Spots news

ဗာရန်းနဲ့ ပုဂ္ဂိုလ်ရေး သဘောတူညီမှု ရရှိအပြီး ရီးရဲလ်နဲ့ တရားဝင်စတင် ဆွေးနွေးလိုက်တဲ့ မန်ယူ

Unicode Version

မန်ချက်စတာ ယူနိုက်တက်နဲ့ စပိန်  ရီးရဲလ်မက်ဒရစ်တို့ဟာ ယူနိုက်တက်အသင်းရဲ့ ပစ်မှတ် နောက်ခံလူ ဗာရန်းအတွက် တရားဝင် ဆွေးနွေးမှုတွေ

စတင်လုပ်‌ဆောင်နေပြီ ဖြစ်ကြောင်းနာမည်ကြီး စပိန်အခြေစိုက် သတင်းဌာနတွေနဲ့ အင်္ဂလန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၈နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် လက်ရွေးစင် ဗာရန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်တော့တဲ့ ကစားသမား ဖြစ်ပြီး

ရီးရဲလ်မက်ဒရစ်အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆွေးနွေးနေပေမယ့် ဗာရန်းကတော့ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ချင်နေပါတယ်။

ဗာရန်းကဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆယ်စုနှစ် တစုကြာ ခြေစွမ်းပြ ကစားခဲ့သလို အသင်းနဲ့ ရယူနိုင်တဲ့ ဆုဖလားအစုံ ကို ရယူနိုင်ခဲ့တာကြောင့်

စာချုပ်သစ်ကိုငြင်းဆန်မှုဟာ ငွေကြေးကြောင့် မဟုတ်ပဲ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ချင်တာ ဖြစ်ပြီး ပရီးမီးယားလိဂ်က ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့ချင်နေတာ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်ဟာ ဗာရန်းနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရယူနိုင်ပြီလို့ သတင်းထွက်နေပြီး ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဗာရန်းရဲ့ ပြောင်းရွေးကြေး အတွက်

ဆွေးနွေးမှုတွေ စတင်ခဲ့တာ ဖြစ်ကာ နှစ်သင်းကြားမှာ သဘောတူညီမှု ရဖို့ နီးစပ်နေကြောင်း နာမည်ကြီး စပိန် သတင်းဌာနတွေက ဆိုပါတယ်။

ရီးရဲလ်မက်ဒရစ် ဥက္ကဌ ပီရက်ဇ်နဲ့ ဗာရန်းတို့ရဲ့ ဆက်ဆံရေးဟာ ကောင်းမွန်တာကြောင့် ရီးရဲလ်အနေနဲ့ ဗာရန်းကို မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရောင်းချရာမှာ မြင့်မားတဲ့

ပြောင်းရွှေ့ကြေးထက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေးသာ တောင်းဆိုဖွယ် ရှိကြောင်း ရီးရဲလ်မက်ဒရစ်အသင်းနဲ့ နီးစပ်သူတွေက ဆိုထားပါတယ်။

The Mirror သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့ ကြားမှာ ဗာရန်းရဲ့ အပြောင်းအရွှေ့ အတွက်

သဘောတူညီမှု ရဖို့နီးစပ်နေကာ ဗာရန်းရဲ့ ပြောင်းရွှေ့ကြေးဟာ စုစုပေါင်း ပေါင် ၄၀သန်း ဝန်းကျင် ရှိနိုင်တယ် လို့ ဖော်ပြထားပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္နဲ႕ စပိန္  ရီးရဲလ္မက္ဒရစ္တို႔ဟာ ယူနိုက္တက္အသင္းရဲ႕ ပစ္မွတ္ ေနာက္ခံလူ ဗာရန္းအတြက္ တရားဝင္ ေဆြးေႏြးမႈေတြ

စတင္လုပ္‌ေဆာင္ေနၿပီ ျဖစ္ေၾကာင္းနာမည္ႀကီး စပိန္အေျခစိုက္ သတင္းဌာနေတြနဲ႕ အဂၤလန္အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

အသက္ ၂၈ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ ျပင္သစ္ လက္ေ႐ြးစင္ ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ေတာ့တဲ့ ကစားသမား ျဖစ္ၿပီး

ရီးရဲလ္မက္ဒရစ္အသင္းက သူ႕ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ေဆြးေႏြးေနေပမယ့္ ဗာရန္းကေတာ့ စိန္ေခၚမႈအသစ္ေတြနဲ႕ ရင္ဆိုင္ခ်င္ေနပါတယ္။

ဗာရန္းကဟာ ရီးရဲလ္မက္ဒရစ္အသင္းမွာ ဆယ္စုႏွစ္ တစုၾကာ ေျခစြမ္းျပ ကစားခဲ့သလို အသင္းနဲ႕ ရယူနိုင္တဲ့ ဆုဖလားအစုံ ကို ရယူနိုင္ခဲ့တာေၾကာင့္

စာခ်ဳပ္သစ္ကိုျငင္းဆန္မႈဟာ ေငြေၾကးေၾကာင့္ မဟုတ္ပဲ စိန္ေခၚမႈအသစ္ေတြကို ရင္ဆိုင္ခ်င္တာ ျဖစ္ၿပီး ပရီးမီးယားလိဂ္က ယူနိုက္တက္ အသင္းထံ ေျပာင္းေ႐ႊ႕ခ်င္ေနတာ ျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ယူနိုက္တက္ဟာ ဗာရန္းနဲ႕ ပုဂၢိဳလ္ေရးဆိုင္ရာ သေဘာတူညီမႈ ရယူနိုင္ၿပီလို႔ သတင္းထြက္ေနၿပီး ရီးရဲလ္မက္ဒရစ္အသင္းနဲ႕ ဗာရန္းရဲ႕ ေျပာင္းေ႐ြးေၾကး အတြက္

ေဆြးေႏြးမႈေတြ စတင္ခဲ့တာ ျဖစ္ကာ ႏွစ္သင္းၾကားမွာ သေဘာတူညီမႈ ရဖို႔ နီးစပ္ေနေၾကာင္း နာမည္ႀကီး စပိန္ သတင္းဌာနေတြက ဆိုပါတယ္။

ရီးရဲလ္မက္ဒရစ္ ဥကၠဌ ပီရက္ဇ္နဲ႕ ဗာရန္းတို႔ရဲ႕ ဆက္ဆံေရးဟာ ေကာင္းမြန္တာေၾကာင့္ ရီးရဲလ္အေနနဲ႕ ဗာရန္းကို မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေရာင္းခ်ရာမွာ ျမင့္မားတဲ့

ေျပာင္းေ႐ႊ႕ေၾကးထက္ သင့္ေတာ္တဲ့ ေျပာင္းေ႐ႊ႕ေၾကးသာ ေတာင္းဆိုဖြယ္ ရွိေၾကာင္း ရီးရဲလ္မက္ဒရစ္အသင္းနဲ႕ နီးစပ္သူေတြက ဆိုထားပါတယ္။

The Mirror သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာ ယူနိုက္တက္အသင္းနဲ႕ ရီးရဲလ္မက္ဒရစ္အသင္းတို႔ ၾကားမွာ ဗာရန္းရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္

သေဘာတူညီမႈ ရဖို႔နီးစပ္ေနကာ ဗာရန္းရဲ႕ ေျပာင္းေ႐ႊ႕ေၾကးဟာ စုစုေပါင္း ေပါင္ ၄၀သန္း ဝန္းက်င္ ရွိနိုင္တယ္ လို႔ ေဖာ္ျပထားပါတယ္။