Unicode Version
မန်ယူအသင်း၏ ပြင်သစ်ကွင်းလယ်လူပေါ့ဘာသည် ပြင်သစ်ကလပ် PSG အသင်းသို့ ပြောင်းရွှေ့ကစားရန် ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်း ဗြိတိန်သတင်းစာ Daily Express က ဖော်ပြခဲ့သည်။ PSG အသင်းသည်
မန်ယူ အသင်းတွင် အနာဂတ်မတည်မငြိမ်ဖြစ်နေသည့် ပေါ့ဘာ ကို ခေါ်ယူရန် ဆန္ဒရှိနေပြီး ပြီးခဲ့သည့်ရက်သတ္တပတ်များကတည်းက ပေါ့ဘာ၏ အေးဂျင့်အဖွဲ့ထံ အပြောင်းအရွှေ့ အတွက် ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း ပြင်သစ်မီဒီယာများက ဖော်ပြခဲ့ကြသည်။
မန်ယူအသင်းတွင် စာချုပ်သက်တမ်းနောက်ဆုံးနှစ်သို့ ရောက်ရှိလာပြီဖြစ်သော ပေါ့ဘာအနေဖြင့် ယခု အချိန်အထိ စာချုပ်သစ်အတွက် မန်ယူအသင်းတာဝန်ရှိ သူများနှင့် သဘောတူညီမှုမရ၍ စာချုပ်ချုပ်ဆိုခြင်းမပြုရ သေးပေ။
ပေါ့ဘာအား စာချုပ်သစ်မချုပ်ဆိုနိုင်ခဲ့ပါက လာမည့်ရာသီကုန်တွင် ပြောင်းရွှေ့ကြေးအလွတ်ဖြင့် ပြောင်းခွင့်ပေးရမည်ဖြစ်၍ ယခုနွေရာသီအတွင်း ၎င်းအား အပြီးသတ်ရောင်းချမှသာ မန်ယူအသင်း အနေဖြင့် ပြောင်း ရွှေ့ကြေးငွေ ရရှိမည်ဖြစ်သည်။
သို့သော် မန်ယူအသင်း ဘုတ်အဖွဲ့ဝင်အချို့နှင့်နည်းပြဖြစ်သူ ဆိုးလ်ရှားတို့က ပေါ့ဘာအား အသင်းတွင်ဆက်ရှိစေရန် ဆန္ဒရှိနေသဖြင့် မန်ယူအသင်းတာဝန်ရှိသူများသည် ပေါ့ဘာအား ရောင်းမထုတ်ရသေးဘဲ အခြေအနေမှာ လိပ်ခဲတည်းလည်း ဖြစ်နေသည်။
PSG အသင်းသည် ယခုနွေရာသီတွင် အသင်းသို့ ထိပ်တန်းကစားသမားများခေါ်ယူရန်ကြိုးပမ်းနေပြီး လီဗာပူးလ်ကွင်းလယ်လူဟောင်း ၀ိုင်နယ်လ်ဒမ်း၊ အင်တာမီလန် နောက်ခံလူဟာကီမီ၊ ရီးယဲလ်မက်ဒရစ်နောက်ခံလူ ဟောင်းရာမို့စ်အစရှိသူတို့ကို ခေါ်ယူထားသည်။
၎င်းကစားသမားများကို ခေါ်ယူခဲ့ပြီးနောက် PSG အသင်း၏ နောက်ထပ်ပစ်မှတ်ကစားသမားမှာ ပေါ့ဘာဖြစ်ကြောင်း ပြင်သစ် မီဒီယာများက ဖော်ပြနေကြသည်။ ၂၀၁၆ ခုနှစ်တွင် မန်ယူ အသင်းသို့
ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ရောက် ရှိလာခဲ့သူပေါ့ဘာသည် ပြီးခဲ့သည့်ရာသီများအတွင်း ဒဏ်ရာပြဿနာများဖြင့် ရုန်းကန်ခဲ့ရပြီး အသင်း၏ပွဲစဉ်အတော်များများကို လွဲချော်ခဲ့သူဖြစ်သည်။
Zawgyi Version
မန္ယူအသင္း၏ ျပင္သစ္ကြင္းလယ္လူေပါ့ဘာသည္ ျပင္သစ္ကလပ္ PSG အသင္းသို႔ ေျပာင္းေ႐ႊ႕ကစားရန္ ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္း ၿဗိတိန္သတင္းစာ Daily Express က ေဖာ္ျပခဲ့သည္။ PSG အသင္းသည္
မန္ယူ အသင္းတြင္ အနာဂတ္မတည္မၿငိမ္ျဖစ္ေနသည့္ ေပါ့ဘာ ကို ေခၚယူရန္ ဆႏၵရွိေနၿပီး ၿပီးခဲ့သည့္ရက္သတၱပတ္မ်ားကတည္းက ေပါ့ဘာ၏ ေအးဂ်င့္အဖြဲ႕ထံ အေျပာင္းအေ႐ႊ႕ အတြက္ ဆက္သြယ္ေဆြးေႏြးခဲ့ေၾကာင္း ျပင္သစ္မီဒီယာမ်ားက ေဖာ္ျပခဲ့ၾကသည္။
မန္ယူအသင္းတြင္ စာခ်ဳပ္သက္တမ္းေနာက္ဆုံးႏွစ္သို႔ ေရာက္ရွိလာၿပီျဖစ္ေသာ ေပါ့ဘာအေနျဖင့္ ယခု အခ်ိန္အထိ စာခ်ဳပ္သစ္အတြက္ မန္ယူအသင္းတာဝန္ရွိ သူမ်ားႏွင့္ သေဘာတူညီမႈမရ၍ စာခ်ဳပ္ခ်ဳပ္ဆိုျခင္းမျပဳရ ေသးေပ။
ေပါ့ဘာအား စာခ်ဳပ္သစ္မခ်ဳပ္ဆိုနိုင္ခဲ့ပါက လာမည့္ရာသီကုန္တြင္ ေျပာင္းေ႐ႊ႕ေၾကးအလြတ္ျဖင့္ ေျပာင္းခြင့္ေပးရမည္ျဖစ္၍ ယခုေႏြရာသီအတြင္း ၎အား အၿပီးသတ္ေရာင္းခ်မွသာ မန္ယူအသင္း အေနျဖင့္ ေျပာင္း ေ႐ႊ႕ေၾကးေငြ ရရွိမည္ျဖစ္သည္။
သို႔ေသာ္ မန္ယူအသင္း ဘုတ္အဖြဲ႕ဝင္အခ်ိဳ႕ႏွင့္နည္းျပျဖစ္သူ ဆိုးလ္ရွားတို႔က ေပါ့ဘာအား အသင္းတြင္ဆက္ရွိေစရန္ ဆႏၵရွိေနသျဖင့္ မန္ယူအသင္းတာဝန္ရွိသူမ်ားသည္ ေပါ့ဘာအား ေရာင္းမထုတ္ရေသးဘဲ အေျခအေနမွာ လိပ္ခဲတည္းလည္း ျဖစ္ေနသည္။
PSG အသင္းသည္ ယခုေႏြရာသီတြင္ အသင္းသို႔ ထိပ္တန္းကစားသမားမ်ားေခၚယူရန္ႀကိဳးပမ္းေနၿပီး လီဗာပူးလ္ကြင္းလယ္လူေဟာင္း ၀ိုင္နယ္လ္ဒမ္း၊ အင္တာမီလန္ ေနာက္ခံလူဟာကီမီ၊ ရီးယဲလ္မက္ဒရစ္ေနာက္ခံလူ ေဟာင္းရာမို႔စ္အစရွိသူတို႔ကို ေခၚယူထားသည္။
၎ကစားသမားမ်ားကို ေခၚယူခဲ့ၿပီးေနာက္ PSG အသင္း၏ ေနာက္ထပ္ပစ္မွတ္ကစားသမားမွာ ေပါ့ဘာျဖစ္ေၾကာင္း ျပင္သစ္ မီဒီယာမ်ားက ေဖာ္ျပေနၾကသည္။ ၂၀၁၆ ခုႏွစ္တြင္ မန္ယူ အသင္းသို႔
ကမာၻ႔စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ ေရာက္ ရွိလာခဲ့သူေပါ့ဘာသည္ ၿပီးခဲ့သည့္ရာသီမ်ားအတြင္း ဒဏ္ရာျပႆနာမ်ားျဖင့္ ႐ုန္းကန္ခဲ့ရၿပီး အသင္း၏ပြဲစဥ္အေတာ္မ်ားမ်ားကို လြဲေခ်ာ္ခဲ့သူျဖစ္သည္။