Spots news

ဘာစီကထွက်ခွာမယ့် ဂရစ်ဇ်မန်းကို ပရီးမီးယားလိဂ်ကို ခေါ်ယူမယ့် ထိပ်သီးသုံးသင်း

Unicode Version

ပရီးမီးယားလိဂ် ကလပ် မန်စီးတီး ၊ လီဗာပူး နဲ့ ချယ်လ်ဆီးအသင်းတို့ဟာ ယခုနှစ် နွေရာသီ ဈေးကွက် အပြောင်းအရွေ့ကာလ အတွင်းမှာ ဘဏ္ဍာ‌ရေး

အခြေအနေကြောင့် ဘာစီလိုနာအသင်း ကနေ ထွက်ခွာရဖို့ ရှိနေတဲ့ ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ စုံစမ်းမှုတွေ ပြုလုပ်နေပါတယ်။

လက်ရှိ ဘာစီလိုနာအသင်းမှာ တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းရဲ့ အနာဂတ်က မရေမရာ ဖြစ်လာခဲ့ရပြီး ဘဏ္ဍာရေး အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပြီး

လစာပိုင်း လျော့ချမှုတွေကိုပါ လုပ်ဆောင်ရတော့မှာ ဖြစ်တာကြောင့် အသင်းက ဒီနွေစျေးကွက်အတွင်းမှာပဲ ဂရစ်ဇ်မန်းကို ရောင်းထုတ်သွားရဖွယ် ရှိနေတာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ လီယွန်နယ်မက်ဆီကိုလည်း စာချုပ်သက်တမ်းတိုးဖို့အတွက် ကစားသမား အများအပြားကို ရှင်းလင်းသွားဖို့ လိုအပ်လျက်ရှိနေပြီး ဒီကစားသမားတွေထဲမှာလည်း ဂရစ်ဇ်မန်းပါ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ ဂရစ်ဇ်မန်းနဲ့ အက်သလက်တီကို အသင်းရဲ့ ကွင်းလယ်လူ ဆာအူလ်တို့ကို အလဲအထပ် ပြုလုပ်ဖို့ ဆွေးနွေးနေပေမယ့် ဂရစ်ဇ်မန်း ကတော့ အသင်းဟောင်းထက် ပရီးမီးယားလိဂ်ဆီသာ ပြောင်းရွှေ့ကာ စိန်ခေါ်မှုအသစ်တွေကို လိုချင်နေပါတယ်။

90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ ဂရစ်ဇ်မန်းရဲ့ အေးဂျင့်ဖြစ်သူဟာ လက်ရှိမှာ မန်ချက်စတာ စီးတီး ၊ လီဗာပူး ၊ ချယ်လ်ဆီးအသင်းတို့နဲ့ ဂရစ်ဇ်မန်းရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ဆက်တိုက် ပြုလုပ် နေကြောင်း သိရပါတယ်။

မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ဟာ နွေဈေးကွက် အတွင်းမှာ ထိပ်တန်း တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ စီစဉ်နေကြတဲ့ အသင်းတွေ ဖြစ်ပြီး ဂရစ်ဇ်မန် ကိုအပြီးသတ် ခေါ်ယူမှာ

ဖြစ်ပေမယ့် လီဗာပူး အသင်းကတော့ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်ပေးနိုင်မယ့် ဂရစ်ဇ်မန်းကို တရာသီ အငှားနဲ့သာ ခေါ်ယူဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းက ဂရစ်ဇ်မန်းကို ပြောင်းရွှေ့ကြေး ပေါင် ၆၀သန်း သတ်မှတ်ထားတာ ဖြစ်ပြီး အဂူရိုရဲ့ နေရာကို အစားထိုးဖို့ ဟယ်ရီကိန်းကို ဝယ်ယူနိုင်ဖို့ ခက်ခဲနေတဲ့ မန်စီးတီးအသင်းဟာ

ဂရစ်ဇ်မန်းကို ခေါ်ယူဖို့ အတော်လေးကို စိတ်ဝင်စားနေပြီး ဂရစ်ဇ်မန်းကလည်း နည်းပြ ဂွာဒီယိုလာနဲ့ တွဲဖက် အလုပ်လုပ်လိုကြောင်း ပြောဆိုထားပါတယ်

Zawgyi Version

ပရီးမီးယားလိဂ္ ကလပ္ မန္စီးတီး ၊ လီဗာပူး နဲ႕ ခ်ယ္လ္ဆီးအသင္းတို႔ဟာ ယခုႏွစ္ ေႏြရာသီ ေဈးကြက္ အေျပာင္းအေ႐ြ႕ကာလ အတြင္းမွာ ဘ႑ာ‌ေရး

အေျခအေနေၾကာင့္ ဘာစီလိုနာအသင္း ကေန ထြက္ခြာရဖို႔ ရွိေနတဲ့ ျပင္သစ္ လက္ေ႐ြးစင္ တိုက္စစ္မႉး ဂရစ္ဇ္မန္းကို ေခၚယူဖို႔ စုံစမ္းမႈေတြ ျပဳလုပ္ေနပါတယ္။

လက္ရွိ ဘာစီလိုနာအသင္းမွာ တိုက္စစ္ကစားသမား ဂရစ္ဇ္မန္းရဲ႕ အနာဂတ္က မေရမရာ ျဖစ္လာခဲ့ရၿပီး ဘ႑ာေရး အက်ပ္အတည္းေတြနဲ႕ ရင္ဆိုင္ေနရၿပီး

လစာပိုင္း ေလ်ာ့ခ်မႈေတြကိုပါ လုပ္ေဆာင္ရေတာ့မွာ ျဖစ္တာေၾကာင့္ အသင္းက ဒီေႏြေစ်းကြက္အတြင္းမွာပဲ ဂရစ္ဇ္မန္းကို ေရာင္းထုတ္သြားရဖြယ္ ရွိေနတာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ လီယြန္နယ္မက္ဆီကိုလည္း စာခ်ဳပ္သက္တမ္းတိုးဖို႔အတြက္ ကစားသမား အမ်ားအျပားကို ရွင္းလင္းသြားဖို႔ လိုအပ္လ်က္ရွိေနၿပီး ဒီကစားသမားေတြထဲမွာလည္း ဂရစ္ဇ္မန္းပါ ပါဝင္လာခဲ့တာျဖစ္ပါတယ္။

ဘာစီလိုနာအသင္းဟာ ဂရစ္ဇ္မန္းနဲ႕ အက္သလက္တီကို အသင္းရဲ႕ ကြင္းလယ္လူ ဆာအူလ္တို႔ကို အလဲအထပ္ ျပဳလုပ္ဖို႔ ေဆြးေႏြးေနေပမယ့္ ဂရစ္ဇ္မန္း ကေတာ့ အသင္းေဟာင္းထက္ ပရီးမီးယားလိဂ္ဆီသာ ေျပာင္းေ႐ႊ႕ကာ စိန္ေခၚမႈအသစ္ေတြကို လိုခ်င္ေနပါတယ္။

90 Min သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ ဂရစ္ဇ္မန္းရဲ႕ ေအးဂ်င့္ျဖစ္သူဟာ လက္ရွိမွာ မန္ခ်က္စတာ စီးတီး ၊ လီဗာပူး ၊ ခ်ယ္လ္ဆီးအသင္းတို႔နဲ႕ ဂရစ္ဇ္မန္းရဲ႕ အေျပာင္းအေ႐ႊ႕ အတြက္ ေဆြးေႏြးမႈေတြ ဆက္တိုက္ ျပဳလုပ္ ေနေၾကာင္း သိရပါတယ္။

မန္စီးတီးအသင္းနဲ႕ ခ်ယ္လ္ဆီးအသင္းတို႔ဟာ ေႏြေဈးကြက္ အတြင္းမွာ ထိပ္တန္း တိုက္စစ္မႉး တဦးကို ေခၚယူဖို႔ စီစဥ္ေနၾကတဲ့ အသင္းေတြ ျဖစ္ၿပီး ဂရစ္ဇ္မန္ ကိုအၿပီးသတ္ ေခၚယူမွာ

ျဖစ္ေပမယ့္ လီဗာပူး အသင္းကေတာ့ သူတို႔အသင္းရဲ႕ တိုက္စစ္ပိုင္းကို အင္အားျဖည့္ေပးနိုင္မယ့္ ဂရစ္ဇ္မန္းကို တရာသီ အငွားနဲ႕သာ ေခၚယူဖို႔ စဥ္းစားေနတာ ျဖစ္ပါတယ္။

ဘာစီလိုနာအသင္းက ဂရစ္ဇ္မန္းကို ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၆၀သန္း သတ္မွတ္ထားတာ ျဖစ္ၿပီး အဂူရိုရဲ႕ ေနရာကို အစားထိုးဖို႔ ဟယ္ရီကိန္းကို ဝယ္ယူနိုင္ဖို႔ ခက္ခဲေနတဲ့ မန္စီးတီးအသင္းဟာ

ဂရစ္ဇ္မန္းကို ေခၚယူဖို႔ အေတာ္ေလးကို စိတ္ဝင္စားေနၿပီး ဂရစ္ဇ္မန္းကလည္း နည္းျပ ဂြာဒီယိုလာနဲ႕ တြဲဖက္ အလုပ္လုပ္လိုေၾကာင္း ေျပာဆိုထားပါတယ္