Spots news

ပိုင်ရှင်ကိုယ်တိုင်က ငွေပုံပေးနေတဲ့အတွက် ‌ယခုနွေမှာပဲ ချယ်လ်ဆီးကို ရောက်ရှိနိုင်မယ့် ဟာလန်း

Unicode Version

ချယ်လ်ဆီးဘောစိ အေဗရာမိုဗစ် ကတော့ အသင်းရဲ့ တန်ကြေးအမြင့်ဆုံး အပြောင်းအရွှေ့ အဖြစ်် ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း ဝန်းကျင် အထိ ပေးချေကာ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေရာသီ အပြောင်းအရွေ့မှာ အသင်းရဲ့ တိုက်စစ်အင်အားကို အားဖြည့်တင်းဖို့ ပြင်ဆင်နေတဲ့ အသင်း ဖြစ်ပြီး ဒေါ့မွန်အသင်းရဲ့ အသက် ၂၀အရွယ် နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ်ပဲ ဖြစ်ပါတယ်။

ဟာလန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှသာ ခေါ်ယူမည်ဆိုရင် ယူရို ၇၅သန်းထဲနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် ဟာလန်းကို ခေါ်ယူဖို့ ဥရောပ အသင်းကြီး အများစုက စောင့်ကြည့်နေတာကြောင့် ချယ်လ်ဆီးအသင်းဟာ အားလုံးကို နောက်ကောက်ချကာ ယခုနှစ် နွေဈေးကွက်မှာပဲ ခေါ်ယူဖို့ ကြိုးစားနေတာပါ။

ဒေါ့မွန်အသင်းကတော့ ဆန်ချိုကို ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၇၃သန်းနဲ့ ရောင်းထုတ်ထားတာကြောင့် ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဟာလန်းကို လက်မလွှတ်ချင်တဲ့ အတွက် ချယ်လ်ဆီးအသင်းက ဟာလန်းအတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်ကို ပေးချေရဖို့ ရှိပါတယ်။

90Min သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီး ပိုင်ရှင်ဖြစ်သူ အေဗရာမိုဗစ်ဟာ ဟာလန်းရဲ့ ကစားပုံကို နှစ်သက် သဘောကျသူ တဦး ဖြစ်တာကြောင့် ဟာလန်းကို ချယ်လ်ဆီးအသင်းထံ မရရအောင် ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ဟာလန်းကို ခေါ်ယူဖို့ လိုအပ်တဲ့ ငွေကြေးတွေကို စိုက်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

အေဗရာမိုဗစ်ဟာ သူကြိုက်တဲ့ ကစားသမားတိုင်းကို အသင်းဆီ ငွေပုံပေး ခေါ်လေ့ရှိသူ ဖြစ်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ဟားဗက်ကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတာကြောင့် ယခုနှစ်မှာလည်း ဟာလန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း ကနေ ပေါင် ၁၅၀သန်းကြား သုံးစွဲပြီး ခေါ်ယူဖွယ် ရှိပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးေဘာစိ ေအဗရာမိုဗစ္ ကေတာ့ အသင္းရဲ႕ တန္ေၾကးအျမင့္ဆုံး အေျပာင္းအေ႐ႊ႕ အျဖစ္္ ေဒါ့မြန္အသင္းရဲ႕ လူငယ္ တိုက္စစ္မႉး ဟာလန္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၅၀သန္း ဝန္းက်င္ အထိ ေပးေခ်ကာ ေခၚယူဖို႔ ျပင္ဆင္ေနေၾကာင္း ဥေရာပ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပလာပါတယ္။

ခ်ယ္လ္ဆီးအသင္းဟာ ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ြ႕မဇာ အသင္းရဲ႕ တိုက္စစ္အင္အားကို အားျဖည့္တင္းဖို႔ ျပင္ဆင္ေနတဲ့ အသင္း ျဖစ္ၿပီး ေဒါ့မြန္အသင္းရဲ႕ အသက္ ၂၀အ႐ြယ္ ေနာ္ေဝ လူငယ္ တိုက္စစ္မႉး ဟာလန္းဟာ သူတို႔အသင္းရဲ႕ ထိပ္သီး ပစ္မွတ္ပဲ ျဖစ္ပါတယ္။

ဟာလန္းကို လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွသာ ေခၚယူမည္ဆိုရင္ ယူရို ၇၅သန္းထဲနဲ႕ ေခၚယူနိုင္မွာ ျဖစ္ေပမယ့္ ဟာလန္းကို ေခၚယူဖို႔ ဥေရာပ အသင္းႀကီး အမ်ားစုက ေစာင့္ၾကည့္ေနတာေၾကာင့္ ခ်ယ္လ္ဆီးအသင္းဟာ အားလုံးကို ေနာက္ေကာက္ခ်ကာ ယခုႏွစ္ ေႏြေဈးကြက္မွာပဲ ေခၚယူဖို႔ ႀကိဳးစားေနတာပါ။

ေဒါ့မြန္အသင္းကေတာ့ ဆန္ခ်ိဳကို ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၇၃သန္းနဲ႕ ေရာင္းထုတ္ထားတာေၾကာင့္ ယခုႏွစ္ ေႏြေဈးကြက္ အတြင္းမွာ ဟာလန္းကို လက္မလႊတ္ခ်င္တဲ့ အတြက္ ခ်ယ္လ္ဆီးအသင္းက ဟာလန္းအတြက္ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကး တရပ္ကို ေပးေခ်ရဖို႔ ရွိပါတယ္။

90Min သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ခ်ယ္လ္ဆီး ပိုင္ရွင္ျဖစ္သူ ေအဗရာမိုဗစ္ဟာ ဟာလန္းရဲ႕ ကစားပုံကို ႏွစ္သက္ သေဘာက်သဴ တဦး ျဖစ္တာေၾကာင့္ ဟာလန္းကို ခ်ယ္လ္ဆီးအသင္းထံ မရရေအာင္ ေခၚယူဖို႔ ဆုံးျဖတ္ထားၿပီး ဟာလန္းကို ေခၚယူဖို႔ လိုအပ္တဲ့ ေငြေၾကးေတြကို စိုက္ထုတ္ေပးသြားမယ္လို႔ သိရပါတယ္။

ေအဗရာမိုဗစ္ဟာ သူႀကိဳက္တဲ့ ကစားသမားတိုင္းကို အသင္းဆီ ေငြပုံေပး ေခၚေလ့ရွိသူ ျဖစ္ၿပီး ၿပီးခဲ့တဲ့ ေဘာလုံးရာသီကလည္း ဟားဗက္ကို အသင္းရဲ႕ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူထားတာေၾကာင့္ ယခုႏွစ္မွာလည္း ဟာလန္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၁၂၀သန္း ကေန ေပါင္ ၁၅၀သန္းၾကား သုံးစြဲၿပီး ေခၚယူဖြယ္ ရွိပါတယ္။