Spots news

အီတလီစီးရီးအေကလပ်တွေရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ယူနိုက်တက်နောက်ခံလူ အဲလက်စ်တဲလက်စ်

Unicode Version

အီတလီ စီးရီးအေ ကလပ် အင်တာမီလန်အသင်းဟာ တချိန်က အသင်းသို့ အငှားလာရောက် ကစားခဲ့ဘူးတဲ့ ယခုလက်ရှိ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့

နောက်ခံအစွန်လူ အဲလက်စ်တဲလက်စ်ကို ထပ်မံပြီး အငှားဖြင့် ခေါ်ယူရန် အလိုရှိနေကြောင်း အီတလီ အခြေစိုက် သတင်းမီဒီယာများ ဖော်ပြသွားပါတယ်။

အဲလက်စ်တဲလက်စ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်အတွင်းကမှ ပေါ်တိုအသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး

ခြေစွမ်းကောင်းတဲ့ နောက်ခံလူတစ်ယောက် ဖြစ်ပေမယ့်လည်း ယူနိုက်တက်မှာ ပုံမှန်နေရာရဖို့ ရုန်းကန်နေရပါတယ်။

ပြီးခဲ့တဲ့ ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲ (၉)ပွဲလောက်သာ ပါဝင် ကစားခွင့် ရရှိထားတဲ့ တဲလက်စ်ဟာ ယူနိုက်တက်အသင်းမှာ သူရောက်လာချိန်မှာပဲ

အသင်းရဲ့ ဘယ်နောက်ခံလူ လုခ်ရှောက ယခင်ထက်ကို ပိုမိုခြေစွမ်းပြလာခဲ့တဲ့အတွက် တဲလက်စ်ရဲ့အခန်းကဏ္ဍာက ပိုမိုမှေးမှိန်သွားခဲ့ရပါတယ်။

ထို့ကြောင့် တဲလက်စ်ကို အသင်းဟောင်းအင်တာမီလန်အသင်းနဲ့ ယူနိုက်တက်န ည်းပြဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ ရိုးမားအသင်းတို့ကနေ

စိတ်ဝင်စားကြနေပြီး အင်တာကတော့ တဲလက်စ်ကို သူတို့အသင်းရဲ့ လိုအပ်နေတဲ့ ဘယ်ခြမ်းခံစစ်ပိုင်းအတွက် အဓိကပစ်မှတ်ထားနေ ပါတယ်။

လက်ရှိအချိန်မှာ တဲလက်စ်အနေနဲ့ ယူနိုက်တက်အသင်းနဲ့အတူ ရာသီကြို လေ့ကျင့်ခန်းတွေ ပြုလုပ်နေပေမယ့် သူရဲ့နေရာတူ အသင်းဖော် လုခ်ရှောက

အတော်လေး ကောင်းမွန်တဲ့ ခြေစွမ်းပြနေတာဖြစ်လို့ သူ့အတွက် ပွဲထွက်ကစားခွင့်တွေ မသေချာ ဖြစ်နေပါတယ်။

ယူနိုက်တက်ကတော့ အရန်အင်အား အတွက် တဲလက်စ်ကို လက်မလွတ်ချင်ပေမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးအသင်းမှာ ရွေးချယ်ခံရဖို့

ကလပ်အသင်းမှာ ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ လိုအပ်တာကြောင့် တဲလက်စ်အနေနဲ့ ယူနိုက်တက်ကနေ ယခုအပြောင်းအရွေ့မှာ အငှားနဲ့ ထွက်ခွာဖွယ်ရှိပါတယ်။

Zawgyi Version



အဲလက်စ်တဲလက်စ်ဟာ ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းကမှ ပေါ်တိုအသင်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး








