Spots news

Golden Boy ဆုမှာ ဆန်ကာတင်ပါလာတဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်နှစ်ပွင့်

Unicode Version

ယခုနှစ် လူငယ်ကစားသမား တွေကိုပေးအပ်တဲ့ ရွှေဘောလုံးဆုအတွက် ဆန်ကာတင်ကစားသမားစာရင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့

လူငယ် ကစားသမားနှစ်ယောက်ဖြစ်တဲ့ မေဆင်ဂရင်းဝုဒ်နဲ့ အာမက် ဒီယာလိုတို့ ပါဝင်လာခဲ့ကြပါတယ်။

ပြက္ခဒိန်နှစ် တစ်နှစ်အတွင်း ဥရောပမှာရှိတဲ့ အကောင်းဆုံး လူငယ်ကစားသမား အယောက် ၁၀၀ စာရင်း ကနေ ၈၀ ယောက်စာရင်း

ဆန်ကာတင် ထပ်မံရွေးချယ်ရာမှာ ယူနိုက်တက် ကြယ်ပွင့် လူငယ် တိုက်စစ်မှူးနှစ်ဦးက ပါဝင်သွားခဲ့တာဖြစ်ပါတယ်။

မနှစ်က လူငယ် ရွှေဘောလုံးဆုအတွက် နောက်ဆုံးအဆင့် ကစားသမား ရွေးချယ်ရာမှာ ဂရင်းဝုဒ်က အဆင့် ၁၂ နေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

သို့ပေမယ့် ဂရင်းဝုဒ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ယူနိုက်တက် အသင်း အတွက် ပြိုင်ပွဲစုံ ၁၂ ဂိုးသွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

အာမက် ဒီယာလိုကတော့ အတ္တလန်တာအသင်းကနေ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွေ့လာပြီးနောက် စီနီယာ အသင်းကြီး အတွက် ပွဲစဥ် ၈ ပွဲသာ ကစားထားရသေးပါတယ်။

ဒါပေမယ့် သူဟာ အလားအလာရှိတဲ့ လူငယ်တောင်ပံတိုက်စစ်မှူးတစ်ယောက်ဖြစ်ပြီး နိုင်ငံ အသင်းအတွက်လဲ ခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။

လူငယ်ရွှေဘောလုံးဆု( Golden Boy) ဆုကိုတော့ ယူနိုက်တက် ကစားသမားတွေထဲက ဝိန်းရွန်းနီ (၂၀၀၄)၊ အန်ဒါဆင် (၂၀၀၈) နဲ့

အန်သိုနီမာရှယ် (၂၀၁၅) တို့က ရယူဖူးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဒီဆုကို နော်ဝေကြယ်ပွင့် အားလင်း ဟားလန်းက ဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

Zawgyi Version

ယခုႏွစ္ လူငယ္ကစားသမား ေတြကိုေပးအပ္တဲ့ ေ႐ႊေဘာလုံးဆုအတြက္ ဆန္ကာတင္ကစားသမားစာရင္းမွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းရဲ႕

လူငယ္ ကစားသမားႏွစ္ေယာက္ျဖစ္တဲ့ ေမဆင္ဂရင္းဝုဒ္နဲ႕ အာမက္ ဒီယာလိုတို႔ ပါဝင္လာခဲ့ၾကပါတယ္။

ျပကၡဒိန္ႏွစ္ တစ္ႏွစ္အတြင္း ဥေရာပမွာရွိတဲ့ အေကာင္းဆုံး လူငယ္ကစားသမား အေယာက္ ၁၀၀ စာရင္း ကေန ၈၀ ေယာက္စာရင္း

ဆန္ကာတင္ ထပ္မံေ႐ြးခ်ယ္ရာမွာ ယူနိုက္တက္ ၾကယ္ပြင့္ လူငယ္ တိုက္စစ္မႉးႏွစ္ဦးက ပါဝင္သြားခဲ့တာျဖစ္ပါတယ္။

မႏွစ္က လူငယ္ ေ႐ႊေဘာလုံးဆုအတြက္ ေနာက္ဆုံးအဆင့္ ကစားသမား ေ႐ြးခ်ယ္ရာမွာ ဂရင္းဝုဒ္က အဆင့္ ၁၂ ေနရာနဲ႕သာ ေက်နပ္ခဲ့ရပါတယ္။

သို႔ေပမယ့္ ဂရင္းဝုဒ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ယူနိုက္တက္ အသင္း အတြက္ ၿပိဳင္ပြဲစုံ ၁၂ ဂိုးသြင္းယူေပးနိုင္ခဲ့သလို ဂိုးဖန္တီးမႈ ၅ ႀကိမ္အထိ ျပဳလုပ္ေပးနိုင္ခဲ့ပါတယ္။

အာမက္ ဒီယာလိုကေတာ့ အတၱလန္တာအသင္းကေန အိုးလ္ထရက္ဖို႔ဒ္သို႔ ေျပာင္းေ႐ြ႕လာၿပီးေနာက္ စီနီယာ အသင္းႀကီး အတြက္ ပြဲစဥ္ ၈ ပြဲသာ ကစားထားရေသးပါတယ္။

ဒါေပမယ့္ သူဟာ အလားအလာရွိတဲ့ လူငယ္ေတာင္ပံတိုက္စစ္မႉးတစ္ေယာက္ျဖစ္ၿပီး နိုင္ငံ အသင္းအတြက္လဲ ေျခစြမ္းျပ ကစားနိုင္ခဲ့ပါတယ္။

လူငယ္ေ႐ႊေဘာလုံးဆု( Golden Boy) ဆုကိုေတာ့ ယူနိုက္တက္ ကစားသမားေတြထဲက ဝိန္း႐ြန္းနီ (၂၀၀၄)၊ အန္ဒါဆင္ (၂၀၀၈) နဲ႕

အန္သိုနီမာရွယ္ (၂၀၁၅) တို႔က ရယူဖူးခဲ့ၾကပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ကေတာ့ ဒီဆုကို ေနာ္ေဝၾကယ္ပြင့္ အားလင္း ဟားလန္းက ဆြတ္ခူးသြားနိုင္ခဲ့ပါတယ္။