Spots news
ယူနိုက်တက်သို့ ရောက်ရှိလာတဲ့ ဆန်ချိုကို ကြိုဆိုနှုတ်ဆက်လိုက်တဲ့ ဂရင်းဝုဒ်
Unicode Version
ပွဲထွက်ခွင့်အတွက် အားပြိုင်ရမှာဖြစ်ပေမယ့် မယ်ဆင်ဂရင်းဝုဒ်က ယူနိုက်တက်သို့ရောက်လာတဲ့ တောင်ပံ ကစားသမားသစ် ဂျာဒန်ဆန်ချိုကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါတယ်။
အိုလေဂန်းနားဆိုးလ်ရှားရဲ့အသင်းကတော့ လာမယ့်ဘောလုံးရာသီအတွက် ကာရင်တန်မှာ လေ့ကျင့်ရေးအစီအစဥ်တွေ ပြုလုပ်နေကြပြီဖြစ်ပါတယ်။
ဒေါ့မွန်အသင်းက ယူရို ၈၅ သန်း (ပေါင် ၇၂.၉ သန်း) နဲ့ ဆန်ချို အိုးလ်ထရက်ဖို့ဒ်သို့ ရောက်ရှိလာတာကြောင့် သရဲနီတွေအတွက် ကောင်းကျိုးတွေရှိလာနိုင်တယ်လို့ ဂရင်းဝုဒ်က ထောက်ပြသွားပါတယ်။
“ကျွန်တော့်အတွက် အရမ်းကောင်းတဲ့ ဘောလုံးရာသီ ဖြစ်လာပါလိမ့်မယ်။” လို့ သူက ရာသီကြိုလေ့ကျင့်ရေးအစီအစဥ်အတွင်း United Daily သို့ ပြောကြားခဲ့ပါတယ်။
“တကယ်တော့ ကျွန်တော်တို့က ကစားသမားကောင်းတစ်ယောက်ကို ခေါ်ယူခဲ့တာပါ။ အသင်းမှာ ပွဲထွက်ခွင့်အတွက် အားပြိုင်မယ့် ပြိုင်ပွဲကောင်းတွေကို တွေ့မြင်ရပါလိမ့်မယ်။ တကယ်တော့ သူဟာ အလန်းစားကစားသမားတစ်ယောက်ပါ။ ကျွန်တော်တို့အတွက် အကျိုးရှိစေမှာပါ။”
အသက် ၁၉ နှစ်သားဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဆိုးလ်ရှားရဲ့အသင်းအတွက် အဓိက ကစားသမားတစ်​ယောက်ဖြစ်ခဲ့ပါတယ်။ သူဟာ ၂၀၂၀-၂၁ ဘောလုံးရာသီက ပြိုင်ပွဲစုံ ၅၂ ပွဲ ပါဝင်ကစားပြီး ၁၇ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
လက်ရှိမှာလည်း ဂရင်းဝုဒ်ဟာ လာမယ့်ဘောလုံးရာသီအတွက် သရဲနီတွေနဲ့အတူ ရာသီကြိုလေ့ကျင့်ရေးအစီအစဥ်တွေ စတင် ပြုလုပ်နေပြီဖြစ်ပါတယ်။
ယူနိုက်တက်တိုက်စစ်မှူးဟာ ယူရို ၂၀၂၀ ပြိုင်ပွဲဝင်ခဲ့တဲ့ ဂါရတ်သ်ဆောက်ဂိတ်ရဲ့ အင်္ဂလန်အသင်းမှာ ရွေးချယ်ခံခဲ့ရပေမယ့် ဒဏ်ရာပြဿနာကြောင့် လက်ရွေးစင်အသင်းက နှုတ်ထွက်ခဲ့ပါတယ်။
Zawgyi Version