Spots news

ဟယ်ရီကိန်းကို ခေါက်ထားလိုက်ပြီး ဘိုင်ယန်က လီဝမ်ဒေါစကီးကို ခေါ်ယူမယ့် မန်စီးတီး

Unicode Version

မန်စီးတီးအသင်းဟာ အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ဟယ်ရီကိန်းကို ခေါ်ယူဖို့ မလွယ်ကူတဲ့ အခြေအနေကြောင့် နည်းပြဂွာဒီယိုလာနဲ့ လက်တွဲခဲ့ဘူးတဲ့ ဘိုင်ယန်မြူးနစ်အသင်း ကနေ

ထွက်ခွာဖို့ စဉ်းစားနေတဲ့ တိုက်စစ်မှူး လီဝမ်ဒေါစကီးကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာပါတယ်။

အသက် ၃၂နှစ် အရွယ်ရှိပြီ ဖြစ်တဲ့ ပိုလန် နဲ့ ဘိုင်ယန်မြူးနစ်တို့ရဲ့ အဓိက တိုက်စစ်မှူး လီဝမ်ဒေါစကီးဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင် တိုက်စစ်မှူးအဖြစ်

သတ်မှတ်ခြင်း ခံထားရသူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ် အသင်းနဲ့လည်း စာချုပ်သက်တမ်း ၂နှစ်သာ ကျန်တော့တဲ့ ကစားသမားဖြစ်ပါတယ်။

သို့ပေမယ့် လီဝမ်ဒေါစကီးဟာ စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ အတွက် သင့်တော်တဲ့ ကမ်းလှမ်းမှုတွေ ရလာရင် ပရီးမီးယားလိဂ်ကို

အသင်းပြောင်းရွှေ့ဖို့ စဉ်းစားနေပြီး မန်ချက်စတာ စီးတီးအသင်းဟာ သူ ပြောင်းရွှေ့ချင်တဲ့ အသင်းတွေထဲက တသင်းပဲ ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အဂူရိုရဲ့ နေရာကို အစားထိုးဖို့ စပါး တိုက်စစ်မှူး ဟယ်ရီကိန်းဟာ အဓိက ပစ်မှတ် ကစားသမား ဖြစ်ပေမယ့် စပါးအသင်းက ဟယ်ရီကိန်း အတွက်

ပေါင် ၁၂၀သန်း အထိ တောင်းဆိုနေတာကြောင့် ပြောင်းရွှေ့ကြေး နည်းပါးတဲ့ လီဝမ်ဒေါစကီးကို ပြောင်းလဲ ချိန်ရွယ်လာတယ်လို့ သတင်းများက ဖော်ပြနေပါတယ်။

မန်ချနည်းပြ ဂွာဒီယိုလာနဲ့ လီဝမ်ဒေါစကီးတို့ဟာ ဆရာတပည့်ဟောင်းတွေ ဖြစ်တာကြောင့် မန်စီးတီး နဲ့ ဘိုင်ယန်မြူးနစ်တို့ ပြောင်းရွှေ့ကြေး သဘောတူညီမှု ရပါက

လီဝမ်ဒေါစကီးဟာ မန်စီးတီးအသင်းထံ ပြောင်းရွှေ့ချင်နေကြောင်း ဂျာမန် အခြေစိုက် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ BILDက ဖော်ပြထားပါတယ်။

ဘိုင်ယန်မြူးနစ်နည်းပြသစ် ဖြစ်သူ နစ်ဂယ်စမန်းကလည်း လီဝမ်ဒေါစကီးရဲ့ အနာဂတ်ဟာ လှုပ်ခတ်နေတဲ့ အကြောင်းကို အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံထားပြီး

လီဝမ်ဒေါစကီးကသာ ထွက်ခွာခွင့် တောင်းခံလာပါက ဘိုင်ယန်မြူးနစ်အသင်းဟာ ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း ဝန်းကျင်နဲ့ လီဝမ်ဒေါစကီးကို ရောင်းချနိုင်ကြောင်း သိရပါတယ်။

Zawgyi Version

မန္စီးတီးအသင္းဟာ အသင္းရဲ႕ တိုက္စစ္ပိုင္း အတြက္ ဟယ္ရီကိန္းကို ေခၚယူဖို႔ မလြယ္ကူတဲ့ အေျခအေနေၾကာင့္ နည္းျပဂြာဒီယိုလာနဲ႕ လက္တြဲခဲ့ဘူးတဲ့ ဘိုင္ယန္ျမဴးနစ္အသင္း ကေန

ထြက္ခြာဖို႔ စဥ္းစားေနတဲ့ တိုက္စစ္မႉး လီဝမ္ေဒါစကီးကို ေခၚယူဖို႔ မ်က္စိက်ေနေၾကာင္း အဂၤလန္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပလာပါတယ္။

အသက္ ၃၂ႏွစ္ အ႐ြယ္ရွိၿပီ ျဖစ္တဲ့ ပိုလန္ နဲ႕ ဘိုင္ယန္ျမဴးနစ္တို႔ရဲ႕ အဓိက တိုက္စစ္မႉး လီဝမ္ေဒါစကီးဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံး အေထာင္ တိုက္စစ္မႉးအျဖစ္

သတ္မွတ္ျခင္း ခံထားရသူ ျဖစ္ၿပီး ဘိုင္ယန္ျမဴးနစ္ အသင္းနဲ႕လည္း စာခ်ဳပ္သက္တမ္း ၂ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမားျဖစ္ပါတယ္။

သို႔ေပမယ့္ လီဝမ္ေဒါစကီးဟာ စိန္ေခၚမႈအသစ္ေတြ ရင္ဆိုင္ဖို႔ အတြက္ သင့္ေတာ္တဲ့ ကမ္းလွမ္းမႈေတြ ရလာရင္ ပရီးမီးယားလိဂ္ကို

အသင္းေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားေနၿပီး မန္ခ်က္စတာ စီးတီးအသင္းဟာ သူ ေျပာင္းေ႐ႊ႕ခ်င္တဲ့ အသင္းေတြထဲက တသင္းပဲ ျဖစ္ပါတယ္။

မန္စီးတီးအသင္းဟာ အဂူရိုရဲ႕ ေနရာကို အစားထိုးဖို႔ စပါး တိုက္စစ္မႉး ဟယ္ရီကိန္းဟာ အဓိက ပစ္မွတ္ ကစားသမား ျဖစ္ေပမယ့္ စပါးအသင္းက ဟယ္ရီကိန္း အတြက္

ေပါင္ ၁၂၀သန္း အထိ ေတာင္းဆိုေနတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကး နည္းပါးတဲ့ လီဝမ္ေဒါစကီးကို ေျပာင္းလဲ ခ်ိန္႐ြယ္လာတယ္လို႔ သတင္းမ်ားက ေဖာ္ျပေနပါတယ္။

မန္ခ်နည္းျပ ဂြာဒီယိုလာနဲ႕ လီဝမ္ေဒါစကီးတို႔ဟာ ဆရာတပည့္ေဟာင္းေတြ ျဖစ္တာေၾကာင့္ မန္စီးတီး နဲ႕ ဘိုင္ယန္ျမဴးနစ္တို႔ ေျပာင္းေ႐ႊ႕ေၾကး သေဘာတူညီမႈ ရပါက

လီဝမ္ေဒါစကီးဟာ မန္စီးတီးအသင္းထံ ေျပာင္းေ႐ႊ႕ခ်င္ေနေၾကာင္း ဂ်ာမန္ အေျခစိုက္ နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ BILDက ေဖာ္ျပထားပါတယ္။

ဘိုင္ယန္ျမဴးနစ္နည္းျပသစ္ ျဖစ္သူ နစ္ဂယ္စမန္းကလည္း လီဝမ္ေဒါစကီးရဲ႕ အနာဂတ္ဟာ လႈပ္ခတ္ေနတဲ့ အေၾကာင္းကို အင္တာဗ်ဴးမွာ ဖြင့္ဟ ဝန္ခံထားၿပီး

လီဝမ္ေဒါစကီးကသာ ထြက္ခြာခြင့္ ေတာင္းခံလာပါက ဘိုင္ယန္ျမဴးနစ္အသင္းဟာ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၀သန္း ဝန္းက်င္နဲ႕ လီဝမ္ေဒါစကီးကို ေရာင္းခ်နိဳင္ေၾကာင္း သိရပါတယ္။