Unicode Version
အာဆင်နယ်အသင်းဟာ ဘရိုက်တန်အသင်းနောက်ခံလူဘန်ဝှိုက်ကို ပေါင်သန်း ၅၀ နဲ့ ခေါ်ယူနိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက ပြသခဲ့တဲ့ ခြေစွမ်းတွေကြောင့်
အင်္ဂလန်လက်ရွေးစင်အသင်းမှာပါ ရွေးချယ်ခံခဲ့ရတဲ့ ဘန်ဝှိုက်ကို အာဆင်နယ်က အလေးထားချိတ်ဆက်ခဲ့ပြီး နောက်ဆုံးမှာ ပြောင်းရွှေ့ကြေးညှိနှိုင်းမှုအဆင်ပြေခဲ့တာဖြစ်ပါတယ်။
ကနဦးကတော့ အာဆင်နယ်က ပေါင်သန်း ၄၀ နဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘရိုက်တန်က ငြင်းဆန်ခဲ့ပါတယ်။ ဒုတိယအကြိမ်အဖြစ် ပေါင် ၄၅သန်း နဲ့ အပိုဆုကြေးတွေပေးမယ်လို့ ထပ်မံကမ်းလှမ်းခဲ့ပေမယ့်
ဘရိုက်တန်က ငွေသားချည်းသက်သက် ပေါင်သန်း ၅၀ အထိ အလိုရှိနေခဲ့တာကြောင့် အာဆင်နယ်တို့ ဘယ်လိုမှမတတ်နိုင်တော့ဘဲ လိုက်လျောပေးခဲ့ရပြီး သဘောတူညီမှုရယူခဲ့တာဖြစ်ပါတယ်။
ဒီအတွက်ကြောင့် ဘန်ဝှိုက်ဟာ အာဆင်နယ်အသင်းသမိုင်းမှာ စျေးအကြီးဆုံးနောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်က အင်္ဂလန်လိဂ် (၂)က နယူးပေါ့တ်ကောင်တီမှာ
ကစားခဲ့ရတဲ့ ဘန်ဝှိုက်ဟာ အခုချိန်မှာတော့ ပရီးမီးယားလိဂ်အသင်းကြီး တစ်သင်းဖြစ်တဲ့ အာဆင်နယ်ရဲ့ စျေးအကြီးဆုံးနောက်ခံလူဖြစ်လာခဲ့ပြီလို့ Daily Mail က ဖော်ပြခဲ့ပါတယ်။
သူဟာ ညာနောက်ခံလူနေရာမှာရော၊ ဗဟိုခံစစ်မှာပါ ကစားနိုင်သူဖြစ်ပါတယ်။ အင်္ဂလန်နဲ့အတူ ယူရိုဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပေမယ့်လည်း တစ်ပွဲမှ ပါဝင်ကစားရခြင်းမရှိခဲ့တဲ့ ဘန်ဝှိုက်ကိုယ်တိုင်ကလည်း အသင်းကြီးတစ်သင်းမှာ
ကစားဖို့ ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်က ကမ်းလှမ်းခဲ့ချိန်မှာတော့ မြန်မြန်ဆန်ဆန်ပဲ လက်ခံခဲ့ပြီး ကလပ်နှစ်သင်းကြားဆွေးနွေးမှုတွေ ပြီးပြတ်အောင်စောင့်ဆိုင်းနေခဲ့ရတာလည်းဖြစ်ပါတယ်။
Zawgyi Version
အာဆင္နယ္အသင္းဟာ ဘရိုက္တန္အသင္းေနာက္ခံလူဘန္ဝွိုက္ကို ေပါင္သန္း ၅၀ နဲ႕ ေခၚယူနိုင္ခဲ့ၿပီျဖစ္တယ္လို႔ သိရပါတယ္။ ၿပီးခဲ့တဲ့ရာသီက ျပသခဲ့တဲ့ ေျခစြမ္းေတြေၾကာင့္
အဂၤလန္လက္ေ႐ြးစင္အသင္းမွာပါ ေ႐ြးခ်ယ္ခံခဲ့ရတဲ့ ဘန္ဝွိုက္ကို အာဆင္နယ္က အေလးထားခ်ိတ္ဆက္ခဲ့ၿပီး ေနာက္ဆုံးမွာ ေျပာင္းေ႐ႊ႕ေၾကးညွိႏွိုင္းမႈအဆင္ေျပခဲ့တာျဖစ္ပါတယ္။
ကနဦးကေတာ့ အာဆင္နယ္က ေပါင္သန္း ၄၀ နဲ႕ ကမ္းလွမ္းခဲ့ေပမယ့္ ဘရိုက္တန္က ျငင္းဆန္ခဲ့ပါတယ္။ ဒုတိယအႀကိမ္အျဖစ္ ေပါင္ ၄၅သန္း နဲ႕ အပိုဆုေၾကးေတြေပးမယ္လို႔ ထပ္မံကမ္းလွမ္းခဲ့ေပမယ့္
ဘရိုက္တန္က ေငြသားခ်ည္းသက္သက္ ေပါင္သန္း ၅၀ အထိ အလိုရွိေနခဲ့တာေၾကာင့္ အာဆင္နယ္တို႔ ဘယ္လိုမွမတတ္နိုင္ေတာ့ဘဲ လိုက္ေလ်ာေပးခဲ့ရၿပီး သေဘာတူညီမႈရယူခဲ့တာျဖစ္ပါတယ္။
ဒီအတြက္ေၾကာင့္ ဘန္ဝွိုက္ဟာ အာဆင္နယ္အသင္းသမိုင္းမွာ ေစ်းအႀကီးဆုံးေနာက္ခံလူအျဖစ္ မွတ္တမ္းဝင္ခဲ့ၿပီလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၃ ႏွစ္က အဂၤလန္လိဂ္ (၂)က နယူးေပါ့တ္ေကာင္တီမွာ
ကစားခဲ့ရတဲ့ ဘန္ဝွိုက္ဟာ အခုခ်ိန္မွာေတာ့ ပရီးမီးယားလိဂ္အသင္းႀကီး တစ္သင္းျဖစ္တဲ့ အာဆင္နယ္ရဲ႕ ေစ်းအႀကီးဆုံးေနာက္ခံလူျဖစ္လာခဲ့ၿပီလို႔ Daily Mail က ေဖာ္ျပခဲ့ပါတယ္။
သူဟာ ညာေနာက္ခံလူေနရာမွာေရာ၊ ဗဟိုခံစစ္မွာပါ ကစားနိုင္သူျဖစ္ပါတယ္။ အဂၤလန္နဲ႕အတူ ယူရိုဗိုလ္လုပြဲအထိ တက္ေရာက္နိုင္ခဲ့ေပမယ့္လည္း တစ္ပြဲမွ ပါဝင္ကစားရျခင္းမရွိခဲ့တဲ့ ဘန္ဝွိုက္ကိုယ္တိုင္ကလည္း အသင္းႀကီးတစ္သင္းမွာ
ကစားဖို႔ ဆႏၵရွိေနခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ အာဆင္နယ္က ကမ္းလွမ္းခဲ့ခ်ိန္မွာေတာ့ ျမန္ျမန္ဆန္ဆန္ပဲ လက္ခံခဲ့ၿပီး ကလပ္ႏွစ္သင္းၾကားေဆြးေႏြးမႈေတြ ၿပီးျပတ္ေအာင္ေစာင့္ဆိုင္းေနခဲ့ရတာလည္းျဖစ္ပါတယ္။