Spots news

လက်ရှိအချိန်ထိ ကလပ်အသင်းလက်မဲ့ ဖြစ်နေတဲ့ ဝါရင့်တိုက်စစ်မှူး ကော်စတာ

Unicode Version

အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း စပိန် ဝါရင့်တိုက်စစ်မှူးကြီး ဒီယေဂိုကော်စတာဟာ မကြာသေးမီက

လီဂူးကလပ် မာဆေးလ်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မာဆေးလ်ဘက်က ကော်စတာကို ခေါ်ယူသွားဖို့ မရှိဘူးလို့ ငြင်းဆန်သွားခဲ့ပါတယ်။

အသက်(၃၂)နှစ်အရွှယ်ရှိ တိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ ဒဏ်ရာပြသာနာများ နဲ့အတူ ခြေစွမ်းပိုင်း ကျဆင်းမှု ရှိလာတာကြောင့်

အက်သလက်တီကိုအသင်းနဲ့ နှစ်ဦးသဘောတူ စာချုပ်ဖျက်သိမ်းခဲ့ပြီး လက်ရှိအချိန်ထိ အသင်းလက်မဲ့ ဖြစ်နေ သေးတာပါ။

ကော်စတာဟာ အက်သလက်တီကို ၊ ချယ်လ်ဆီးစတဲ့ ဥရောပ ထိပ်တန်းကလပ် တွေမှာ ပါဝင်ကစားခဲ့ဖူးတဲ့ ထိပ်တန်းတိုက်စစ် ကစားသမားတစ်ယောက်

ဖြစ်ပြီး ယူရိုပါလိဂ် ဥရောပစူပါဖလား လာလီဂါနဲ့ ပရီးမီးယားလိဂ်တို့လို အဓိကဆုဖလားများစွာကို ရယူနိုင်ခဲ့တဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။

ကော်စတာလို ခြေစွမ်းကောင်းမွန်တဲ့ ဝါရင့် တိုက်စစ်မှူး တစ်ယောက်ကို ခေါ်ယူချင်တဲ့ ကလပ်အသင်းပေါင်းများစွာ ရှိနေပေမယ့် အသင်းလက်မဲ့ ဖြစ်နေရတဲ့

အကြောင်းရင်းက သူ့ရဲ့ မြင့်မားတဲ့ လုပ်ခလစာဖြစ်နေတာပါ။ သူဟာ တစ်ပတ်လုပ်ခ ပေါင် ၂ သိန်းခွဲအထိ ပေးချေရတဲ့ တိုက်စစ်မှူး ဖြစ်ပါတယ်။

ကော်စတာကို တူရကီ ကလပ် ဖီနာဘာချီ ၊ ဂါလာတာစာရေး၊ ပေါ်တူဂီကလပ် ဘင်ဖီကာ ၊ ပြင်သစ်လီဂူးကလပ် မာဆေးလ်အသင်းတွေက ခေါ်ယူဖို့

ချိတ်ဆက်ခဲ့ပေမယ့် ကော်စတာရဲ့ လုပ်ခလစာက မြင့်မားလွန်းနေတာကြောင့် ခေါ်ယူဖို့အတွက် တွန့်ဆုတ်နေရတာဖြစ်ပါတယ်။

လက်ရှိမှာ အသင်းလက်မဲ့ဖြစ်နေပေမယ့် လုပ်ခလာ လျော့ယူပါက ကော်စတာလို ဥရောပ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားတဲ့

တိုက်စစ် ကစားသမားတစ်ဦးကိုတော့ တိုက်စစ်ပိုင်း လိုအပ်ချက်ရှိတဲ့ ကလပ်အသင်းတစ်သင်းသင်းက ဒီနွေစျေးကွက်အတွင်းမှာပဲ အရ ခေါ်ယူမှာပါ။

Zawgyi Version

အက္သလက္တီကို မက္ဒရစ္အသင္းနဲ႕ စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီးေနာက္ပိုင္း စပိန္ ဝါရင့္တိုက္စစ္မႉးႀကီး ဒီေယဂိုေကာ္စတာဟာ မၾကာေသးမီက

လီဂူးကလပ္ မာေဆးလ္အသင္းနဲ႕ အေျပာင္းအေ႐ႊ႕သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ မာေဆးလ္ဘက္က ေကာ္စတာကို ေခၚယူသြားဖို႔ မရွိဘူးလို႔ ျငင္းဆန္သြားခဲ့ပါတယ္။

အသက္(၃၂)ႏွစ္အ႐ႊယ္ရွိ တိုက္စစ္မႉး ဒီေယဂိုေကာ္စတာဟာ ဒဏ္ရာျပသာနာမ်ား နဲ႕အတူ ေျခစြမ္းပိုင္း က်ဆင္းမႈ ရွိလာတာေၾကာင့္

အက္သလက္တီကိုအသင္းနဲ႕ ႏွစ္ဦးသေဘာတူ စာခ်ဳပ္ဖ်က္သိမ္းခဲ့ၿပီး လက္ရွိအခ်ိန္ထိ အသင္းလက္မဲ့ ျဖစ္ေန ေသးတာပါ။

ေကာ္စတာဟာ အက္သလက္တီကို ၊ ခ်ယ္လ္ဆီးစတဲ့ ဥေရာပ ထိပ္တန္းကလပ္ ေတြမွာ ပါဝင္ကစားခဲ့ဖူးတဲ့ ထိပ္တန္းတိုက္စစ္ ကစားသမားတစ္ေယာက္

ျဖစ္ၿပီး ယူရိုပါလိဂ္ ဥေရာပစူပါဖလား လာလီဂါနဲ႕ ပရီးမီးယားလိဂ္တို႔လို အဓိကဆုဖလားမ်ားစြာကို ရယူနိုင္ခဲ့တဲ့ တိုက္စစ္မႉး ျဖစ္ပါတယ္။

ေကာ္စတာလို ေျခစြမ္းေကာင္းမြန္တဲ့ ဝါရင့္ တိုက္စစ္မႉး တစ္ေယာက္ကို ေခၚယူခ်င္တဲ့ ကလပ္အသင္းေပါင္းမ်ားစြာ ရွိေနေပမယ့္ အသင္းလက္မဲ့ ျဖစ္ေနရတဲ့

အေၾကာင္းရင္းက သူ႕ရဲ႕ ျမင့္မားတဲ့ လုပ္ခလစာျဖစ္ေနတာပါ။ သူဟာ တစ္ပတ္လုပ္ခ ေပါင္ ၂ သိန္းခြဲအထိ ေပးေခ်ရတဲ့ တိုက္စစ္မႉး ျဖစ္ပါတယ္။

ေကာ္စတာကို တူရကီ ကလပ္ ဖီနာဘာခ်ီ ၊ ဂါလာတာစာေရး၊ ေပၚတူဂီကလပ္ ဘင္ဖီကာ ၊ ျပင္သစ္လီဂူးကလပ္ မာေဆးလ္အသင္းေတြက ေခၚယူဖို႔

ခ်ိတ္ဆက္ခဲ့ေပမယ့္ ေကာ္စတာရဲ႕ လုပ္ခလစာက ျမင့္မားလြန္းေနတာေၾကာင့္ ေခၚယူဖို႔အတြက္ တြန႔္ဆုတ္ေနရတာျဖစ္ပါတယ္။

လက္ရွိမွာ အသင္းလက္မဲ့ျဖစ္ေနေပမယ့္ လုပ္ခလာ ေလ်ာ့ယူပါက ေကာ္စတာလို ဥေရာပ အေတြ႕အႀကဳံေကာင္းေတြ ပိုင္ဆိုင္ထားတဲ့

တိုက္စစ္ ကစားသမားတစ္ဦးကိုေတာ့ တိုက္စစ္ပိုင္း လိုအပ္ခ်က္ရွိတဲ့ ကလပ္အသင္းတစ္သင္းသင္းက ဒီေႏြေစ်းကြက္အတြင္းမွာပဲ အရ ေခၚယူမွာပါ။