချဲလ်ဆီး တို့ရဲ့နောက် အဆင့် ၄ နေရာနဲ့သာ မန်ယူဟာ ရာသီသိမ်းလိမ့်မယ်လို့ ခန့်မှန်း ခဲ့ပါတယ်။

လီဗာပူးဟာ ဒီနွေရာသီမှာ အီဗရာဟီမာကိုနာတေးကို ခေါ်ယူအားဖြည့်ထားခဲ့ပြီး လာမည့် ရာသီမှာတော့ မန်စီးတီးရဲ့အောက် ၁၁ မှတ်အကွာ ဒုတိယ နေရာနဲ့ ရာသီသိမ်းလိမ့်မယ်လို့ စူပါကွန်ပြူတာက ခန့်မှန်း ခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာတော့ အဆင့် ၄ နေရာသာ ရခဲ့ပြီး စူပါကွန်ပြူတာက ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာတော့ လီဗာပူးနဲ့ အမှတ်တူ အဆင့် ၃ နေရာနဲ့ ရာသီသိမ်းလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်မှာ အဆင့် ၈ နေရာနဲ့ အဆုံးသတ်ခဲ့ပြီး ဒီရာသီ မှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့အောက် အဆင့် ၅ နေရာ ရလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဂန်းနားတို့ဟာ စပါးရဲ့ အထက် ၂ မှတ် အသာနဲ့ ရာသီသိမ်းနိုင်လိမ့်မယ်လို့ ခန့်မှန်းထားခြင်း ဖြစ်ပါတယ်။

၁- မန်စီးတီး ၂- လီဗာပူး ၃- ချဲလ်ဆီး ၄- မန်ယူနိုက်တက် ၅-အာဆင်နယ် ၆-တော့တင်ဟမ် ၇-လက်စတာ ၈-အဲဗာတန် ၉-လိဒ် ၁၀-ဝက်ဟမ်း

၁၁-ဗီလာ ၁၂-ဘရိုက်တန် ၁၃-ဝုဖ် ၁၄-ဆောက်သမ်တန် ၁၅-နယူးကာဆယ် ၁၆-ဘန်လေ ၁၇-နော့ဝှစ် ၁၈-ပဲလေ့စ် ၁၉-ဘရန့်ဖို့ဒ် ၂၀-ဝက်ဖို့ဒ်

Zawgyi Version

စူပါကြန္ျပဴတာရဲ႕ ခန႔္မွန္းခ်က္ အရ မန္စီးတီး အသင္းဟာ လာမည့္ ရာသီ ပရီးမီးယားလိဂ္ ဖလားကို ကာကြယ္နိုင္လိမ့္မယ္လို႔ သိရပါတယ္။မန္စီးတီးဟာ ဒီေႏြရာသီမွာ ထိပ္တန္း တိုက္စစ္မႈး တစ္ဦး ေခၚယူသြားဖို႔ ရွိေနတာေၾကာင့္ ရာသီသစ္မွာ အမွတ္ေပးဖလားကို ကာကြယ္နိုင္ရန္ အထူး ေရပန္းစား ေနပါတယ္။

မန္စီးတီးဟာ ၿပီးခဲ့တဲ့ ရာသီကဒုတိယ ေနရာက ယူနိုက္တက္ အသင္းကို ၁၂ မွတ္ျဖတ္ကာ ဗိုလ္စြဲနိုင္ ခဲ့ပါတယ္။ စူပါကြန္ျပဴတာရဲ႕ ခန႔္မွန္းခ်က္ အရ ၿပီးခဲ့တဲ့ ရာသီက ဒုတိယေနရာနဲ႕ ရာသီသိမ္း နိုင္ခဲ့တဲ့ မန္ယူနိုက္တက္ဟာ လာမယ့္ ရာသီမွာေတာ့ အဆင့္ ၄ ေနရာသာ ရလိမ့္မယ္လို႔ ဆိုခဲ့ပါတယ္။

ယူနိုက္တက္ဟာ ဒီရာသီမွာ ေတာင္ပံကစားသမား ဂ်ဆန္ခ်ိဳကို ေဒါ့မြန္ ကေန ေပါင္ ၇၃ သန္းထိ ေပးကာ ေခၚယူထားပါတယ္ ။ရီးရဲယ္မက္ဒရစ္ရဲ႕ ရာေဖးဗာရန္း ၊ ရင္းနက္စ္ရဲ႕ ကာမာဗင္ဂါ တို႔ကိုလည္း ေခၚယူဖို႔ ျပင္ဆင္ေန ေပမယ့္လီဗာပူး နဲ႕ ခ်ဲလ္ဆီး တို႔ရဲ႕ေနာက္ အဆင့္ ၄ ေနရာနဲ႕သာ မန္ယူဟာ ရာသီသိမ္းလိမ့္မယ္လို႔ ခန႔္မွန္း ခဲ့ပါတယ္။

လီဗာပူးဟာ ဒီေႏြရာသီမွာ အီဗရာဟီမာကိုနာေတးကို ေခၚယူအားျဖည့္ထားခဲ့ၿပီး လာမည့္ ရာသီမွာေတာ့ မန္စီးတီးရဲ႕ေအာက္ ၁၁ မွတ္အကြာ ဒုတိယ ေနရာနဲ႕ ရာသီသိမ္းလိမ့္မယ္လို႔ စူပါကြန္ျပဴတာက ခန႔္မွန္း ခဲ့ပါတယ္။

ခ်ဲလ္ဆီးအသင္းဟာ ၿပီးခဲ့တဲ့ ရာသီက ခ်န္ပီယံလိဂ္ဖလား ဆြတ္ခူးနိုင္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္မွာေတာ့ အဆင့္ ၄ ေနရာသာ ရခဲ့ၿပီး စူပါကြန္ျပဴတာက ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီမွာေတာ့ လီဗာပူးနဲ႕ အမွတ္တူ အဆင့္ ၃ ေနရာနဲ႕ ရာသီသိမ္းလိမ့္မယ္လို႔ ခန႔္မွန္းထားပါတယ္။

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ္မွာ အဆင့္ ၈ ေနရာနဲ႕ အဆုံးသတ္ခဲ့ၿပီး ဒီရာသီ မွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္ရဲ႕ေအာက္ အဆင့္ ၅ ေနရာ ရလိမ့္မယ္လို႔ ခန႔္မွန္းထားပါတယ္။ ဂန္းနားတို႔ဟာ စပါးရဲ႕ အထက္ ၂ မွတ္ အသာနဲ႕ ရာသီသိမ္းနိုင္လိမ့္မယ္လို႔ ခန႔္မွန္းထားျခင္း ျဖစ္ပါတယ္။

၁- မန္စီးတီး ၂- လီဗာပူး ၃- ခ်ဲလ္ဆီး ၄- မန္ယူနိုက္တက္ ၅-အာဆင္နယ္ ၆-ေတာ့တင္ဟမ္ ၇-လက္စတာ ၈-အဲဗာတန္ ၉-လိဒ္ ၁၀-ဝက္ဟမ္း

၁၁-ဗီလာ ၁၂-ဘရိုက္တန္ ၁၃-ဝုဖ္ ၁၄-ေဆာက္သမ္တန္ ၁၅-နယူးကာဆယ္ ၁၆-ဘန္ေလ ၁၇-ေနာ့ဝွစ္ ၁၈-ပဲေလ့စ္ ၁၉-ဘရန႔္ဖို႔ဒ္ ၂၀-ဝက္ဖို႔ဒ္