Spots news

တဲလက်စ်အတွက် ရိုးမားအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချလိုက်တဲ့ မန်ချက်စတာ ယူနိုက်တက်

Unicode Version

ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ သူတို့အသင်းရဲ့ နောက်ခံလူ အဲလက်စ် တဲလက်စ် အတွက် ရိုးမားအသင်းရဲ့ ပထမဆုံးအကြိမ် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့‌ ကြောင်း သိရပါတယ်။

ရိုးမားအသင်းရဲ့ နည်းပြသစ် မော်ရင်ဟိုဟာ ယူရိုချန်ပီယံဖြစ်ခဲ့တဲ့ အီတလီအတွက် ခြေစွမ်းပြသနိုင်ခဲ့တဲ့ နောက်ခံကစားသမား လီယိုနာဒိုစပင်နာဇိုလာက ပြိုင်ပွဲအတွင်းမှာ ဆိုးရွှားလှတဲ့ ဖနောင့်ကြော အရွတ် စုတ်ပြဲတဲ့ ဒဏ်ရာရရှိခဲ့ပြီး

လာမယ့်နှစ် ဖေဖော်ဝါရီလအထိ ကာလရှည်ကြာ အနားယူရဖွယ် ရှိနေတဲ့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဘယ်နောက်ခံလူ အဲလက်စ်တဲလက်စ်ကို အစားထိုး ခေါ်ယူသွားချင်နေတယ်လို့ သိရှိရပါတယ်။

စပင်နာဇိုလာဟာ အီတလီအသင်းအတွက်ရော ရိုးမားအတွက်ပါ အဓိကကျတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အခုလို (၆)လဝန်းကျင်နီးပါးလောက် အနားယူရတော့မယ့် အရေးကိစ္စနဲ့ ရင်ဆိုင် နေရတဲ့အတွက်

သူရဲ့နေရာမှာ ပြန်လည် အစားထိုးဖို့အတွက် အသင်းမှာ ပုံမှန်နေရာ မရရှိနေတဲ့ ယူနိုက်တက်အသင်းရဲ့ ဘရာဇီး ဘယ်နောက်ခံကစားသမား တဲလက်စ်ကို စိတ်ဝင်စားလာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီက ​ပေါ်တိုအသင်းကနေ ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခဲ့သူ တဲလက်စ်ဟာ လုခ်ရှောရဲ့ ခြေစွမ်းပြသနေ မှုကြောင့်

ပုံမှန်နေရာရဖို့ ရုန်းကန်နေရသလို ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာလည်း ပွဲပေါင်း(၉)ပွဲလောက်သာ ပါဝင်ကစားခဲ့ရပါတယ်။

ဒါကြောင့် ယူနိုက်တက်နည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းက တဲလက်စ်ကို တစ်ရာသီအငှား+အငှားစာချုပ်ပြည့်ချိန် အပြီးသတ်နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းခဲ့ပေမယ့်

ယူနိုက်တက်အသင်းကတော့ တဲလက်စ်ကို လက်လွတ်ခံဖို့ ဆန္ဒမရှိတာကြောင့် ငြင်းဆန်ခဲ့ကြောင်း ဗြိတိန်သတင်း မီဒီယာများက ဖော်ပြထားပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ကလပ္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ သူတို႔အသင္းရဲ႕ ေနာက္ခံလူ အဲလက္စ္ တဲလက္စ္ အတြက္ ရိုးမားအသင္းရဲ႕ ပထမဆုံးအႀကိမ္ ကမ္းလွမ္းမႈကို ျငင္းဆန္ပယ္ခ်ခဲ့‌ ေၾကာင္း သိရပါတယ္။

ရိုးမားအသင္းရဲ႕ နည္းျပသစ္ ေမာ္ရင္ဟိုဟာ ယူရိုခ်န္ပီယံျဖစ္ခဲ့တဲ့ အီတလီအတြက္ ေျခစြမ္းျပသနိုင္ခဲ့တဲ့ ေနာက္ခံကစားသမား လီယိုနာဒိုစပင္နာဇိုလာက ၿပိဳင္ပြဲအတြင္းမွာ ဆိုး႐ႊားလွတဲ့ ဖေနာင့္ေၾကာ အ႐ြတ္ စုတ္ၿပဲတဲ့ ဒဏ္ရာရရွိခဲ့ၿပီး

လာမယ့္ႏွစ္ ေဖေဖာ္ဝါရီလအထိ ကာလရွည္ၾကာ အနားယူရဖြယ္ ရွိေနတဲ့အတြက္ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ ဘယ္ေနာက္ခံလူ အဲလက္စ္တဲလက္စ္ကို အစားထိုး ေခၚယူသြားခ်င္ေနတယ္လို႔ သိရွိရပါတယ္။

စပင္နာဇိုလာဟာ အီတလီအသင္းအတြက္ေရာ ရိုးမားအတြက္ပါ အဓိကက်တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး အခုလို (၆)လဝန္းက်င္နီးပါးေလာက္ အနားယူရေတာ့မယ့္ အေရးကိစၥနဲ႕ ရင္ဆိုင္ ေနရတဲ့အတြက္

သူရဲ႕ေနရာမွာ ျပန္လည္ အစားထိုးဖို႔အတြက္ အသင္းမွာ ပုံမွန္ေနရာ မရရွိေနတဲ့ ယူနိုက္တက္အသင္းရဲ႕ ဘရာဇီး ဘယ္ေနာက္ခံကစားသမား တဲလက္စ္ကို စိတ္ဝင္စားလာခဲ့တာ ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီက ​ေပၚတိုအသင္းကေန ယူနိုက္တက္အသင္းဆီ ေျပာင္းေ႐ႊ႕ခဲ့သူ တဲလက္စ္ဟာ လုခ္ေရွာရဲ႕ ေျခစြမ္းျပသေန မႈေၾကာင့္

ပုံမွန္ေနရာရဖို႔ ႐ုန္းကန္ေနရသလို ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲမွာလည္း ပြဲေပါင္း(၉)ပြဲေလာက္သာ ပါဝင္ကစားခဲ့ရပါတယ္။

ဒါေၾကာင့္ ယူနိုက္တက္နည္းျပေဟာင္း ေမာ္ရင္ဟို ကိုင္တြယ္ေနတဲ့ ရိုးမားအသင္းက တဲလက္စ္ကို တစ္ရာသီအငွား+အငွားစာခ်ဳပ္ျပည့္ခ်ိန္ အၿပီးသတ္နဲ႕ ေခၚယူဖို႔ ကမ္းလွမ္းခဲ့ေပမယ့္

ယူနိုက္တက္အသင္းကေတာ့ တဲလက္စ္ကို လက္လြတ္ခံဖို႔ ဆႏၵမရွိတာေၾကာင့္ ျငင္းဆန္ခဲ့ေၾကာင္း ၿဗိတိန္သတင္း မီဒီယာမ်ားက ေဖာ္ျပထားပါတယ္။