Spots news

မက်ဒရစ်မြို့ရဲ့ ထိပ်သီးနောက်ခံလူ နှစ်ယောက်ကို ခေါ်ယူနိုင်တော့မယ့် မန်ယူနိုက်တက်

Unicode Version

ယူနိုက်တက်အသင်းဟာ ဗဟိုခံစစ်နေရာအတွက် ရီးရဲလ် မက်ဒရစ် အသင်းရဲ့ နောက်ခံလူ ဗာရန်း အပြင် ညာနောက်ခံလူ အဖြစ် အက်သလက်တီကို မက်ဒရစ်ရဲ့ ထရစ်ပီယာတို့ကို

ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နှစ်ယောက်လုံးကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီ ဖြစ်ကြောင်း သတင်းများအရ သိရပါတယ်။

ရီးရဲလ်မက်ဒရစ် အသင်းဟာ စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုများကို ခနခန ငြင်းဆိုထားတဲ့ ပြင်သစ်နောက်ခံလူ ဗာရန်းကို အသင်းမှာ ဆက်လက် ကစားဖို့

လက်လျှော့လိုက်ပြီး ခေါ်ယူလိုနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပေါင် သန်း (၅၀) ဝန်းကျင်နဲ့ ရောင်းချမှာ ဖြစ်ကြောင်း သိရပါတယ်။

လက်ရှိအချိန်မှာ ယူနိုက်တက်ဘက်က ဗာရန်းနဲ့ ပုဂ္ဂိုလ်‌ရေး သဘောတူညီမှု ရယူခဲ့ပြီး ဖြစ်ပါတယ်။ မကြာမီမှာပဲ ဗာရန်းအတွက် ရီးရဲလ်မက်ဒရစ် အသင်းထံသို့ တရားဝင် ကမ်းလှမ်းမှု

ပြုလုပ်ထားမှာဖြစ်ပြီး ရီးရဲလ်ဘက်ကလဲ ရောင်းချဖို့ ဆုံးဖြတ်ထားပြီး ဖြစ်လို့ ရက်ပိုင်းအတွင်းမှာပဲ အပြောင်းအရွေ့ကို တရားဝင်ကြေငြာ ဖွယ်ရှိပါတယ်။

ယူနိုက်တက်ဟာ ဝမ်ဘစ်ဆာကာနဲ့ ပွဲထွက်ခွင့်အတွက် အားပြိုင်ဖို့ ယူနိုက်တက်ဟာ ညာခံစစ်မှူးတစ်ယောက် ခေါ်ယူလိုနေတာဖြစ်ပြီး ထရစ်ပီယာက နည်းပြဆိုးလ်ရှားရဲ့ အဓိက ပစ်မှတ်ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ထရစ်ပီယာအတွက် ပေါင် (၁၈) သန်းနဲ့ ကမ်းလှမ်းသွားဖို့ရှိနေပြီး အပြောင်းအရွှေ့ဟာလည်း ဖြစ်မြောက်လာဖို့ နီးစပ်နေတယ်လို့ သတင်းတွေက ဆိုပါတယ်။

အက်သလက်တီကိုဟာ လာမယ့်နှစ်မှာ စာချုပ် ကုန်ဆုံးမှာဖြစ်တဲ့ ထရစ်ပီယာကို စာချုပ်သစ်ထပ်မံချုပ်ဆိုမှာ မဟုတ်တဲ့အတွက် ယူနိုက်တက်တို့ဘက်က စောင့်မယ်ဆိုရင် လာမယ့်နှစ်မှာ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ရရှိမှာပါ။

သို့ပေမယ့် ယူနိုက်တက်ဟာ ကစားသမား နှစ်ယောက်လုံးရဲ့ အပြောင်းအရွှေ့ကိစ္စတွေကို ယခုရက်ပိုင်းအတွင်းမှာ သဘောတူညီမှုရရှိဖို့ ကြိုးစားနေပြီး ယခုလမကုန်ခင်မှာပဲ အပြီးသတ်နိုင်တော့မှာပါ။

Zawgyi Version









