Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းကို ပြောင်း ရွေ့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အသက် ၂၈ နှစ် အရွယ် ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရန်း ဟာ
အသင်းသစ်တည်ရှိရာ မန်ချက်စတာမြို့မှာ နေအိမ် စတင် ရှာဖွေနေပြီ ဖြစ်ကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။
ပြင်သစ် လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား တဦး ဖြစ်ပြီး
ရီးရဲလ်မက်ဒရစ်အသင်းက စာချုပ်သစ် ကမ်းလှမ်းထားပေမယ့် စာချုပ်သစ် ချုပ်ဆိုဖို့ကို ငြင်းဆန်ထားပါတယ်။
ပြင်သစ်လက်ရွေးစင်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆယ်စုနှစ် တစုကြာ ခြေစွမ်းပြ ကစားခဲ့သလို အသင်းနဲ့ ရယူနိုင်တဲ့ ဆုဖလားအစုံ ကို ရယူနိုင်ခဲ့တာကြောင့်
လိဂ်အသစ် တခုကို ပြောင်းရွှေ့ကာ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်နေပြီး ပရီးမီးယားလိဂ်ကလပ် ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စား နေပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင် မက်ဂွိုင်းယားနဲ့ တွဲဖက်ကာ အသင်းရဲ့ ခံစစ်ကြောင်းကို ဦးဆောင်နိုင်မယ့်
ဗဟိုနောက်ခံလူ တဦးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်း ဖြစ်ပြီး ဗာရန်းဟာ သူတို့အသင်းရဲ့ အဓိက ပစ်မှတ် ကစားသမားပဲ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ဟာ ဗာရန်း အတွက် တရားဝင် ဆွေးနွေးမှုတွေ စတင်
နေပြီ ဖြစ်ကာ ရီးရဲလ်မက်ဒရစ်အသင်းက ပြောင်းရွှေ့ကြေး ပေါင် ၃၅သန်း + အပိုဆုကြေး ပေါင် ၈သန်း လိုချင်နေကြောင်း သိရပါတယ်။
ဗာရန်းနဲ့ သူ့ရဲ့ မိသားစုဝင်တွေဟာ မန်ချက်စတာ ယူနိုက်တက်အသင်း အခြေစိုက်ရာ မန်ချက်စတာမြို့မှာ နေအိမ်တလုံးကို စတင် ရှာဖွေနေပြီး
မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း ဗာရန်းရဲ့ နေအိမ် ရှာဖွေမှုကို ကူညီနေကြောင်း မန်ချက်စတာ အခြေစိုက် မီဒီယာများကလဲ ဖော်ပြထားပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္းကို ေျပာင္း ေ႐ြ႕မယ္လို႔ သတင္းေတြ ထြက္ေပၚေနတဲ့ အသက္ ၂၈ ႏွစ္ အ႐ြယ္ ရီးရဲလ္မက္ဒရစ္ေနာက္ခံလူ ဗာရန္း ဟာ
အသင္းသစ္တည္ရွိရာ မန္ခ်က္စတာၿမိဳ႕မွာ ေနအိမ္ စတင္ ရွာေဖြေနၿပီ ျဖစ္ေၾကာင္း ျပင္သစ္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။
ျပင္သစ္ လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား တဦး ျဖစ္ၿပီး
ရီးရဲလ္မက္ဒရစ္အသင္းက စာခ်ဳပ္သစ္ ကမ္းလွမ္းထားေပမယ့္ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ကို ျငင္းဆန္ထားပါတယ္။
ျပင္သစ္လက္ေ႐ြးစင္ဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ဆယ္စုႏွစ္ တစုၾကာ ေျခစြမ္းျပ ကစားခဲ့သလို အသင္းနဲ႕ ရယူနိုင္တဲ့ ဆုဖလားအစုံ ကို ရယူနိုင္ခဲ့တာေၾကာင့္
လိဂ္အသစ္ တခုကို ေျပာင္းေ႐ႊ႕ကာ စိန္ေခၚမႈအသစ္ေတြနဲ႕ ရင္ဆိုင္ခ်င္ေနၿပီး ပရီးမီးယားလိဂ္ကလပ္ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ စိတ္ဝင္စား ေနပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ အသင္းေခါင္းေဆာင္ မက္ဂြိုင္းယားနဲ႕ တြဲဖက္ကာ အသင္းရဲ႕ ခံစစ္ေၾကာင္းကို ဦးေဆာင္နိုင္မယ့္
ဗဟိုေနာက္ခံလူ တဦးကို ေခၚယူဖို႔ ႀကိဳးစားေနတဲ့ အသင္း ျဖစ္ၿပီး ဗာရန္းဟာ သူတို႔အသင္းရဲ႕ အဓိက ပစ္မွတ္ ကစားသမားပဲ ျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ ရီးရဲလ္မက္ဒရစ္အသင္းတို႔ဟာ ဗာရန္း အတြက္ တရားဝင္ ေဆြးေႏြးမႈေတြ စတင္
ေနၿပီ ျဖစ္ကာ ရီးရဲလ္မက္ဒရစ္အသင္းက ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၃၅သန္း + အပိုဆုေၾကး ေပါင္ ၈သန္း လိုခ်င္ေနေၾကာင္း သိရပါတယ္။
ဗာရန္းနဲ႕ သူ႕ရဲ႕ မိသားစုဝင္ေတြဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္း အေျခစိုက္ရာ မန္ခ်က္စတာၿမိဳ႕မွာ ေနအိမ္တလုံးကို စတင္ ရွာေဖြေနၿပီး
မန္ခ်က္စတာ ယူနိုက္တက္အသင္းကလည္း ဗာရန္းရဲ႕ ေနအိမ္ ရွာေဖြမႈကို ကူညီေနေၾကာင္း မန္ခ်က္စတာ အေျခစိုက္ မီဒီယာမ်ားကလဲ ေဖာ္ျပထားပါတယ္။