Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ခြေစွမ်းထက်မြက်တဲ့ လူငယ်တွေ မကြာခန မွေးထုတ်လေ့ရှိပြီး မကြာသေမီနှစ်များကလဲ ရပ်ရှ်ဖိုဒ့်နဲ့ ဂရင်းဝုဒ်တို့လို လူငယ်များ
ထွက်ပေါ်ခဲ့ပါတယ်။ ယခုအချိန်မှာလဲ ယူနိုက်တက်အသင်းကြီးနဲ့ ပူပေါင်းနိုင်မယ့် လူငယ်တစ်ဦးဖြစ်တဲ့ ချာလီမက်နေးလ် ထွက်ပေါ်လာပြန်ပါပြီ။
အသက်(၁၇)နှစ်အရွယ် လူငယ် တိုက်စစ်မှူးဟာ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကနေ ယူနိုက်တက်ဆီသို့ ပေါင်(၇၅၀,၀၀၀)နဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး
သူဟာ ဂိုးသွင်းစွမ်းရည် ထက်မြက်တဲ့ကစားသမားဖြစ်သလို လူငယ်အဆင့်ပြိုင်ပွဲတွေမှာ ဂိုးပေါင်း(၆၀၀)ကျော်အထိ သွင်းယူထားနိုင်ခဲ့သူပါ။
မက်နေးလ်ဟာ ဆယ်ကျော်သက်ကစားသမားဘဝကထဲက ဝင်ကွေကောင်းခဲ့သူ ဖြစ်ပြီး ၂၀၁၈ ခုနှစ်က Adidas နဲ့ (၆)နှစ်ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ (၁)နှစ်ကို
ပေါင်(၁)သန်းကျော်ရရှိနေတာဖြစ်ပါတယ်။ ဒါ့အပြင် မက်နေးလ်ဟာ ယူနိုက်တက် နဲ့ မန်စီးတီး အကယ်ဒမီတွေကို ကူးချည်သန်းချည် ပြောင်းနေတာပါပဲ။
သူဟာ ၂၀၁၄ မှာ ယူနိုက်တက်ကနေ မန်စီးတီး အကယ်ဒမီကို ရောက်ရှိခဲ့ပြီး မန်စီးတီးယူ-၁၅အသင်းမှာ (၇၂)ပွဲကစား၊ ဂိုးပေါင်း(၁၁၀)သွင်းယူခဲ့သလို ဂိုးဖန်တီးမှု(၃၈)ကြိမ် ပြုလုပ်ခဲ့တာကြောင့်
ယူနိုက်တက်အသင်းက မက်နေးလ်ကို ပြန်ခေါ်ဖို့အတွက် ဂျူဗင်တပ်စ်၊ လိုက်ပ်ဇစ် တို့နဲ့အပြိုင် ကြိုးပမ်းခဲ့ရပြီး ၂၀၁၈ ခုနှစ်မှာ (၆)နှစ်စာချုပ် ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။
မက်နေးလ်ဟာ ယူနိုက်တက်အကယ်ဒမီမှာ ဂရင်းဝုဒ်နဲ့တွဲကစားခဲ့ဖူးပြီး မကြာခင်ကာလအတွင်း စီနီယာအသင်းကြီးမှာ ဂရင်းဝုဒ်နဲ့ ပြန်လက်တွဲကစားခွင့်ရမယ့်အနေအထားရှိနေပါတယ်။
ယူနိုက်တက် ယူ-၁၈အသင်းအတွက် ပွဲဦးထွက်ဖြစ်တဲ့ ဒါဘီကောင်တီနဲ့ပွဲမှာ (၂)ဂိုးသွင်းခဲ့သလို ပထမဆုံးရာသီမှာပဲ (၂၁)ပွဲကစား၊ (၂၈)ဂိုးသွင်းယူပြီး သူ့ရဲ့အရည်အသွေးကို ပြသခဲ့ပါတယ်။
လာမယ့်ရာသီ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှာ ရပ်ရှ်ဖို့ဒ်၊ ဆန်ချို၊ ဂရင်းဝုဒ်တို့လို အရည်အသွေးမြင့် လူငယ်ကစားသမား တွေ အပြင် ဂိုးပေါင်း (၆၀၀) ကျော်သွင်းထားတဲ့ မက်နေးလ်လည်း ပါဝင်လာ ဖွယ်ရာရှိနေပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ေျခစြမ္းထက္ျမက္တဲ့ လူငယ္ေတြ မၾကာခန ေမြးထုတ္ေလ့ရွိၿပီး မၾကာေသမီႏွစ္မ်ားကလဲ ရပ္ရွ္ဖိုဒ့္နဲ႕ ဂရင္းဝုဒ္တို႔လို လူငယ္မ်ား
ထြက္ေပၚခဲ့ပါတယ္။ ယခုအခ်ိန္မွာလဲ ယူနိုက္တက္အသင္းႀကီးနဲ႕ ပူေပါင္းနိုင္မယ့္ လူငယ္တစ္ဦးျဖစ္တဲ့ ခ်ာလီမက္ေနးလ္ ထြက္ေပၚလာျပန္ပါၿပီ။
အသက္(၁၇)ႏွစ္အ႐ြယ္ လူငယ္ တိုက္စစ္မႉးဟာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းကေန ယူနိုက္တက္ဆီသို႔ ေပါင္(၇၅၀,၀၀၀)နဲ႕ ေျပာင္းေ႐ႊ႕ခဲ့သူျဖစ္ၿပီး
သူဟာ ဂိုးသြင္းစြမ္းရည္ ထက္ျမက္တဲ့ကစားသမားျဖစ္သလို လူငယ္အဆင့္ၿပိဳင္ပြဲေတြမွာ ဂိုးေပါင္း(၆၀၀)ေက်ာ္အထိ သြင္းယူထားနိုင္ခဲ့သူပါ။
မက္ေနးလ္ဟာ ဆယ္ေက်ာ္သက္ကစားသမားဘဝကထဲက ဝင္ေကြေကာင္းခဲ့သူ ျဖစ္ၿပီး ၂၀၁၈ ခုႏွစ္က Adidas နဲ႕ (၆)ႏွစ္ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္အရ (၁)ႏွစ္ကို
ေပါင္(၁)သန္းေက်ာ္ရရွိေနတာျဖစ္ပါတယ္။ ဒါ့အျပင္ မက္ေနးလ္ဟာ ယူနိုက္တက္ နဲ႕ မန္စီးတီး အကယ္ဒမီေတြကို ကူးခ်ည္သန္းခ်ည္ ေျပာင္းေနတာပါပဲ။
သူဟာ ၂၀၁၄ မွာ ယူနိုက္တက္ကေန မန္စီးတီး အကယ္ဒမီကို ေရာက္ရွိခဲ့ၿပီး မန္စီးတီးယူ-၁၅အသင္းမွာ (၇၂)ပြဲကစား၊ ဂိုးေပါင္း(၁၁၀)သြင္းယူခဲ့သလို ဂိုးဖန္တီးမႈ(၃၈)ႀကိမ္ ျပဳလုပ္ခဲ့တာေၾကာင့္
ယူနိုက္တက္အသင္းက မက္ေနးလ္ကို ျပန္ေခၚဖို႔အတြက္ ဂ်ဴဗင္တပ္စ္၊ လိုက္ပ္ဇစ္ တို႔နဲ႕အၿပိဳင္ ႀကိဳးပမ္းခဲ့ရၿပီး ၂၀၁၈ ခုႏွစ္မွာ (၆)ႏွစ္စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့တာ ျဖစ္ပါတယ္။
မက္ေနးလ္ဟာ ယူနိုက္တက္အကယ္ဒမီမွာ ဂရင္းဝုဒ္နဲ႕တြဲကစားခဲ့ဖူးၿပီး မၾကာခင္ကာလအတြင္း စီနီယာအသင္းႀကီးမွာ ဂရင္းဝုဒ္နဲ႕ ျပန္လက္တြဲကစားခြင့္ရမယ့္အေနအထားရွိေနပါတယ္။
ယူနိုက္တက္ ယူ-၁၈အသင္းအတြက္ ပြဲဦးထြက္ျဖစ္တဲ့ ဒါဘီေကာင္တီနဲ႕ပြဲမွာ (၂)ဂိုးသြင္းခဲ့သလို ပထမဆုံးရာသီမွာပဲ (၂၁)ပြဲကစား၊ (၂၈)ဂိုးသြင္းယူၿပီး သူ႕ရဲ႕အရည္အေသြးကို ျပသခဲ့ပါတယ္။
လာမယ့္ရာသီ ယူနိုက္တက္အသင္းရဲ႕ တိုက္စစ္မွာ ရပ္ရွ္ဖို႔ဒ္၊ ဆန္ခ်ိဳ၊ ဂရင္းဝုဒ္တို႔လို အရည္အေသြးျမင့္ လူငယ္ကစားသမား ေတြ အျပင္ ဂိုးေပါင္း (၆၀၀) ေက်ာ္သြင္းထားတဲ့ မက္ေနးလ္လည္း ပါဝင္လာ ဖြယ္ရာရွိေနပါတယ္။