Spots news

PSG သွားရင် လစာလျော့ယူရမှာဖြစ်တာကြောင့် ယူနိုက်တက် နဲ့ သက်တမ်းတိုးသွားမယ့် ပေါ့ဘာ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကွင်းလယ်လူ ပေါလ်ပေါ့ဘာကို အသင်းမှာ ဆက်လက် ထိန်းသိမ်းနိုင်ဖို့ အတွက် အစွမ်းကုန် ကြိုးစားနေပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ နီးစပ်နေကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ပေါ့ဘာဟာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေတာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူ့ကို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းဖို့ ဆန္ဒရှိနေပြီး ပေါ့ဘာကတော့ သူ့အတွက် ကစားသမားဘဝ အမြင့်မားဆုံး အောင်မြင်မှုတွေ ရယူပေးနိုင်မယ့် အသင်းတသင်းကို ပြောင်းရွှေ့ဖို့ စဉ်းစားနေပါတယ်။

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကြောင့် လက်ရှိမှာ ဥရောပ အသင်းကြီးတချို့ဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရပြီး ပီအက်စ်ဂျီအသင်းကလွဲရင် ဘယ်အသင်းကမှ သူ့ကို ယခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူဖို့ ဆန္ဒမရှိကြပါဘူး။

သို့ပေမယ့် ပီအက်စ်ဂျီအသင်းဟာ ဒွန်နာရမ်မာ ၊ ဆာဂျီယို ရာမို့စ် ၊ ဟာခီမီ စတဲ့ ကစားသမားတွေကို ခေါ်ယူခဲ့ရာမှာ မြင့်မားတဲ့ လုပ်ခလစာတွေ ပေးချေထားရတာကြောင့် ပေါ့ဘာကို

မြင့်မားတဲ့ လုပ်ခလစာ ပေးချေကာ ခေါ်ယူဖို့ ဖြစ်နိုင်ဖွယ် မရှိတာကြောင့် ပေါ့ဘာကသာ ပီအက်စ်ဂျီအသင်းထံ ပြောင်းရွှေ့ချင်ပါက မဖြစ်မနေ လုပ်ခလစာ လျှော့ယူရဖို့ ရှိနေပါတယ်။

ထို့ကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပေါ့ဘာကို အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပါက အသင်းရဲ့ စံချိန်တင် လုပ်ခလစာ ဖြစ်တဲ့ တနှစ်လုပ်ခ ပေါင် ၂၂သန်း အထိ ပေးချေမယ်လို့ ကမ်းလှမ်းထားကာ

ပေါ့ဘာကလဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့ နီးစပ်နေကြောင်း နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Calcio Mercato သတင်းဌာနက ဖော်ပြလာပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းရဲ႕ ကြင္းလယ္လူ ေပါလ္ေပါ့ဘာကို အသင္းမွာ ဆက္လက္ ထိန္းသိမ္းနိုင္ဖို႔ အတြက္ အစြမ္းကုန္ ႀကိဳးစားေနၿပီး စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔ နီးစပ္ေနေၾကာင္း ၿဗိတိန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

ေပါ့ဘာဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား တဦး ျဖစ္တာေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ သူ႕ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးေနတာပဲ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ သူ႕ကို အသင္းမွာပဲ ဆက္လက္ ထိန္းသိမ္းဖို႔ ဆႏၵရွိေနၿပီး ေပါ့ဘာကေတာ့ သူ႕အတြက္ ကစားသမားဘဝ အျမင့္မားဆုံး ေအာင္ျမင္မႈေတြ ရယူေပးနိုင္မယ့္ အသင္းတသင္းကို ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားေနပါတယ္။

ဒါေပမယ့္ ကိုရိုနာဗိုင္းရပ္စ္ ပ်ံ့ႏွံ႕မႈေၾကာင့္ လက္ရွိမွာ ဥေရာပ အသင္းႀကီးတခ်ိဳ႕ဟာ ဘ႑ာေရး အၾကပ္အတည္းနဲ႕ ႀကဳံေတြ႕ေနရၿပီး ပီအက္စ္ဂ်ီအသင္းကလြဲရင္ ဘယ္အသင္းကမွ သူ႕ကို ယခုႏွစ္ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ေခၚယူဖို႔ ဆႏၵမရွိၾကပါဘူး။

သို႔ေပမယ့္ ပီအက္စ္ဂ်ီအသင္းဟာ ဒြန္နာရမ္မာ ၊ ဆာဂ်ီယို ရာမို႔စ္ ၊ ဟာခီမီ စတဲ့ ကစားသမားေတြကို ေခၚယူခဲ့ရာမွာ ျမင့္မားတဲ့ လုပ္ခလစာေတြ ေပးေခ်ထားရတာေၾကာင့္ ေပါ့ဘာကို

ျမင့္မားတဲ့ လုပ္ခလစာ ေပးေခ်ကာ ေခၚယူဖို႔ ျဖစ္နိုင္ဖြယ္ မရွိတာေၾကာင့္ ေပါ့ဘာကသာ ပီအက္စ္ဂ်ီအသင္းထံ ေျပာင္းေ႐ႊ႕ခ်င္ပါက မျဖစ္မေန လုပ္ခလစာ ေလွ်ာ့ယူရဖို႔ ရွိေနပါတယ္။

ထို႔ေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ေပါ့ဘာကို အသင္းနဲ႕ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုပါက အသင္းရဲ႕ စံခ်ိန္တင္ လုပ္ခလစာ ျဖစ္တဲ့ တႏွစ္လုပ္ခ ေပါင္ ၂၂သန္း အထိ ေပးေခ်မယ္လို႔ ကမ္းလွမ္းထားကာ

ေပါ့ဘာကလဲ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ကမ္းလွမ္းမႈကို လက္ခံဖို႔ နီးစပ္ေနေၾကာင္း နာမည္ႀကီး အီတလီ အေျခစိုက္ သတင္းဌာန တခု ျဖစ္တဲ့ Calcio Mercato သတင္းဌာနက ေဖာ္ျပလာပါတယ္။