Spots news

ကျောနံပါတ် (၇)ကို ဆန်ချိုဆီသို့ ကာဗာနီ လွှဲပြောင်းပေးမှာ မဟုတ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဥရုဂွေး ဝါရင့် တိုက်စစ်မှူး ကာဗာနီဟာ ယူနိုက်တက်ကို ရောက်ရှိလာတဲ့ တောင်ပံ ကစားသမားသစ် ဆန်ချိုဆီ သူ ဝတ်ဆင်ကစားနေတဲ့ ကျောနံပါတ်(၇)ကို

လွှဲပြောင်းပေးဖို့ဆန္ဒမရှိဘဲ လာမယ့်ရာသီမှာ အဲဒီနံပါတ် ဆက်လက် ဝတ်ဆင်သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ဗြိတိန် ‌အခြေစိုက် သတင်း မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ပေါင်(၇၃) သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး တောင်ပံ ကစား သမားသစ် ဂျေဒန် ဆန်ချိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ ဆေးစစ်ချက်တွေ ရယူဖို့ ကာရင်တန်လေ့ကျင့်ရေးကွင်းကို ယနေ့ လာရောက် ခဲ့ပြီး ဆေးစစ်မှု အောင်မြင်သွားပြီလို့သိရပါတယ်။

လက်ရှိ အချိန်မှာ ယူနိုက်တက်အသင်းမှာ ဆန်ချို ကျောနံပါတ် ဘယ်လောက်ဝတ်ဆင်မလဲဆိုတာ ပရိသတ်တွေ စိတ်ဝင်တစား စောင့်ကြည့်နေကြတာဖြစ်ပြီး အများစုက အသင်းရဲ့ဂန္ထဝင်

နံပါတ်(၇)ကို ဝတ်ဆင် ကစားစေချင်တဲ့အပြင် ဆန်ချိုကလည်း ယူနိုက်တက်အသင်းမှာ နံပါတ်(၇)ဝတ်ဆင်ကစားလိုတယ်လို့ အရင်ကတည်းက ဝန်ခံပြောဆိုခဲ့ဖူးပါတယ်။

သို့ပေမယ့် တိုက်စစ်မှူး ကာဗာနီကတော့ ကျောနံပါတ် (၇)ကို ဆန်ချိုဆီ လွှဲပြောင်းပေးဖို့ ဆန္ဒမရှိဖြစ်နေတာကြောင့် ယူနိုက်တက်အသင်းဟာ ဆန်ချိုကို တခြားနံပါတ်တစ်ခုခုပေးရမယ့် အနေအထားရှိနေပါပြီ။

ကာဗာနီနဲ့ ယူနိုက်တက်အသင်းဟာ လာမယ့်ရာသီကုန်အထိ စာချုပ်သက်တမ်းတိုးထားတာကြောင့် နံပါတ်(၇)ဝတ်ဆင်ခွင့်ရဖို့အတွက် ဆန်ချိုဟာ နောက်ထပ်(၁)နှစ်လောက်စောင့်ဆိုင်းရမယ့်အနေအထားပါပဲ။

လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ဆန်ချိုကို ယူနိုက်တက်ဂျာစီနဲ့ ဓာတ်ပုံရိုက်ပြီး သရဲနီကစားသမားအဖြစ် တရားဝင်ကြေညာဖို့ လုပ်ဆောင်နေပြီဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဥ႐ုေဂြး ဝါရင့္ တိုက္စစ္မႉး ကာဗာနီဟာ ယူနိုက္တက္ကို ေရာက္ရွိလာတဲ့ ေတာင္ပံ ကစားသမားသစ္ ဆန္ခ်ိဳဆီ သူ ဝတ္ဆင္ကစားေနတဲ့ ေက်ာနံပါတ္(၇)ကို

လႊဲေျပာင္းေပးဖို႔ဆႏၵမရွိဘဲ လာမယ့္ရာသီမွာ အဲဒီနံပါတ္ ဆက္လက္ ဝတ္ဆင္သြားဖို႔ ဆုံးျဖတ္ထားတယ္လို႔ ၿဗိတိန္ ‌အေျခစိုက္ သတင္း မီဒီယာေတြက ေဖာ္ျပခဲ့ပါတယ္။

ယူနိုက္တက္အသင္းဟာ ဆန္ခ်ိဳကို ေပါင္(၇၃) သန္းနဲ႕ ေခၚယူခဲ့တာ ျဖစ္ၿပီး ေတာင္ပံ ကစား သမားသစ္ ေဂ်ဒန္ ဆန္ခ်ိဳဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းနဲ႕ ေဆးစစ္ခ်က္ေတြ ရယူဖို႔ ကာရင္တန္ေလ့က်င့္ေရးကြင္းကို ယေန႕ လာေရာက္ ခဲ့ၿပီး ေဆးစစ္မႈ ေအာင္ျမင္သြားၿပီလို႔သိရပါတယ္။

လက္ရွိ အခ်ိန္မွာ ယူနိုက္တက္အသင္းမွာ ဆန္ခ်ိဳ ေက်ာနံပါတ္ ဘယ္ေလာက္ဝတ္ဆင္မလဲဆိုတာ ပရိသတ္ေတြ စိတ္ဝင္တစား ေစာင့္ၾကည့္ေနၾကတာျဖစ္ၿပီး အမ်ားစုက အသင္းရဲ႕ဂႏၳဝင္

နံပါတ္(၇)ကို ဝတ္ဆင္ ကစားေစခ်င္တဲ့အျပင္ ဆန္ခ်ိဳကလည္း ယူနိုက္တက္အသင္းမွာ နံပါတ္(၇)ဝတ္ဆင္ကစားလိုတယ္လို႔ အရင္ကတည္းက ဝန္ခံေျပာဆိုခဲ့ဖူးပါတယ္။

သို႔ေပမယ့္ တိုက္စစ္မႉး ကာဗာနီကေတာ့ ေက်ာနံပါတ္ (၇)ကို ဆန္ခ်ိဳဆီ လႊဲေျပာင္းေပးဖို႔ ဆႏၵမရွိျဖစ္ေနတာေၾကာင့္ ယူနိုက္တက္အသင္းဟာ ဆန္ခ်ိဳကို တျခားနံပါတ္တစ္ခုခုေပးရမယ့္ အေနအထားရွိေနပါၿပီ။

ကာဗာနီနဲ႕ ယူနိုက္တက္အသင္းဟာ လာမယ့္ရာသီကုန္အထိ စာခ်ဳပ္သက္တမ္းတိုးထားတာေၾကာင့္ နံပါတ္(၇)ဝတ္ဆင္ခြင့္ရဖို႔အတြက္ ဆန္ခ်ိဳဟာ ေနာက္ထပ္(၁)ႏွစ္ေလာက္ေစာင့္ဆိုင္းရမယ့္အေနအထားပါပဲ။

လက္ရွိအခ်ိန္မွာ ယူနိုက္တက္ဟာ ဆန္ခ်ိဳကို ယူနိုက္တက္ဂ်ာစီနဲ႕ ဓာတ္ပုံရိုက္ၿပီး သရဲနီကစားသမားအျဖစ္ တရားဝင္ေၾကညာဖို႔ လုပ္ေဆာင္ေနၿပီျဖစ္ပါတယ္။