Spots news

အချက်အလက်တွေအရ ဒီဘရိုင်းထက် သာလွန်နေတဲ့ ယူနိုက်တက်ကစားသမားသစ် ဆန်ချို

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီနွေရာသီ အပြောင်းအရွေ့ကာလမှာ အသင်းရဲ့အဓိက ပစ်မှတ် ကစားသမားဖြစ်တဲ့ ဆန်ချိုကို ဒေါ့မွန်အသင်းကနေ ပေါင်သန်း ၇၀ ကျော်ဖြင့်အရယူခေါ်ယူနိုင်ခဲ့ပါတယ်။

ဆန်ချိုဟာ မန်စီးတီး အသင်းရဲ့ လူငယ် ကစားသမားတစ်ဦး ဖြစ်ခဲ့ပြီး ၂၀၁၇ မှာ  ဘွန်ဒက်စ်လီဂါ ကလပ် ဒေါ့မွန်အသင်းကို ပြောင်းရွေ့ခဲ့တာ

ဖြစ်ပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလို ဥရောပရဲ့ တိုးတက်လာမယ့် လူငယ် ကြယ်ပွင့် ကစားသမားအဖြစ် သတ်မှတ်ခြင်းခံခဲ့ရပါတယ်။

ဆန်ချိုဟာ ဒေါ့မွန် ကစားသမားဘဝမှာ ပွဲပေါင်း ၁၃၇ ပွဲ ကစားခဲ့ပြီး သွင်းဂိုး စုစုပေါင်း ၅၀ ဂိုး အထိ သွင်းယူထားတဲ့အပြင် ဂိုးဖန်တီးမှု  ၆၄ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

၂၀၁၈/ ၁၉ ဘောလုံး ရာသီနောက်ပိုင်း ဂျာမန်ဘွန်ဒက်ရှ်လီဂါမှာ ဂိုးဖန်တီးမှု အကြိမ်ရေ စုစုပေါင်း ၄၁ ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့တဲ့ ဆန်ချိုဟာ

ဥရောပ ထိပ်တန်းလိဂ် ၅ ခုမှာဂိုးဖန်တီးမှု အကြိမ်ရေ တတိယမြောက် အများဆုံး ကစားသမားအဖြစ် စံချိန်ကောင်း ရယူနိုင်ခဲ့ ပါတယ်။

ဥရောပ ထိပ်တန်းလိဂ်  ၅ ခုမှာ ဂိုးဖန်တီးမှုးအများဆုံး ပြုလုပ် ထားတဲ့ ကစားသမားကတော့ ဘိုင်ယန်မြူးနစ် အသင်းရဲ့တိုက်စစ်မှုး သောမက်မူလာဖြစ်ပြီး

၄၈ ကြိမ် နဲ့ ထိပ်ဆုံးမှာ ရပ်တည်‌ နေပါတယ်။ ဘာစီလိုအသင်းရဲ့ တိုက်စစ်မှုး မက်ဆီက ဂိုးဖန်တီမှု ၄၃ ကြိမ်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမားသစ် ဆန်ချိုကတော့ ဂိုးဖန်တီးမှု ၄၁ ကြိမ်နဲ့ ရပ်တည်နေပြီး  ဖရန့်ဖတ်အသင်းက

ဖီးလစ် ကိုစတစ် နဲ့  ပီအက်စ်ဂျီအသင်းက အာဂျင်တောင်ပံကစားသမား ဒီမာရီယာတို့ကတော့ အဆင့် ၄ နဲ့ အဆင့် ၅ နေရာမှာရှိနေခဲ့ပါတယ်။

ဒါ့အပြင် ယူနိုက်တက်ရဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းက ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား ဒီဘရိုင်းကတော့ ဂိုးဖန်တီးမှု

၃၄ ကြိမ်နဲ့ အဆင့် ၆ နေရာမှာသာရှိပြီး အဆင့် ၇ နေရာမှာတော့ လီဗာပူး ခံစစ်ကစားသမားအာနိုးက ဂိုးဖန်တီးမှု ၃၂ ကြိမ် ပြုလုပ်ထား ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဒီေႏြရာသီ အေျပာင္းအေ႐ြ႕ကာလမွာ အသင္းရဲ႕အဓိက ပစ္မွတ္ ကစားသမားျဖစ္တဲ့ ဆန္ခ်ိဳကို ေဒါ့မြန္အသင္းကေန ေပါင္သန္း ၇၀ ေက်ာ္ျဖင့္အရယူေခၚယူနိုင္ခဲ့ပါတယ္။

ဆန္ခ်ိဳဟာ မန္စီးတီး အသင္းရဲ႕ လူငယ္ ကစားသမားတစ္ဦး ျဖစ္ခဲ့ၿပီး ၂၀၁၇ မွာ  ဘြန္ဒက္စ္လီဂါ ကလပ္ ေဒါ့မြန္အသင္းကို ေျပာင္းေ႐ြ႕ခဲ့တာ

ျဖစ္ၿပီး ေျခစြမ္းေကာင္းေတြ ျပသနိုင္ခဲ့သလို ဥေရာပရဲ႕ တိုးတက္လာမယ့္ လူငယ္ ၾကယ္ပြင့္ ကစားသမားအျဖစ္ သတ္မွတ္ျခင္းခံခဲ့ရပါတယ္။

ဆန္ခ်ိဳဟာ ေဒါ့မြန္ ကစားသမားဘဝမွာ ပြဲေပါင္း ၁၃၇ ပြဲ ကစားခဲ့ၿပီး သြင္းဂိုး စုစုေပါင္း ၅၀ ဂိုး အထိ သြင္းယူထားတဲ့အျပင္ ဂိုးဖန္တီးမႈ  ၆၄ ႀကိမ္ျပဳလုပ္ထားနိုင္ခဲ့တဲ့ ကစားသမားလည္း ျဖစ္ပါတယ္။

၂၀၁၈/ ၁၉ ေဘာလုံး ရာသီေနာက္ပိုင္း ဂ်ာမန္ဘြန္ဒက္ရွ္လီဂါမွာ ဂိုးဖန္တီးမႈ အႀကိမ္ေရ စုစုေပါင္း ၄၁ ႀကိမ္ အထိ ျပဳလုပ္ထားနိုင္ခဲ့တဲ့ ဆန္ခ်ိဳဟာ

ဥေရာပ ထိပ္တန္းလိဂ္ ၅ ခုမွာဂိုးဖန္တီးမႈ အႀကိမ္ေရ တတိယေျမာက္ အမ်ားဆုံး ကစားသမားအျဖစ္ စံခ်ိန္ေကာင္း ရယူနိုင္ခဲ့ ပါတယ္။

ဥေရာပ ထိပ္တန္းလိဂ္  ၅ ခုမွာ ဂိုးဖန္တီးမႈးအမ်ားဆုံး ျပဳလုပ္ ထားတဲ့ ကစားသမားကေတာ့ ဘိုင္ယန္ျမဴးနစ္ အသင္းရဲ႕တိုက္စစ္မႈး ေသာမက္မူလာျဖစ္ၿပီး

၄၈ ႀကိမ္ နဲ႕ ထိပ္ဆုံးမွာ ရပ္တည္‌ ေနပါတယ္။ ဘာစီလိုအသင္းရဲ႕ တိုက္စစ္မႈး မက္ဆီက ဂိုးဖန္တီမႈ ၄၃ ႀကိမ္နဲ႕ ဒုတိယေနရာမွာ ရွိေနပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ေတာင္ပံကစားသမားသစ္ ဆန္ခ်ိဳကေတာ့ ဂိုးဖန္တီးမႈ ၄၁ ႀကိမ္နဲ႕ ရပ္တည္ေနၿပီး  ဖရန႔္ဖတ္အသင္းက

ဖီးလစ္ ကိုစတစ္ နဲ႕  ပီအက္စ္ဂ်ီအသင္းက အာဂ်င္ေတာင္ပံကစားသမား ဒီမာရီယာတို႔ကေတာ့ အဆင့္ ၄ နဲ႕ အဆင့္ ၅ ေနရာမွာရွိေနခဲ့ပါတယ္။

ဒါ့အျပင္ ယူနိုက္တက္ရဲ႕ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းက ဘယ္လ္ဂ်ီယံ ကြင္းလယ္ကစားသမား ဒီဘရိုင္းကေတာ့ ဂိုးဖန္တီးမႈ

၃၄ ႀကိမ္နဲ႕ အဆင့္ ၆ ေနရာမွာသာရွိၿပီး အဆင့္ ၇ ေနရာမွာေတာ့ လီဗာပူး ခံစစ္ကစားသမားအာနိုးက ဂိုးဖန္တီးမႈ ၃၂ ႀကိမ္ ျပဳလုပ္ထား ပါတယ္။