Spots news

မက်ဆီ ၊ ဘာပေ တို့မဟုတ်တဲ့ နေမာ တွဲကစားချင်တဲ့ ကစားသမား

Unicode Version

လက်ရှိ ကမ္ဘာ့ အကောင်းဆုံး စာရင်း ဝင် တိုက်စစ်မှူး နေမာ ဟာ ၂၀၁၇ ခုနှစ်မှာ ဘာစီလိုနာ ကနေ ပီအက်စ်ဂျီ အသင်း ကို ကမ္ဘာ့ စံချိန်တင် ပြောင်းရွှေ့ ကြေးနဲ့ ပြောင်းရွှေ့ သွားခဲ့ပါတယ်။

နေမာရဲ့ ဘာစီလိုနာ ကစားသမား ဘဝ ဟာ  လွယ်ကူ အဆင် ပြေ ချောမွေ့ ခဲ့တယ် လို့ ဆို ရပါမယ်။ ဆွာရက်ဇ် ၊ မက်ဆီ တို့ အပါ အဝင် ဘာစီ လိုနာ ရဲ့ ကမ္ဘာ့ အကောင်းဆုံး စာရင်း ဝင် ကစားသမား ကောင်း များစွာ နဲ့ တွဲဖက် ကစား ခဲ့ရ သူပါ။

လက်ရှိ အချိန် မှာလဲ ဘာပေ ၊ ဒီမာရီယာ တို့လို ထိပ်တန်း ကစားသမား တွေနဲ့ ကစား နေရ ပေမယ့် နေမာမှာ သူ တွဲဖက် ကစားချင် တဲ့ ကစားသမား တစ်ယောက် က သပ်သပ် ရှိလို့ နေ ပါတယ်။ သူ ကတော့ တခြားသူ မဟုတ် ပါဘူး။ ချဲဆီး ကစားသမား ဟောင်း လက်ရှိ ရီးရဲ မက်ဒရစ် တောင်ပံ ကစားသမား ဘယ်လ်ဂျီယံ နိုင်ငံသား ဟာဇက်ပဲ ဖြစ် ပါတယ်။

နေမာက ဟာဇက် နဲ့ အတူ တွဲဖက် ကစားချင် တဲ့  အကြောင်း ကို အခုလိုပဲ ပြောကြား သွားခဲ့ ပါတယ်။ နေမာက “ ကျွန်တော် တွဲဖက် ကစား ကြည့် ချင်တဲ့ ကစားသမား ကတော့ ဟာဇက် ပါပဲ ။ သူဟာ ကျွန်တော်နဲ့ ကစားပုံ တူညီ ပြီး ၊ ပြိုင်ပွဲ ကို အင်အား ပြည့် ကစားတတ် သူပါ။ တိုက်စစ် ကို ဦးဆောင် နိုင်တဲ့ ကစားသမား တစ်ဦး လဲ ဖြစ် ပါတယ် ၊ ကျွန်တော့် အနေနဲ့ သူနဲ့ တွဲ ကစားခွင့် ရချင် ပါတယ် ”လို့ ပြောကြား သွားခဲ့ တာပါ။

လက်ရှိ အချိန် မှာတော့ ဟာဇက် ဟာ ရီးရဲ မက်ဒရစ် မှာ ဒဏ်ရာ ပြဿနာ တွေနဲ့ ရုန်းကန် နေရပြီး ပုံမှန် ခြေစွမ်း ရရှိ ဖို့ပင် ခက်ခဲ နေပါတယ် လွန်ခဲ့တဲ့ နှစ်တွေက ခြေစွမ်း ဆိုရင် ဟာဇက် အနေနဲ့ .PSG ကို ရောက်ရှိဖို့ ဖြစ်နိုင် ပေမဲ့ လက်ရှိအနေ အထား မှာတော့ ဟာဇက်နဲ့ နေမာ တွဲဖက်ဖို့ မဖြစ်နိုင် သလောက်ပဲ လို့ ဆိုရမှာ ဖြစ်ပါတယ်။

Zawgyi Version

လက္ရွိ ကမာၻ႔ အေကာင္းဆုံး စာရင္း ဝင္ တိုက္စစ္မႉး ေနမာ ဟာ ၂၀၁၇ ခုႏွစ္မွာ ဘာစီလိုနာ ကေန ပီအက္စ္ဂ်ီ အသင္း ကို ကမာၻ႔ စံခ်ိန္တင္ ေျပာင္းေ႐ႊ႕ ေၾကးနဲ႕ ေျပာင္းေ႐ႊ႕ သြားခဲ့ပါတယ္။

ေနမာရဲ႕ ဘာစီလိုနာ ကစားသမား ဘဝ ဟာ လြယ္ကူ အဆင္ေျပ ေခ်ာေမြ႕ ခဲ့တယ္ လို႔ ဆို ရပါမယ္။ ဆြာရက္ဇ္ ၊ မက္ဆီ တို႔ အပါ အဝင္ ဘာစီ လိုနာ ရဲ႕ ကမာၻ.အေကာင္းဆုံး စာရင္း ဝင္ ကစားသမား ေကာင္း မ်ားစြာ နဲ႕ တြဲဖက္ ကစား ခဲ့ရ သူပါ။

လက္ရွိ အခ်ိန္ မွာလဲ ဘာေပ ၊ ဒီမာရီယာ တို႔လို ထိပ္တန္း ကစားသမား ေတြနဲ႕ ကစား ေနရ ေပမယ့္ ေနမာမွာ သူ တြဲဖက္ ကစားခ်င္ တဲ့ ကစားသမား တစ္ေယာက္ က သပ္သပ္ ရွိလို႔ ေန ပါတယ္။ သူ ကေတာ့ တျခားသူ မဟုတ္ ပါဘူး။ ခ်ဲဆီး ကစားသမား ေဟာင္း လက္ရွိ ရီးရဲ မက္ဒရစ္ ေတာင္ပံ ကစားသမား ဘယ္လ္ဂ်ီယံ နိုင္ငံသား ဟာဇက္ပဲ ျဖစ္ ပါတယ္။

ေနမာက ဟာဇက္ နဲ႕ အတူ တြဲဖက္ ကစားခ်င္ တဲ့ အေၾကာင္း ကို အခုလိုပဲ ေျပာၾကား သြားခဲ့ ပါတယ္။ ေနမာက “ ကြၽန္ေတာ္ တြဲဖက္ ကစား ၾကည့္ ခ်င္တဲ့ ကစားသမား ကေတာ့ ဟာဇက္ ပါပဲ ။ သူဟာ ကြၽန္ေတာ္နဲ႕ ကစားပုံ တူညီ ၿပီး ၊ ၿပိဳင္ပြဲ ကို အင္အား ျပည့္ ကစားတတ္ သူပါ။ တိုက္စစ္ ကို ဦးေဆာင္ နိုင္တဲ့ ကစားသမား တစ္ဦး လဲ ျဖစ္ ပါတယ္ ၊ ကြၽန္ေတာ့္ အေနနဲ႕ သူနဲ႕ တြဲ ကစားခြင့္ ရခ်င္ ပါတယ္ ”လို႔ ေျပာၾကား သြားခဲ့ တာပါ။

လက္ရွိ အခ်ိန္ မွာေတာ့ ဟာဇက္ ဟာ ရီးရဲ မက္ဒရစ္ မွာ ဒဏ္ရာ ျပႆနာ ေတြနဲ႕ ႐ုန္းကန္ ေနရၿပီး ပုံမွန္ ေျခစြမ္း ရရွိ ဖို႔ပင္ ခက္ခဲ ေနပါတယ္ လြန္ခဲ့တဲ့ ႏွစ္ေတြက ေျခစြမ္း ဆိုရင္ ဟာဇက္ အေနနဲ႕ .PSG ကို ေရာက္ရွိဖို႔ ျဖစ္နိုင္ ေပမဲ့ လက္ရွိအေန အထား မွာေတာ့ ဟာဇက္နဲ႕ ေနမာ တြဲဖက္ဖို႔ မျဖစ္နိုင္ သေလာက္ပဲ လို႔ ဆိုရမွာ ျဖစ္ပါတယ္။