Spots news

ဝိန်းရွန်းနီရဲ့ ဒါဘီကောင်တီအပါအဝင် ယူနိုက်တက်ကစားမဲ့ ခြေစမ်းပွဲစဉ်များ

Unicode Version

ယူနိုက်တက်ဟာ လက်ရှိအချိန်မှာ နိုင်ငံတကာပြိုင်ပွဲတွေ ဝင်ရောက်ဆင်နွဲထားခြင်းမရှိတဲ့ အသင်းသားတွေနဲ့အတူ ရာသီကြို လေ့ကျင့်ခန်းတွေကို လုပ်ဆောင်နေပြီး

လာမယ့်ရက်ပိုင်းအတွင်းမှာပဲ ဂန္ဓဝင်အသင်းခေါင်းဆောင်ဟောင်း ဝိန်းရွန်နီ ကိုင်တွယ်နေတဲ့ ဒါဘီကောင်တီအသင်းနဲ့ ပထမဆုံး ရာသီကြိုခြေစမ်းပွဲကို ကစားသွားမှာဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွက် မက်ဂွိုင်းရား လုခ်ရှော ရပ်ရှ်ဖိုဒ့် ပေါ့ဘာ ဖာနန်ဒက်စ် လင်ဒီလော့

ဒီဂီယာ တွမ်မီနေးတို့ကို စေလွှတ်ထားခဲ့ရသလို ကိုပါအမေရိကပြိုင်ပွဲအတွက်ကိုလည်း ဖရက်ကို စေလွှတ်ထားရပါတယ်။

ဒီလိုကစားသမားတွေကလွဲပြီး ကျန်တဲ့ကစားသမားတွေဖြစ်တဲ့ မာတာ မာတစ် ဂရင်းဝုဒ် တဲလက်စ် ဝမ်ဘစ်ဆာခါ ဒင်းဟန်ဒါဆန်တို့နဲ့ ရာသီကြိုလေ့ကျင့်ခန်းတွေကို

လုပ်ဆောင်လို့နေပြီး လူငယ်ကစားသမားတွေနဲ့ အငှားပြည့်လို့ အသင်းကို ပြန်လည်ရောက်ရှိလာတဲ့ ကစားသမားတွေမှာလည်း လာရောက်ပါဝင်လို့နေပါတယ်။

၂၀၂၁-၂၀၂၂ ဘောလုံးရာသီ မစတင်ခင် ယူနိုက်တက်အသင်းဟာ ရာသီကြိုခြေစမ်းပွဲစဉ် (၅)ပွဲအထိ ယှဉ်ပြိုင်သွားမှာဖြစ်ပြီး

ကိုဗစ်ဂယက်တွေ ရှိနေတာကြောင့် ခြေစမ်းပွဲအားလုံးကို အင်္ဂလန်နိုင်ငံမှာသာ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဒီတစ်ပတ် တနင်္ဂနွေနေ့မှာ ဂန္ဓဝင် ကစားသမားဟောင်း ဝိန်းရွန်နီကိုင်တွယ်နေတဲ့ ဒါဘီအသင်းနဲ့ အဝေးကွင်းမှာ

ခြေစမ်းသွားမှာဖြစ်ပြီး ဒီပွဲပြီးရင်တော့ နောက်တစ်ပတ် စနေနေ့မှာ ကျူပီအာအသင်းနဲ့ ဆက်လက် ခြေစမ်းသွားမှာဖြစ်ပါတယ်။

အဲ့ဒီ အဝေးကွင်း ခြေစမ်းပွဲ(၂)ပွဲ ပြီးရင်တော့ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီကို ပထမဆုံးအကြိမ်အဖြစ် တန်းတတ်လာခဲ့တဲ့ ဘရန့်ဖိုဒ့်အသင်းနဲ့

ဇူလိုင်(၂၈)ရက်နေ့ အိုးထရက်ဖိုဒ့်ကွင်းမှာ ခြေစမ်းမှာဖြစ်ပြီး ဇူလိုင်(၃၁)ရက်မှာတော့ ပရက်စတန်အသင်းနဲ့ အဝေးကွင်းမှာပဲ ထပ်မံခြေစမ်းမှာဖြစ်ပါတယ်။

သြဂုတ်လအတွင်းမှာတော့ အဲဗာတန်အသင်းနဲ့ အိုးထရက်ဖိုဒ့်မှာ ခြေစမ်းမှာဖြစ်ပြီး ဒီပွဲကိုတော့ သြဂုတ်(၇)ရက်နေ့မှာ ယှဉ်ပြိုင်စေမှာဖြစ်ပါတယ်။

ဒီပွဲစဉ်တွေကို ယူနိုက်တက်အသင်းရဲ့ တရားဝင် ရုပ်သံလိုင်းဖြစ်တဲ့ MUTV ကနေ တိုက်ရိုက်ပြသသွားမှာဖြစ်တယ်လို့လည်း သိရှိရပါတယ်။

Zawgyi Version

ယူနိုက္တက္ဟာ လက္ရွိအခ်ိန္မွာ နိုင္ငံတကာၿပိဳင္ပြဲေတြ ဝင္ေရာက္ဆင္ႏြဲထားျခင္းမရွိတဲ့ အသင္းသားေတြနဲ႕အတူ ရာသီႀကိဳ ေလ့က်င့္ခန္းေတြကို လုပ္ေဆာင္ေနၿပီး

လာမယ့္ရက္ပိုင္းအတြင္းမွာပဲ ဂႏၶဝင္အသင္းေခါင္းေဆာင္ေဟာင္း ဝိန္း႐ြန္နီ ကိုင္တြယ္ေနတဲ့ ဒါဘီေကာင္တီအသင္းနဲ႕ ပထမဆုံး ရာသီႀကိဳေျခစမ္းပြဲကို ကစားသြားမွာျဖစ္ပါတယ္။

ယူနိုက္တက္အသင္းဟာ ယူရို-၂၀၂ဝၿပိဳင္ပြဲအတြက္ မက္ဂြိုင္းရား လုခ္ေရွာ ရပ္ရွ္ဖိုဒ့္ ေပါ့ဘာ ဖာနန္ဒက္စ္ လင္ဒီေလာ့

ဒီဂီယာ တြမ္မီေနးတို႔ကို ေစလႊတ္ထားခဲ့ရသလို ကိုပါအေမရိကၿပိဳင္ပြဲအတြက္ကိုလည္း ဖရက္ကို ေစလႊတ္ထားရပါတယ္။

ဒီလိုကစားသမားေတြကလြဲၿပီး က်န္တဲ့ကစားသမားေတြျဖစ္တဲ့ မာတာ မာတစ္ ဂရင္းဝုဒ္ တဲလက္စ္ ဝမ္ဘစ္ဆာခါ ဒင္းဟန္ဒါဆန္တို႔နဲ႕ ရာသီႀကိဳေလ့က်င့္ခန္းေတြကို

လုပ္ေဆာင္လို႔ေနၿပီး လူငယ္ကစားသမားေတြနဲ႕ အငွားျပည့္လို႔ အသင္းကို ျပန္လည္ေရာက္ရွိလာတဲ့ ကစားသမားေတြမွာလည္း လာေရာက္ပါဝင္လို႔ေနပါတယ္။

၂၀၂၁-၂၀၂၂ ေဘာလုံးရာသီ မစတင္ခင္ ယူနိုက္တက္အသင္းဟာ ရာသီႀကိဳေျခစမ္းပြဲစဥ္ (၅)ပြဲအထိ ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး

ကိုဗစ္ဂယက္ေတြ ရွိေနတာေၾကာင့္ ေျခစမ္းပြဲအားလုံးကို အဂၤလန္နိုင္ငံမွာသာ ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ဒီတစ္ပတ္ တနဂၤေႏြေန႕မွာ ဂႏၶဝင္ ကစားသမားေဟာင္း ဝိန္း႐ြန္နီကိုင္တြယ္ေနတဲ့ ဒါဘီအသင္းနဲ႕ အေဝးကြင္းမွာ

ေျခစမ္းသြားမွာျဖစ္ၿပီး ဒီပြဲၿပီးရင္ေတာ့ ေနာက္တစ္ပတ္ စေနေန႕မွာ က်ဴပီအာအသင္းနဲ႕ ဆက္လက္ ေျခစမ္းသြားမွာျဖစ္ပါတယ္။

အဲ့ဒီ အေဝးကြင္း ေျခစမ္းပြဲ(၂)ပြဲ ၿပီးရင္ေတာ့ ပရီးမီးယားလိဂ္ၿပိဳင္ပြဲဆီကို ပထမဆုံးအႀကိမ္အျဖစ္ တန္းတတ္လာခဲ့တဲ့ ဘရန႔္ဖိုဒ့္အသင္းနဲ႕

ဇူလိုင္(၂၈)ရက္ေန႕ အိုးထရက္ဖိုဒ့္ကြင္းမွာ ေျခစမ္းမွာျဖစ္ၿပီး ဇူလိုင္(၃၁)ရက္မွာေတာ့ ပရက္စတန္အသင္းနဲ႕ အေဝးကြင္းမွာပဲ ထပ္မံေျခစမ္းမွာျဖစ္ပါတယ္။

ၾသဂုတ္လအတြင္းမွာေတာ့ အဲဗာတန္အသင္းနဲ႕ အိုးထရက္ဖိုဒ့္မွာ ေျခစမ္းမွာျဖစ္ၿပီး ဒီပြဲကိုေတာ့ ၾသဂုတ္(၇)ရက္ေန႕မွာ ယွဥ္ၿပိဳင္ေစမွာျဖစ္ပါတယ္။

ဒီပြဲစဥ္ေတြကို ယူနိုက္တက္အသင္းရဲ႕ တရားဝင္ ႐ုပ္သံလိုင္းျဖစ္တဲ့ MUTV ကေန တိုက္ရိုက္ျပသသြားမွာျဖစ္တယ္လို႔လည္း သိရွိရပါတယ္။