Unicode Version
အင်္ဂလန်နဲ့ ယူနိုက်တက် ခံစစ်မှူး မက်ဂွဲယားဟာ အီတလီအသင်းနဲ့ ၂၀၂၀ ယူရို ဗိုလ်လုပွဲမှာ အင်္ဂလန် နောက်တန်းကို တာဝန်ယူခဲ့ရပါတယ်။
သူ့ရဲ့ ဖခင်ဖြစ်သူ အလန်ကတော့ သားဖြစ်သူနှင့် မိမိရဲ့ နိုင်ငံအသင်းကို အားပေးဖို့ ဝင်ဘလေကွင်းအတွင်း လာရောက် ကြည့်ရှုရာမှာတော့ ကံမကောင်းစွာနဲ့ နံရိုး ၂ချောင်းအထိ ကျိုးပဲ့ သွားခဲ့ရတယ်လို့ သိရပါတယ်။
ဖြစ်စဥ် ဖြစ်ပွားခဲ့တဲ့ အကြောင်းရင်းကတော့ လက်မှတ်မရတဲ့ ပရိသတ်တွေဟာ အင်္ဂလန် အသင်းရဲ့ ဗိုလ်လုပွဲစဥ်ကို ကြည့်ရှုနိုင်ဖို့အတွက် လုံခြုံရေး စည်းကို ချိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားခဲ့ကြတာပါ။
ဒီအခါမှာတော့ လူအုပ်ကြီးကြောင့် ရုတ်ရင်းဆန်ခတ်ဖြစ်သွားခဲ့ပြီး လဲကျသူကလဲ၊ထိခိုက်မိသူက ထိခိုက်နဲ့ ဒီအထဲမှာ မက်ဂွဲယားရဲ့ ဖခင်ဟာလည်း တစ်ဦး အပါအဝင် ဖြစ်သွားရတာပါ။
တကယ်တော့ မက်ဂွဲယားရဲ့ အဖေနဲ့ အေးဂျင့်ဖြစ်သူတို့ဟာ သူတို့ အတွက် သတ်မှတ်ချက်ရထားတဲ့ ကစား သမား မိသားစု ထိုင်ခုံတွေဆီ အသွား ဖြစ်ပျက်ခဲ့တာပါ။
“လောလောဆယ်တော့ ကျွန်တော့်အဖေ အနည်းငယ်စိတ်ဖိစီးနေပါတယ်။ ကြုံသင့်တဲ့ အတွေ့အကြုံ တော့လည်း မဟုတ်ပါဘူး။ဒါပေမယ့် ကြုံလိုက်ရချိန်မှာသူ့ကို ရှော့ခ်ဖြစ်သွားစေပါတယ်။ကြောက်နေ ကြောက်နေခဲ့ပါတယ်။” လို့ မက်ဂွဲယားက The Sunကို ပြောခဲ့ပါတယ်။
မက်ဂွဲယားရဲ့ အဖေဖြစ်သူဟာ အမြဲတမ်း မက်ဂွဲယားရဲ့ ပွဲတွေဆိုရင် မက်ဂွဲယားရဲ့ တူဖြစ်သူနဲ့ ရင်သွေးဖြစ်သူတို့ကို ချီပိုးပြီး အမြဲ အားပေးနေခဲ့သူပါ။
လက်ရှိမှာတော့ မက်ဂွဲယားဟာ ပွဲလည်းရှုံး မိဘကလည်း ထိခိုက်မိနဲ့ အတော်လေးကို စိတ်မချမ်းမြေ့စရာ နေ့ရက် တွေကို ဖြတ်သန်းနေရတယ်ဆိုပေမယ့် ဒီအခြေအနေတွေက ကမ္ဘာ့ဖလား ချန်ပီယံဆုအတွက် အားတစ်ခု ဖြစ်စေခဲ့ တယ်လို့လည်း မက်ဂွဲယားက ဆိုပါသေးတယ်။
Zawgyi Version
အဂၤလန္နဲ႕ ယူနိုက္တက္ ခံစစ္မႉး မက္ဂြဲယားဟာ အီတလီအသင္းနဲ႕ ၂၀၂၀ ယူရို ဗိုလ္လုပြဲမွာ အဂၤလန္ ေနာက္တန္းကို တာဝန္ယူခဲ့ရပါတယ္။
သူ႕ရဲ႕ ဖခင္ျဖစ္သူ အလန္ကေတာ့ သားျဖစ္သူႏွင့္ မိမိရဲ႕ နိုင္ငံအသင္းကို အားေပးဖို႔ ဝင္ဘေလကြင္းအတြင္း လာေရာက္ ၾကည့္ရႈရာမွာေတာ့ ကံမေကာင္းစြာနဲ႕ နံရိုး ၂ေခ်ာင္းအထိ က်ိဳးပဲ့ သြားခဲ့ရတယ္လို႔ သိရပါတယ္။
ျဖစ္စဥ္ ျဖစ္ပြားခဲ့တဲ့ အေၾကာင္းရင္းကေတာ့ လက္မွတ္မရတဲ့ ပရိသတ္ေတြဟာ အဂၤလန္ အသင္းရဲ႕ ဗိုလ္လုပြဲစဥ္ကို ၾကည့္ရႈနိုင္ဖို႔အတြက္ လုံၿခဳံေရး စည္းကို ခ်ိဳးေဖာက္ဝင္ေရာက္ဖို႔ ႀကိဳးစားခဲ့ၾကတာပါ။
ဒီအခါမွာေတာ့ လူအုပ္ႀကီးေၾကာင့္ ႐ုတ္ရင္းဆန္ခတ္ျဖစ္သြားခဲ့ၿပီး လဲက်သဴကလဲ၊ထိခိုက္မိသူက ထိခိုက္နဲ႕ ဒီအထဲမွာ မက္ဂြဲယားရဲ႕ ဖခင္ဟာလည္း တစ္ဦး အပါအဝင္ ျဖစ္သြားရတာပါ။
တကယ္ေတာ့ မက္ဂြဲယားရဲ႕ အေဖနဲ႕ ေအးဂ်င့္ျဖစ္သူတို႔ဟာ သူတို႔ အတြက္ သတ္မွတ္ခ်က္ရထားတဲ့ ကစား သမား မိသားစု ထိုင္ခုံေတြဆီ အသြား ျဖစ္ပ်က္ခဲ့တာပါ။
“ေလာေလာဆယ္ေတာ့ ကြၽန္ေတာ့္အေဖ အနည္းငယ္စိတ္ဖိစီးေနပါတယ္။ ႀကဳံသင့္တဲ့ အေတြ႕အႀကဳံ ေတာ့လည္း မဟုတ္ပါဘူး။ဒါေပမယ့္ ႀကဳံလိုက္ရခ်ိန္မွာသူ႕ကို ေရွာ့ခ္ျဖစ္သြားေစပါတယ္။ေၾကာက္ေန ေၾကာက္ေနခဲ့ပါတယ္။” လို႔ မက္ဂြဲယားက The Sunကို ေျပာခဲ့ပါတယ္။
မက္ဂြဲယားရဲ႕ အေဖျဖစ္သူဟာ အၿမဲတမ္း မက္ဂြဲယားရဲ႕ ပြဲေတြဆိုရင္ မက္ဂြဲယားရဲ႕ တူျဖစ္သူနဲ႕ ရင္ေသြးျဖစ္သူတို႔ကို ခ်ီပိုးၿပီး အၿမဲ အားေပးေနခဲ့သူပါ။
လက္ရွိမွာေတာ့ မက္ဂြဲယားဟာ ပြဲလည္းရႈံး မိဘကလည္း ထိခိုက္မိနဲ႕ အေတာ္ေလးကို စိတ္မခ်မ္းေျမ့စရာ ေန႕ရက္ ေတြကို ျဖတ္သန္းေနရတယ္ဆိုေပမယ့္ ဒီအေျခအေနေတြက ကမာၻ႔ဖလား ခ်န္ပီယံဆုအတြက္ အားတစ္ခု ျဖစ္ေစခဲ့ တယ္လို႔လည္း မက္ဂြဲယားက ဆိုပါေသးတယ္။