Spots news

လူမျိုးရေးခွဲခြားသူတွေကို ပြန်လည်တုံ့ပြန်ခဲ့တဲ့ ယူနိုက်တက် တောင်ပံကစားသမားသစ် ဆန်ချို

Unicode Version

ယူရို-၂၀၂၀ ပြိုင်ပွဲမှာ အင်္ဂလန်အသင်း ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့မှု အပေါ် တရားခံ ဖြစ်ခဲ့ရတဲ့ အင်္ဂလန် ကစားသမား ၃ဦးဟာ စိတ်ဆိုး ဒေါသ ထွက်နေကြတဲ့ အင်္ဂလန်် ပရိသတ်အချို့ရဲ့ ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ခံနေရပါတယ်။

ဗိုလ်လုပွဲမှာ အင်္ဂလန်အသင်းဟာ ရက်ရှ်ဖို့ဒ်၊ဆန်ချိုနဲ့ ဆာကာတို့ရဲ့ ပင်နယ်တီ လွဲချော်မှုနဲ့အတူ ၁၉၆၆ခုနှစ်နောက်ပိုင်း ပထမဆုံး အဓိကဆုဖလား ဆွတ်ခူးနိုင်မယ့် အရေးနဲ့ ကပ်လွဲချော်ခဲ့ရတာပါ။

ဒီအပေါ်မှာ ဒေါသထွက်နေကြတဲ့ အင်္ဂလန်ပရိသတ်တွေဟာ ပင်နယ်တီ မဝင်ခဲ့တဲ့ ကစားသမားတွေကို ပစ်မှတ်ထားပြီး လူမျိုးရေး ခွဲခြားတဲ့ အရေးအသားတွေနဲ့ တိုက်ခိုက်နေခဲ့တာပါ။

ဒီလို လူမျိုးရေး ခွဲခြား တိုက်ခိုက်နေတဲ့အပေါ်မှာတော့ အင်္ဂလန်အသင်းရဲ့ နည်းပြချုပ် ဆောက်ဂိတ်၊ဝန်ကြီးချုပ် ဂျွန်ဆင်တို့ကတော့ ပြင်းပြင်းထန်ထန်ကို ကန့်ကွက်ရှုတ်ချကြောင်း ပြောဆိုထားပါတယ်။

ကိုယ်တိုင် တိုက်ခိုက်ခြင်း ခံနေရတဲ့ ဆန်ချိုကလည်း – “လူအဖွဲ့အစည်းမှာဆိုရင် ကျွန်တော်တို့ ပိုလို့ တောင် ကောင်းမွန်ဖို့ လိုပါတယ်။ အခုလို အမုန်းတရားတွေနဲ့ အချင်းချင်း ပြန်လည် တိုက်ခိုက်နေလို့ကတော့ အောင်မြင်မှုနဲ့ ဝေးကွာနေအုံးမှာပါ။”လို့ ပြန်လည် တုံ့ပြန်ပြောဆိုလာပါတယ်။

လူမှုကွန်ရက် စာမျက်နှာတွေကတဆင့် ပင်နယ်တီ မဝင်ခဲ့တဲ့ လူမဲ ကစားသမား ၃ဦးကို လူမျိုးရေး ခွဲခြား တိုက်ခိုက်ခဲ့တဲ့ လူတွေ ထဲက ၄ယောက်လောက်ကိုတော့ ယူကေ ရဲတွေက ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်ကတော့ လူမျိုးရေး ခွဲခြားသူတွေကို ရာသက်ပန် ဘောလုံးပွဲကြည့်ရှုခွင့် ပိတ်ပင်ဖို့အထိ စည်းကမ်းတင်းကြပ်ထားလို့ ဖမ်းဆီးခံထားရတဲ့သူတွေဟာ အင်္ဂလန်အသင်းရဲ့ ဘောလုံးပွဲတွေကို ဝင်ရောက်ကြည့်ရှုခွင့် ဒီတစ်သက် ရနိုင်တော့မှာ မဟုတ်ပါဘူး။

Zawgyi Version

ယူရို-၂၀၂၀ ၿပိဳင္ပြဲမွာ အဂၤလန္အသင္း ဗိုလ္လုပြဲမွာ ရႈံးနိမ့္ခဲ့မႈ အေပၚ တရားခံ ျဖစ္ခဲ့ရတဲ့ အဂၤလန္ ကစားသမား ၃ဦးဟာ စိတ္ဆိုး ေဒါသ ထြက္ေနၾကတဲ့ အဂၤလန္္ ပရိသတ္အခ်ိဳ႕ရဲ႕ ပစ္မွတ္ထား တိုက္ခိုက္ျခင္းကို ခံေနရပါတယ္။

ဗိုလ္လုပြဲမွာ အဂၤလန္အသင္းဟာ ရက္ရွ္ဖို႔ဒ္၊ဆန္ခ်ိဳနဲ႕ ဆာကာတို႔ရဲ႕ ပင္နယ္တီ လြဲေခ်ာ္မႈနဲ႕အတူ ၁၉၆၆ခုႏွစ္ေနာက္ပိုင္း ပထမဆုံး အဓိကဆုဖလား ဆြတ္ခူးနိုင္မယ့္ အေရးနဲ႕ ကပ္လြဲေခ်ာ္ခဲ့ရတာပါ။

ဒီအေပၚမွာ ေဒါသထြက္ေနၾကတဲ့ အဂၤလန္ပရိသတ္ေတြဟာ ပင္နယ္တီ မဝင္ခဲ့တဲ့ ကစားသမားေတြကို ပစ္မွတ္ထားၿပီး လူမ်ိဳးေရး ခြဲျခားတဲ့ အေရးအသားေတြနဲ႕ တိုက္ခိုက္ေနခဲ့တာပါ။

ဒီလို လူမ်ိဳးေရး ခြဲျခား တိုက္ခိုက္ေနတဲ့အေပၚမွာေတာ့ အဂၤလန္အသင္းရဲ႕ နည္းျပခ်ဳပ္ ေဆာက္ဂိတ္၊ဝန္ႀကီးခ်ဳပ္ ဂြၽန္ဆင္တို႔ကေတာ့ ျပင္းျပင္းထန္ထန္ကို ကန႔္ကြက္ရႈတ္ခ်ေၾကာင္း ေျပာဆိုထားပါတယ္။

ကိုယ္တိုင္ တိုက္ခိုက္ျခင္း ခံေနရတဲ့ ဆန္ခ်ိဳကလည္း – “လူအဖြဲ႕အစည္းမွာဆိုရင္ ကြၽန္ေတာ္တို႔ ပိုလို႔ ေတာင္ ေကာင္းမြန္ဖို႔ လိုပါတယ္။ အခုလို အမုန္းတရားေတြနဲ႕ အခ်င္းခ်င္း ျပန္လည္ တိုက္ခိုက္ေနလို႔ကေတာ့ ေအာင္ျမင္မႈနဲ႕ ေဝးကြာေနအုံးမွာပါ။”လို႔ ျပန္လည္ တုံ႕ျပန္ေျပာဆိုလာပါတယ္။

လူမႈကြန္ရက္ စာမ်က္ႏွာေတြကတဆင့္ ပင္နယ္တီ မဝင္ခဲ့တဲ့ လူမဲ ကစားသမား ၃ဦးကို လူမ်ိဳးေရး ခြဲျခား တိုက္ခိုက္ခဲ့တဲ့ လူေတြ ထဲက ၄ေယာက္ေလာက္ကိုေတာ့ ယူေက ရဲေတြက ဖမ္းဆီး ထိန္းသိမ္းနိုင္ခဲ့ၿပီ ျဖစ္ပါတယ္။

ၿဗိတိန္ ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္ကေတာ့ လူမ်ိဳးေရး ခြဲျခားသူေတြကို ရာသက္ပန္ ေဘာလုံးပြဲၾကည့္ရႈခြင့္ ပိတ္ပင္ဖို႔အထိ စည္းကမ္းတင္းၾကပ္ထားလို႔ ဖမ္းဆီးခံထားရတဲ့သူေတြဟာ အဂၤလန္အသင္းရဲ႕ ေဘာလုံးပြဲေတြကို ဝင္ေရာက္ၾကည့္ရႈခြင့္ ဒီတစ္သက္ ရနိုင္ေတာ့မွာ မဟုတ္ပါဘူး။