Spots news

ရာသီသစ်မှာ အလာဗတ်စ်အသင်းမှာပဲ အတွေ့ အကြုံယူဦးမယ့် ယူနိုက်တက်ကြယ်ပွင့်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ လူငယ်တောင်ပံ ကစားသမား ပယ်လစ်စထရီဟာ ပြီးခဲ့တဲ့ရာသီက အငှားနဲ့ သွားရောက်ကစားခဲ့တဲ့ လာလီဂါကလပ် အလာဗတ်စ်အသင်းဆီ အငှားနဲ့ တစ်ရာသီခန့် ပြန်လည် ပြောင်းရွှေ့ကစားဖို့ ဆန္ဒရှိနေပါတယ်။

အသက်(၁၉)နှစ်အရွယ် ပယ်လစ်စထရီဟာ ၂၀၂၀ ခုနှစ်ကမှ ယူနိုက်တက်အကယ်ဒမီကို ရောက်ရှိခဲ့တာ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီတုန်းက အသင်းကြီးအတွက်

ခေါ်ယူခံခဲ့ရပါတယ်။ သို့ပေမယ့် တစ်ပွဲမှ ကစားခွင့်မရခဲ့ဘဲ ရာသီဝက်မှာ အလာဗတ်စ်အသင်းဆီ အတွေ့အကြုံရစေဖို့ အငှားနဲ့သွားရောက် ကစားခဲ့ရပါတယ်။

အလာဗတ်စ် အသင်းမှာ (၁၂)ပွဲကစားခွင့်ရခဲ့ပြီး ဂိုးမသွင်းနိုင်ခဲ့ပေမယ့် ကျေနပ်စရာ ကောင်းတဲ့ ခြေစွန်း ပြသနိုင်ခဲ့တာကြောင့် အလာဗတ်စ်အသင်းကလည်း ပယ်လစ်စထရီကို အငှားနဲ့ ပြန်ခေါ်ဖို့ ဆန္ဒရှိနေတာပါ။

ပယ်လစ်စထရီအနေနဲ့ အင်အားဖြည့်တင်း နေတဲ့ ယူနိုက်တက် အသင်းကြီးမှာ ပွဲထွက်ခွင့်ရဖို့မလွယ်ကူတာကြောင့် အလာဗတ်စ်အသင်းဆီ အငှားနဲ့ ပြန်ပြောင်းရွှေ့ လိုနေတာဖြစ်ပြီး

သူ့ရဲ့ဆန္ဒကိုလည်း တာဝန်ရှိသူတွေသိရှိနိုင်အောင် ဖွင့်ဟပြောဆိုခဲ့ပြီးဖြစ်တာကြောင့် ယူနိုက်တက်အသင်းဟာ မကြာခင် ပယ်လစ်စထရီကို အငှားပြန်ချသွားဖို့ရှိနေပါပြီ။

Zawgyi Version

 

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ လူငယ္ေတာင္ပံ ကစားသမား ပယ္လစ္စထရီဟာ ၿပီးခဲ့တဲ့ရာသီက အငွားနဲ႕ သြားေရာက္ကစားခဲ့တဲ့ လာလီဂါကလပ္ အလာဗတ္စ္အသင္းဆီ အငွားနဲ႕ တစ္ရာသီခန႔္ ျပန္လည္ေျပာင္းေ႐ႊ႕ကစားဖို႔ ဆႏၵရွိေနပါတယ္။

အသက္(၁၉)ႏွစ္အ႐ြယ္ ပယ္လစ္စထရီဟာ ၂၀၂၀ ခုႏွစ္ကမွ ယူနိုက္တက္အကယ္ဒမီကို ေရာက္ရွိခဲ့တာ ျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက အသင္းႀကီးအတြက္

ေခၚယူခံခဲ့ရပါတယ္။ သို႔ေပမယ့္ တစ္ပြဲမွ ကစားခြင့္မရခဲ့ဘဲ ရာသီဝက္မွာ အလာဗတ္စ္အသင္းဆီ အေတြ႕အႀကဳံရေစဖို႔ အငွားနဲ႕သြားေရာက္ ကစားခဲ့ရပါတယ္။

အလာဗတ္စ္ အသင္းမွာ (၁၂)ပြဲကစားခြင့္ရခဲ့ၿပီး ဂိုးမသြင္းနိုင္ခဲ့ေပမယ့္ ေက်နပ္စရာ ေကာင္းတဲ့ ေျခစြန္း ျပသနိုင္ခဲ့တာေၾကာင့္ အလာဗတ္စ္အသင္းကလည္း ပယ္လစ္စထရီကို အငွားနဲ႕ ျပန္ေခၚဖို႔ ဆႏၵရွိေနတာပါ။

ပယ္လစ္စထရီအေနနဲ႕ အင္အားျဖည့္တင္း ေနတဲ့ ယူနိုက္တက္ အသင္းႀကီးမွာ ပြဲထြက္ခြင့္ရဖို႔မလြယ္ကူတာေၾကာင့္ အလာဗတ္စ္အသင္းဆီ အငွားနဲ႕ ျပန္ေျပာင္းေ႐ႊ႕ လိုေနတာျဖစ္ၿပီး

သူ႕ရဲ႕ဆႏၵကိုလည္း တာဝန္ရွိသူေတြသိရွိနိုင္ေအာင္ ဖြင့္ဟေျပာဆိုခဲ့ၿပီးျဖစ္တာေၾကာင့္ ယူနိုက္တက္အသင္းဟာ မၾကာခင္ ပယ္လစ္စထရီကို အငွားျပန္ခ်သြားဖို႔ရွိေနပါၿပီ။