Unicode Version
ရီးရဲလ်မက်ဒရစ် အသင်းရဲ့ ပြင်သစ်လက်ရွေးစင် နောက်ခံလူ ဗာရန်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ဖို့ အတွက် သဘောတူညီပြီ ဖြစ်ကြောင်း ဥရောပအခြေစိုက် နာမည်ကြီးသတင်းဌာန ဖြစ်တဲ့ The Sun က ဖော်ပြသွားပါတယ်။
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ နောက်ခံအင်အား ဖြည့်တင်းဖို့ အတွက် ပြင်ဆင်နေတဲ့ အသင်းဖြစ်ပြီး ရီးရဲလ်မက်ဒရစ် နောက်ခံလူ ဗာရန်း အပြင် အက်သလက်တီကို အသင်းရဲ့ နောက်ခံလူ ထရစ်ပီယာကိုပါ စုစုပေါင်း ပေါင် ၆၈သန်းလောက် နဲ့ အရယူနိုင်ဖို့ အတွက် ကြိူးစားလျက် ရှိကြောင်းသိရပါတယ်။
ယူနိုက်တက် အသင်းဟာ မကြာသေးခင်ကမှ ဒေါ့မွန်အသင်းရဲ့ အင်္ဂလန် ကြယ်ပွင့် တောင်ပံကစားသမား ဂျော်ဒန် ဆန်ချိုကို ပေါင် ၇၂.၉သန်းဖြင့် သဘောတူညီမှု ရယူပြီး အပြီးသတ်ခေါ်ယူနိုင်ထားတဲ့ အသင်းလဲ ဖြစ်ပါတယ်။
လက်ရှိအချိန်မှာ ပြင်သစ်သား နောက်ခံလူ ဗာရန်း နဲ့ ယူနိုက်တက်တို့ တွေကြား ကာလရှည်သက်တမ်း ၅ နှစ်စာချုပ်နဲ့ သဘောတူညီမှု ရရှိပြီး ဖြစ်ပေမယ့် ကစားသမားရဲ့ လုပ်ခ လစာကိုတော့ ဆွေးနွေးလျက် ရှိနေသေးကြောင်း သိရပါတယ်။
ဗာရန်းဟာ ရီးရဲလ်မက်ဒရစ် အသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်တော့တာ ဖြစ်ပြီး ဗာရန်းဟာ စာချုပ်သက်တမ်း ထပ်မံတိုးတော့မှာ မဟုတ်တဲ့ အတွက်
လာမယ့်ရာသီမှာ အလွတ်ပြောင်းရွေ့ကြေးနဲ့ လက်လွတ်ရဖွယ်ရှိတာကြောင့် လက်ရှိ တစ်နှစ် ကျန်သေးချိန်မှာ ပြောင်းရွှေ့ကြေးရဖို့ ရောင်းထုတ်နိုင်ရေး စီစဥ်နေတာလည်း ဖြစ်ပါတယ်။
လက်ရှိ သတင်းတွေရဲ့ ဖော်ပြချက်တွေအရ ယူနိုက်တက် အသင်းဟာ ဗာရန်းအတွက် ပြောင်းရွေ့ကြေး ပေါင် သန်း ၅၀ လောက် အသုံးပြဖို့ ရည်မှန်းထားပြီး ထရစ်ပီယာ အတွက်ကိုတော့ ၁၈သန်း ထိသုံးပြီး ခေါ်ယူနိုင်ဖို့ စီစဥ်နေတာလို့ သိရပါတယ်။
ယူနိုက်တက် အသင်းဟာ ကစားသမား နှစ်ဦးစလုံးအတွက် ရီးရဲလ် နဲ့ အက်သလက်တီအသင်းတို့ဖြင့် ဆွေးနွေးနေမှုတွေဟာ နောက်ဆုံး အဆင့်တွေကို ရောက်နေပြီလို့ သိရပြီး မကြာခင် ရက်သတ္တပတ် အကုန်လောက်မှာ အတည်ပြု ထုတ်ပြန်ပေးနိုင်ဖွယ် ရှိကြောင်း သိရပါတယ်။
Zawgyi Version
ရီးရဲလ္မက္ဒရစ္ အသင္းရဲ႕ ျပင္သစ္လက္ေ႐ြးစင္ ေနာက္ခံလူ ဗာရန္းဟာ မန္ခ်က္စတာ ယူနိုက္တက္အသင္းထံ ေျပာင္းေ႐ႊ႕ဖို႔ အတြက္ သေဘာတူညီၿပီ ျဖစ္ေၾကာင္း ဥေရာပအေျခစိုက္ နာမည္ႀကီးသတင္းဌာန ျဖစ္တဲ့ The Sun က ေဖာ္ျပသြားပါတယ္။
မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ေနာက္ခံအင္အား ျဖည့္တင္းဖို႔ အတြက္ ျပင္ဆင္ေနတဲ့ အသင္းျဖစ္ၿပီး ရီးရဲလ္မက္ဒရစ္ ေနာက္ခံလူ ဗာရန္း အျပင္ အက္သလက္တီကို အသင္းရဲ႕ ေနာက္ခံလူ ထရစ္ပီယာကိုပါ စုစုေပါင္း ေပါင္ ၆၈သန္းေလာက္ နဲ႕ အရယူနိုင္ဖို႔ အတြက္ ႀကိဴးစားလ်က္ ရွိေၾကာင္းသိရပါတယ္။
ယူနိုက္တက္ အသင္းဟာ မၾကာေသးခင္ကမွ ေဒါ့မြန္အသင္းရဲ႕ အဂၤလန္ ၾကယ္ပြင့္ ေတာင္ပံကစားသမား ေဂ်ာ္ဒန္ ဆန္ခ်ိဳကို ေပါင္ ၇၂.၉သန္းျဖင့္ သေဘာတူညီမႈ ရယူၿပီး အၿပီးသတ္ေခၚယူနိုင္ထားတဲ့ အသင္းလဲ ျဖစ္ပါတယ္။
လက္ရွိအခ်ိန္မွာ ျပင္သစ္သား ေနာက္ခံလူ ဗာရန္း နဲ႕ ယူနိုက္တက္တို႔ ေတြၾကား ကာလရွည္သက္တမ္း ၅ ႏွစ္စာခ်ဳပ္နဲ႕ သေဘာတူညီမႈ ရရွိၿပီး ျဖစ္ေပမယ့္ ကစားသမားရဲ႕ လုပ္ခ လစာကိုေတာ့ ေဆြးေႏြးလ်က္ ရွိေနေသးေၾကာင္း သိရပါတယ္။
ဗာရန္းဟာ ရီးရဲလ္မက္ဒရစ္ အသင္းနဲ႕ စာခ်ဳပ္သက္တမ္း တစ္ႏွစ္သာ က်န္ေတာ့တာ ျဖစ္ၿပီး ဗာရန္းဟာ စာခ်ဳပ္သက္တမ္း ထပ္မံတိုးေတာ့မွာ မဟုတ္တဲ့ အတြက္
လာမယ့္ရာသီမွာ အလြတ္ေျပာင္းေ႐ြ႕ေၾကးနဲ႕ လက္လြတ္ရဖြယ္ရွိတာေၾကာင့္ လက္ရွိ တစ္ႏွစ္ က်န္ေသးခ်ိန္မွာ ေျပာင္းေ႐ႊ႕ေၾကးရဖို႔ ေရာင္းထုတ္နိုင္ေရး စီစဥ္ေနတာလည္း ျဖစ္ပါတယ္။
လက္ရွိ သတင္းေတြရဲ႕ ေဖာ္ျပခ်က္ေတြအရ ယူနိုက္တက္ အသင္းဟာ ဗာရန္းအတြက္ ေျပာင္းေ႐ြ႕ေၾကး ေပါင္ သန္း ၅၀ ေလာက္ အသုံးျပဖို႔ ရည္မွန္းထားၿပီး ထရစ္ပီယာ အတြက္ကိုေတာ့ ၁၈သန္း ထိသုံးၿပီး ေခၚယူနိုင္ဖို႔ စီစဥ္ေနတာလို႔ သိရပါတယ္။
ယူနိုက္တက္ အသင္းဟာ ကစားသမား ႏွစ္ဦးစလုံးအတြက္ ရီးရဲလ္ နဲ႕ အက္သလက္တီအသင္းတို႔ျဖင့္ ေဆြးေႏြးေနမႈေတြဟာ ေနာက္ဆုံး အဆင့္ေတြကို ေရာက္ေနၿပီလို႔ သိရၿပီး မၾကာခင္ ရက္သတၱပတ္ အကုန္ေလာက္မွာ အတည္ျပဳ ထုတ္ျပန္ေပးနိုင္ဖြယ္ ရွိေၾကာင္း သိရပါတယ္။