Spots news

ပွဲထွက်ခွင့်မရ စာချုပ် ဖျက်သိမ်းခွင့်လဲမရတဲ့ ရိုမီယိုကို ကယ်တင်မည့် အသင်း

Unicode Version

အသင်းရဲ့ ပထမ ဂိုးသမား မဟုတ်ခဲ့ ပေမယ့် ပါဝင် ခွင့် ရသည့် ပွဲတိုင်း ကြိုးစား လက်စွမ်း ပြလေ့ ရှိတဲ့ ရိုမီယို ကို ယူနိုက်တက် တို့ အသုံး မပြု ခဲ့တာ ကြာခဲ့ ပါပြီ။ နည်းပြ မော်ရင်ဟို လက်ထက် ယူရို ပါလိဂ် ဖလား ရယူ ရာမှာ အဓိက ဂိုးသမား အဖြစ် ပါဝင် ခဲ့သည် အထိ အသုံးတော် ခံခဲ့ ပေမယ့် နည်းပြ ဆိုးလ်ရှား လက်ထက် မှာ ကြိုကြား ပွဲ ထွက်ခွင့် ပင် ပျောက်‌ဆုံး နေ သူပါ။

အကယ် ဒမီ ထွက် လူငယ် ဂိုးသမား ဟန်ဒါဆန် ပြန်လည် ရောက်ရှိ လာပြီး နောက်ပိုင်း အာဂျင်  တိုင်းသား ဆာဂျီယို ရိုမီယို ကို ယူနိုက်တက် လူစာရင်း မှာရော ထရိန်နင် တွေမှာ ပါ မမြင်တွေ့  ရတာ တော်တော် လေး ကြာခဲ့ ပြီ ပဲ ဖြစ် ပါတယ်။ နည်းပြ ဆိုးလ်ရှား ကလဲ အသင်း  အောင်မြင်ရေး ကိုသာ အဓိက ထားပြီး ကစားသမား တွေ ပျော်အောင် ထားဖို့ ၊ ပွဲထွက်ခွင့် အလှည့် ကျ ပေးဖို့ အာရုံ စိုက်မည် မဟုတ် ကြောင်း ပြောဆို ထား ပါတယ်။ ပွဲထွက်ခွင့် လဲ မရ စာချုပ် ဖျက်သိမ်း ခွင့်လဲ မပေးတဲ့ ယူနိုက်တက် ကြောင့် ရိုမီယို အနေနဲ့ ခေါ်ယူ မည့် အသင်း ကိုသာ စောင့်ဆိုင်း လျက်ရှိ နေ ပါတယ်။

လက်ရှိ အချိန်မှာ ဇန်နဝါရီ အပြောင်း အရွှေ့ကို  တရားဝင် ဖွင့်ပေး လိုက်ပြီ ဖြစ်လို့ ပရီးမီးယားလိဂ် ကလပ် တွေ အနေနဲ့ အချိန် မဆွဲပဲ ကိုယ် လိုတဲ့ ကစားသမား ကို အမြန်ဆုံး ခေါ်ယူ ဖို့ ကြိုးပမ်း လာကြ ရာမှာ နည်းပြ ဂရေဟမ် ပေါ်တာ ရဲ့ ဘရိုက်တန် အသင်း ကလည်း ဒီကာလ မှာ လိုချင် တဲ့ ကစားကွက် အတိုင်း ကစား နိုင်မယ့်  ကစားသမား တွေကို ရှာဖွေ လျက်ရှိ ပါတယ်။

ဒါပေမယ့် ဘရိုက်တန် ဟာ တန်းဆင်းဇုန် အန္တရာယ် ရှိနေ ပြီး လာမယ့် ရာသီ မှာ လည်း ပရီးမီးယားလိဂ် မှာသာ ဆက် ကစားခွင့် ရဖို့ လိုအပ် နေပါတယ်။ ဘရိုက်တန် ဟာ ၁၆ ပွဲမှာ ၂ ပွဲ သာ အနိုင် ရရှိ ထားပြီး ၂၅ ဂိုး အထိ လည်း ခွင့်ပြု ထားရကာ ၅ သင်းမြောက် ခံစစ် အဆိုးဆုံး အသင်း အဖြစ် မှတ်တမ်း ဝင်နေ ပါတယ်။ အခုလို ခံစစ် ဆိုးရွား နေမှု ၊ ပေးဂိုး များပြား နေမှုကို ပြုပြင် နိုင်ဖို့ အတွက် နည်းပြ ဂရေဟမ်ပေါ်တာ ဟာ ယူနိုက်တက် အပယ်ခံ ဂိုးသမားကို အလိုရှိ နေတာပါ။

ဒေးလီးမေးလ် သတင်းစာ ရဲ့ ဖော်ပြ ချက် အရ နည်းပြ ပေါ်တာ ဟာ လက်ရှိ ဘရိုက်တန် အသင်း ရဲ့ ပထမ ဦးစားပေး ဂိုးသမား မတ်ရိုင်ယန် ကို ရှေ့လျှောက် ပွဲ ကစား ရမယ့် ပမာဏ နည်းပါး တော့မှာ ဖြစ်လို့ နေရာ ပျောက်နိုင်ကြောင်း သတိပေး ထားတယ် လို့ သိရ ပါတယ်။ အသက် ၂၃ နှစ် အရွယ် စပိန် လူမျိုး ဂိုးသမား ရော်ဘတ် ဆန်းချက်ဇ် လည်း ရှိနေ ပေမယ့် အဓိက ဂိုးသမား နေရာ အတွက် ပိုမို ပြိုင်ဆိုင်မှု ပြင်းထန် စေလိုတာ ကြောင့် အခု လိုမျိုး ဆာဂျီယို ရိုမီယို ကို ခေါ်ယူ ဖို့ ချဉ်းကပ် လာခဲ့ တာ ဖြစ် ပါတယ်။

Zawgyi Version

အသင္းရဲ႕ ပထမ ဂိုးသမား မဟုတ္ခဲ့ ေပမယ့္ ပါဝင္ ခြင့္ ရသည့္ ပြဲတိုင္း ႀကိဳးစား လက္စြမ္း ျပေလ့ ရွိတဲ့ ရိုမီယို ကို ယူနိုက္တက္ တို႔ အသုံး မျပဳ ခဲ့တာ ၾကာခဲ့ ပါၿပီ။ နည္းျပ ေမာ္ရင္ဟို လက္ထက္ ယူရို ပါလိဂ္ ဖလား ရယူ ရာမွာ အဓိက ဂိုးသမား အျဖစ္ ပါဝင္ ခဲ့သည္ အထိ အသုံးေတာ္ ခံခဲ့ ေပမယ့္ နည္းျပ ဆိုးလ္ရွား လက္ထက္ မွာ ႀကိဳၾကားပြဲ ထြက္ခြင့္ပင္ ေပ်ာက္‌ဆုံး ေနသူပါ။

အကယ္ဒမီ ထြက္ လူငယ္ ဂိုးသမား ဟန္ဒါဆန္ ျပန္လည္ ေရာက္ရွိ လာၿပီး ေနာက္ပိုင္း အာဂ်င္ တိုင္းသား ဆာဂ်ီယို ရိုမီယို ကို ယူနိုက္တက္ လူစာရင္း မွာေရာ ထရိန္နင္ ေတြမွာ ပါ မျမင္ေတြ႕ ရတာ ေတာ္ေတာ္ ေလး ၾကာခဲ့ၿပီ ပဲ ျဖစ္ ပါတယ္။ နည္းျပ ဆိုးလ္ရွား ကလဲ အသင္း ေအာင္ျမင္ေရး ကိုသာ အဓိက ထားၿပီး ကစားသမား ေတြ ေပ်ာ္ေအာင္ ထားဖို႔ ၊ ပြဲထြက္ခြင့္ အလွည့္ က် ေပးဖို႔ အာ႐ုံ စိုက္မည္ မဟုတ္ ေၾကာင္း ေျပာဆို ထား ပါတယ္။ ပြဲထြက္ခြင့္ လဲ မရ စာခ်ဳပ္ ဖ်က္သိမ္း ခြင့္လဲ မေပးတဲ့ ယူနိုက္တက္ ေၾကာင့္ ရိုမီယို အေနနဲ႕ ေခၚယူ မည့္ အသင္း ကိုသာ ေစာင့္ဆိုင္း လ်က္ရွိ ေန ပါတယ္။

လက္ရွိ အခ်ိန္မွာ ဇန္နဝါရီ အေျပာင္း အေ႐ႊ႕ကို တရားဝင္ ဖြင့္ေပး လိုက္ၿပီ ျဖစ္လို႔ ပရီးမီးယားလိဂ္ ကလပ္ ေတြ အေနနဲ႕ အခ်ိန္ မဆြဲပဲ ကိုယ္ လိုတဲ့ ကစားသမား ကို အျမန္ဆုံး ေခၚယူ ဖို႔ ႀကိဳးပမ္း လာၾက ရာမွာ နည္းျပ ဂေရဟမ္ ေပၚတာ ရဲ႕ ဘရိုက္တန္ အသင္း ကလည္း ဒီကာလ မွာ လိုခ်င္ တဲ့ ကစားကြက္ အတိုင္း ကစား နိုင္မယ့္ ကစားသမား ေတြကို ရွာေဖြ လ်က္ရွိ ပါတယ္။

ဒါေပမယ့္ ဘရိုက္တန္ ဟာ တန္းဆင္းဇုန္ အႏၲရာယ္ ရွိေန ၿပီး လာမယ့္ ရာသီ မွာ လည္း ပရီးမီးယားလိဂ္ မွာသာ ဆက္ ကစားခြင့္ ရဖို႔ လိုအပ္ ေနပါတယ္။ ဘရိုက္တန္ ဟာ ၁၆ ပြဲမွာ ၂ ပြဲ သာ အနိုင္ ရရွိ ထားၿပီး ၂၅ ဂိုး အထိ လည္း ခြင့္ျပဳ ထားရကာ ၅ သင္းေျမာက္ ခံစစ္ အဆိုးဆုံး အသင္း အျဖစ္ မွတ္တမ္း ဝင္ေန ပါတယ္။ အခုလို ခံစစ္ ဆိုး႐ြား ေနမႈ ၊ ေပးဂိုး မ်ားျပား ေနမႈကို ျပဳျပင္ နိုင္ဖို႔ အတြက္ နည္းျပ ဂေရဟမ္ေပၚတာ ဟာ ယူနိုက္တက္ အပယ္ခံ ဂိုးသမားကို အလိုရွိ ေနတာပါ။

ေဒးလီးေမးလ္ သတင္းစာ ရဲ႕ ေဖာ္ျပ ခ်က္ အရ နည္းျပ ေပၚတာ ဟာ လက္ရွိ ဘရိုက္တန္ အသင္း ရဲ႕ ပထမ ဦးစားေပး ဂိုးသမား မတ္ရိုင္ယန္ ကို ေရွ႕ေလွ်ာက္ ပြဲ ကစား ရမယ့္ ပမာဏ နည္းပါး ေတာ့မွာ ျဖစ္လို႔ ေနရာ ေပ်ာက္နိုင္ေၾကာင္း သတိေပး ထားတယ္ လို႔ သိရ ပါတယ္။ အသက္ ၂၃ ႏွစ္ အ႐ြယ္ စပိန္ လူမ်ိဳး ဂိုးသမား ေရာ္ဘတ္ ဆန္းခ်က္ဇ္ လည္း ရွိေန ေပမယ့္ အဓိက ဂိုးသမား ေနရာ အတြက္ ပိုမို ၿပိဳင္ဆိုင္မႈ ျပင္းထန္ ေစလိုတာ ေၾကာင့္ အခု လိုမ်ိဳး ဆာဂ်ီယို ရိုမီယို ကို ေခၚယူဖို႔ ခ်ဥ္းကပ္ လာခဲ့တာ ျဖစ္ ပါတယ္။