Spots news

လင်ဂတ်နဲ့ ထရစ်ပီယာ အလဲအထပ်ဖြစ်လာဖွယ်ရှိနေတဲ့ မန်ယူနဲ့ အက်သလက်တီကို

Unicode Version

ဂျက်ဆီလင်ဂတ်ဟာ လာမယ့်ဘောလုံးရာသီကို ယူနိုက်တက်အသင်းနဲ့အတူ ဖြတ်သန်းရဖို့က မသေချာ မရေရာ ဖြစ်လို့နေတာကြောင့် သူ့ကို

စပိန်လာလီဂါချန်ပီယံ အသက်လက်တီကိုမက်ဒရစ်အသင်းကနေပါ ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ရပါတယ်

ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းရွေ့က ယူနိုက်တက် ကွင်းလယ် တိုက်စစ်ကစားသမား လင်ဂတ်ဟာ ယူနိုက်တက်မှာ

ပုံမှန်နေရာရဖို့ ရုန်းကန်နေရတာကြောင့် ဝက်စ်ဟမ်းအသင်းကို ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။

လင်ဂတ်ဟာ ဝက်စ်ဟမ်းအသင်းမှာ သူရဲ့အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြန်လည်ပြသနိုင်ခဲ့ပြီး သွင်းဂိုး (၉)ဂိုး သွင်းယူထားနိုင်ခဲ့သလို

ဂိုးဖန်တီးမှုကိုလည်း (၄)ကြိမ် လုပ်ဆောင်ထားသလို အသင်းကိုလည်း ယူရိုပါလိဂ်ဝင်ခွင့်ရအောင်ပါ ကြိုးပမ်းပေးနိုင်ခဲ့ပါတယ်။

ခြေစွမ်းကောင်းတွေ ပြသခဲ့ပေမယ့် လင်ဂတ်ဟာ ယူရို-၂၀၂ဝပြိုင်ပွဲအတွက် အင်္ဂလန်လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံခဲ့ရပေမယ့် ပြိုင်ပွဲမတိုင်ခင် ကျင်းပခဲ့ရတဲ့

၂၀၂၂ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေနဲ့ ချစ်ကြည်ရေး ခြေစမ်းပွဲတွေမှာတော့ အင်္ဂလန်အသင်းအတွက် ပြန်လည်ရွေးချယ်ခံခဲ့ရပါတယ်။

ယူနိုက်တက်က လင်ဂတ်ကို (၃)နှစ်သက်တမ်းရှိ စာချုပ်နဲ့ သက်တမ်းတိုးသွားတော့မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့်လည်း လင်ဂတ်ကို

အသင်းမှာ နေရာပေးဖို့ မလွယ်ကူတာကြောင့် ပြောင်းရွှေ့ကြေး ပေါင်သန်း(၃၀)ခန့်နဲ့ ရောင်းချသွားဖို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဝက်စ်ဟမ်းအသင်းက အသင်းမှာ ခြေစွမ်းပြခဲ့တဲ့ လင်ဂတ်ကို အပြီးသတ် ခေါ်ယူသွားချင်နေပေမယ့် ကစားသမားရဲ့ တန်ကြေးက မြင့်မားနေတဲ့အတွက်

ခက်ခဲနေရပြီး ဒီလို ဖြစ်နေတဲ့အချိန်မှာ လင်ဂတ်ကို အသက်လက်တီကိုအသင်းကနေ စတင်ပစ်မှတ်ထားလာခဲ့ပါတယ်။

လက်ရှိ အချိန်မှာ ယူနိုက်တက်ကလည်း အသက်လက်တီကို နောက်ခံအစွန်လူ ထရစ်ပီယာကို ခေါ်ယူချင်နေတာဖြစ်လို့ ထရစ်ပီယာအတွက်

ကမ်းလှမ်းမှုမှာ လင်ဂတ်ကိုပါ ထည့်သွင်းကမ်းလှမ်းလာမယ်ဆိုရင် အသက်လက်တီကိုဘက်ကနေလည်း လက်ခံသွားဖွယ် ရှိလို့နေပါတယ်။

Zawgyi Version

ဂ်က္ဆီလင္ဂတ္ဟာ လာမယ့္ေဘာလုံးရာသီကို ယူနိုက္တက္အသင္းနဲ႕အတူ ျဖတ္သန္းရဖို႔က မေသခ်ာ မေရရာ ျဖစ္လို႔ေနတာေၾကာင့္ သူ႕ကို

စပိန္လာလီဂါခ်န္ပီယံ အသက္လက္တီကိုမက္ဒရစ္အသင္းကေနပါ ေခၚယူဖို႔ စိတ္ဝင္စားေနတယ္ဆိုၿပီး သတင္းေတြ ထြက္ေပၚလာခဲ့ရပါတယ္

ၿပီးခဲ့တဲ့ ဇန္နဝါရီလ အေျပာင္းေ႐ြ႕က ယူနိုက္တက္ ကြင္းလယ္ တိုက္စစ္ကစားသမား လင္ဂတ္ဟာ ယူနိုက္တက္မွာ

ပုံမွန္ေနရာရဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ဝက္စ္ဟမ္းအသင္းကို ရာသီဝက္အငွားနဲ႕ ေျပာင္းေ႐ႊ႕ခဲ့ရပါတယ္။

လင္ဂတ္ဟာ ဝက္စ္ဟမ္းအသင္းမွာ သူရဲ႕အေကာင္းဆုံး စြမ္းေဆာင္ရည္ေတြကို ျပန္လည္ျပသနိုင္ခဲ့ၿပီး သြင္းဂိုး (၉)ဂိုး သြင္းယူထားနိုင္ခဲ့သလို

ဂိုးဖန္တီးမႈကိုလည္း (၄)ႀကိမ္ လုပ္ေဆာင္ထားသလို အသင္းကိုလည္း ယူရိုပါလိဂ္ဝင္ခြင့္ရေအာင္ပါ ႀကိဳးပမ္းေပးနိုင္ခဲ့ပါတယ္။

ေျခစြမ္းေကာင္းေတြ ျပသခဲ့ေပမယ့္ လင္ဂတ္ဟာ ယူရို-၂၀၂ဝၿပိဳင္ပြဲအတြက္ အဂၤလန္လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္မခံခဲ့ရေပမယ့္ ၿပိဳင္ပြဲမတိုင္ခင္ က်င္းပခဲ့ရတဲ့

၂၀၂၂ကမာၻ႔ဖလား ေျခစစ္ပြဲစဥ္ေတြနဲ႕ ခ်စ္ၾကည္ေရး ေျခစမ္းပြဲေတြမွာေတာ့ အဂၤလန္အသင္းအတြက္ ျပန္လည္ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

ယူနိုက္တက္က လင္ဂတ္ကို (၃)ႏွစ္သက္တမ္းရွိ စာခ်ဳပ္နဲ႕ သက္တမ္းတိုးသြားေတာ့မယ္ဆိုၿပီး သတင္းေတြ ထြက္ေပၚေနေပမယ့္လည္း လင္ဂတ္ကို

အသင္းမွာ ေနရာေပးဖို႔ မလြယ္ကူတာေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၃၀)ခန႔္နဲ႕ ေရာင္းခ်သြားဖို႔ သတင္းေတြ ထြက္ေပၚလာပါတယ္။

ဝက္စ္ဟမ္းအသင္းက အသင္းမွာ ေျခစြမ္းျပခဲ့တဲ့ လင္ဂတ္ကို အၿပီးသတ္ ေခၚယူသြားခ်င္ေနေပမယ့္ ကစားသမားရဲ႕ တန္ေၾကးက ျမင့္မားေနတဲ့အတြက္

ခက္ခဲေနရၿပီး ဒီလို ျဖစ္ေနတဲ့အခ်ိန္မွာ လင္ဂတ္ကို အသက္လက္တီကိုအသင္းကေန စတင္ပစ္မွတ္ထားလာခဲ့ပါတယ္။

လက္ရွိ အခ်ိန္မွာ ယူနိုက္တက္ကလည္း အသက္လက္တီကို ေနာက္ခံအစြန္လူ ထရစ္ပီယာကို ေခၚယူခ်င္ေနတာျဖစ္လို႔ ထရစ္ပီယာအတြက္

ကမ္းလွမ္းမႈမွာ လင္ဂတ္ကိုပါ ထည့္သြင္းကမ္းလွမ္းလာမယ္ဆိုရင္ အသက္လက္တီကိုဘက္ကေနလည္း လက္ခံသြားဖြယ္ ရွိလို႔ေနပါတယ္။