Spots news

လင်ဂတ်အတွက် သတ်မှတ်ထားတဲ့ဈေးနှုန်းကို တပြားမှ မလျော့ပေးနိုင်တဲ့ ယူနိုက်တက်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကွင်းလယ်တိုက်စစ်ကစားသမား ဂျက်စီ လင်ဂတ်အတွက် ပြောင်းရွှေ့ကြေး သတ်မှတ်လိုက်‌ ကြောင်း သတင်းများအရ သိရပါတယ်။

အသက် (၂၈) အရွယ် အင်္ဂလန်ကွင်းလယ် လူဟာ ယူနိုက်တက်မှာ ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးပြီးနောက် ပြီးခဲ့ရတဲ့ ဘောလုံးရာသီရဲ့ ဒုတိယရာသီဝက်မှာ ဝက်စ်ဟမ်းအသင်းထံ အငှားချခြင်းခံခဲ့ရတာပါ။

သို့ပေမယ့် လင်ဂတ်ဟာ ဆရာဟောင်းဖြစ်သူ နည်းပြမိုရက်စ်ရဲ့ လက်အောက်မှာ ဝက်စ်ဟမ်းအသင်းအတွက် အကောင်းမွန်ဆုံးခြေစွမ်းတွေ

ပြသနိုင်ခဲ့လို့ ဝက်စ်ဟမ်းက အပီးသတ်ခေါ်ယူဖို့ စိတ်ဝင်စားနေသလို အခြားကလပ်အသင်းအချို့ကလည်း အငှားခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

ယူနိုက်တက်ဘက်ကတော့ လင်ဂတ်ကို အပြီးသတ်ရောင်းချဖို့သာ စီစဥ်ထားပြီး ပြောင်းရွှေ့ကြေး ပေါင် သန်း (၄၀) သတ်မှတ်ထားပါတယ်။

ကမ်းလှမ်းမှုများကိုလဲ ယခုလကုန်အထိသာလက်ခံစဥ်းစားသွားမှာဖြစ်တယ်လို့သိရပါတယ်။

ယူနိုက်တက်ဘက် ကတောင်းဆိုထားတဲ့ ပြောင်းရွေ့ကြေး ပမာဏများနေမှုကြောင့် လက်လျှော့သွားဖွယ်ရှိနေပါတယ်။

ယူနိုက်တက်ဟာ လင်ဂတ်အတွက် ဈေးကိုင်နေတာဖြစ်ပြီး ပေါင် သန်း (၄၀) ကို တစ်ပြားမှ မလျော့ဟု ပြောဆိုထားပြီး

ပေါင် သန်း (၄၀) အောက် ကမ်းလှမ်းမှုများကိုလည်း ပယ်ချသွားဖွယ်ရှိနေပါတယ်။

ထို့ကြောင့် လင်ဂတ်ရဲ့ အပြောင်းအရွှေ့ဟာ ဒီရာသီမှာ ဖြစ်မြောက်လာဖွယ် နည်းပါးပြီး ခေါ်ယူနိုင်မယ့် အသင်းမရှိပါက ယူနိုက်တက်မှာသာ

ဆက်လက်ရှိနေဦးမှာ ဖြစ်ပါတယ်။ လင်ဂတ်နဲ့ ယူနိုက်တက် စာချုပ်သစ် ချုပ်ဆိုမယ့် အရိပ်အယောင်မတွေ့ရသေးပါဘူး။

Zawgyi Version








