Unicode Version
ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး လီဝမ်ဒေါစကီး ကတော့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ပေးအပ် ချီးမြှင့်မယ့် ရွှေဘောလုံးဆုကို
ကိုပါအမေရိက ဖလားပူပူနွေးနွေး ချန်ပီယံ အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီက ရရှိသွားလိမ့်မယ် လို့ ယုံကြည်နေပါတယ်။
လီဝမ်ဒေါစကီးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာလဲ ခြေစွမ်းကောင်းကို ထိန်းထားနိုင်ပြီး သူဟာ ဘိုင်ယန်မြူးနစ်အသင်း အတွက်
ပြိုင်ပွဲစုံမှာ ပွဲ ၄၀ ပါဝင် ကစားပေးခဲ့ကာ သွင်းဂိုး ၄၈ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၉ကြိမ်အထိ ပြုလုပ် နိုင်ခဲ့ပါတယ်။
အဲ့ဒါအပြင် လီဝမ်ဒေါစကီးဟာ ယူရို၂၀၂၀ပြိုင်ပွဲမှာလည်း ပိုလန်အသင်းကို ရှုံးထွက်အဆင့် တက်နိုင်အောင် မကူညီနိုင်ခဲ့ပေမယ့် အုပ်စုပွဲစဉ် ၃ပွဲ ကစားခဲ့ရာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူပေးခဲ့ပါသေးတယ်။
ထို့ကြောင့် လီဝမ်ဒေါစကီးဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီရဲ့ ရွှေဘောလုံးဆုကို ရယူနိုင်မယ့် ကစားသမား တဦး အဖြစ် ထင်ကြေးပေးခံနေရပေမယ့် လီဝမ်ဒေါစကီးကတော့ အာဂျင်တီးနားအသင်းအတွက်
ကိုပါအမေရိကဖလား ရယူရာမှာ အဓိက ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး မက်ဆီဟာ သူ့ရဲ့ ၇ကြိမ်မြောက် ရွှေဘောလုံးဆုကို ရယူနိုင်ပါလိမ့်မယ် လို့ ပြောဆိုခဲ့ပါတယ်။
မက်ဆီဟာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ မိခင်ကလပ် ဘာစီလိုနာအသင်းနဲ့ အတူ ကိုပါဒယ်ရေးဖလား တလုံးထဲသာ အရယူနိုင်ခဲ့ပေမယ့် မကြာသေးမီကပဲ
အာဂျင်တီးနားအသင်းနဲ့ အတူ သူ့ရဲ့ ကစားသမားဘဝ ပထမဦးဆုံး နိုင်ငံတကာ ဆုဖလားအဖြစ် ကိုပါအမေရိကဖလားကို ဗိုလ်စွဲခဲ့သူပါ။
လီဝမ်ဒေါစကီးက – “ကိုပါအမေရိကပြိုင်ပွဲ ပြီးဆုံးသွားတဲ့နောက် ကျွန်တော့်အတွက် ရွှေဘောလုံးဆုကို ရယူနိုင်ဖို့ အခွင့်အရေးဟာ ပိုပြီး နည်းပါးလာပါတယ်။
ဒါပေမယ့် ဘောလုံးသမိုင်းတလျှောက် အကောင်းဆုံး ကစားသမား ကို အရှုံးပေးခဲ့ရတာ ဆိုတော့ သိပ်ပြီးလည်း စိတ်မပျက်မိပါဘူး” လို့ ပြောကြား သွားခဲ့တာပါ။
Zawgyi Version
ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ တိုက္စစ္မႉး လီဝမ္ေဒါစကီး ကေတာ့ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီ အတြက္ ေပးအပ္ ခ်ီးျမႇင့္မယ့္ ေ႐ႊေဘာလုံးဆုကို
ကိုပါအေမရိက ဖလားပူပူေႏြးေႏြး ခ်န္ပီယံ အာဂ်င္တီးနား အသင္းေခါင္းေဆာင္ လီယြန္နယ္ မက္ဆီက ရရွိသြားလိမ့္မယ္ လို႔ ယုံၾကည္ေနပါတယ္။
လီဝမ္ေဒါစကီးဟာ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီမွာလဲ ေျခစြမ္းေကာင္းကို ထိန္းထားနိုင္ၿပီး သူဟာ ဘိုင္ယန္ျမဴးနစ္အသင္း အတြက္
ၿပိဳင္ပြဲစုံမွာ ပြဲ ၄၀ ပါဝင္ ကစားေပးခဲ့ကာ သြင္းဂိုး ၄၈ဂိုး အထိ သြင္းယူနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၉ႀကိမ္အထိ ျပဳလုပ္ နိုင္ခဲ့ပါတယ္။
အဲ့ဒါအျပင္ လီဝမ္ေဒါစကီးဟာ ယူရို၂၀၂၀ၿပိဳင္ပြဲမွာလည္း ပိုလန္အသင္းကို ရႈံးထြက္အဆင့္ တက္နိုင္ေအာင္ မကူညီနိုင္ခဲ့ေပမယ့္ အုပ္စုပြဲစဥ္ ၃ပြဲ ကစားခဲ့ရာ သြင္းဂိုး ၃ဂိုး အထိ သြင္းယူေပးခဲ့ပါေသးတယ္။
ထို႔ေၾကာင့္ လီဝမ္ေဒါစကီးဟာ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီရဲ႕ ေ႐ႊေဘာလုံးဆုကို ရယူနိုင္မယ့္ ကစားသမား တဦး အျဖစ္ ထင္ေၾကးေပးခံေနရေပမယ့္ လီဝမ္ေဒါစကီးကေတာ့ အာဂ်င္တီးနားအသင္းအတြက္
ကိုပါအေမရိကဖလား ရယူရာမွာ အဓိက ေျခစြမ္းျပခဲ့တဲ့ တိုက္စစ္မႉး မက္ဆီဟာ သူ႕ရဲ႕ ၇ႀကိမ္ေျမာက္ ေ႐ႊေဘာလုံးဆုကို ရယူနိုင္ပါလိမ့္မယ္ လို႔ ေျပာဆိုခဲ့ပါတယ္။
မက္ဆီဟာ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီမွာ မိခင္ကလပ္ ဘာစီလိုနာအသင္းနဲ႕ အတူ ကိုပါဒယ္ေရးဖလား တလုံးထဲသာ အရယူနိုင္ခဲ့ေပမယ့္ မၾကာေသးမီကပဲ
အာဂ်င္တီးနားအသင္းနဲ႕ အတူ သူ႕ရဲ႕ ကစားသမားဘဝ ပထမဦးဆုံး နိုင္ငံတကာ ဆုဖလားအျဖစ္ ကိုပါအေမရိကဖလားကို ဗိုလ္စြဲခဲ့သူပါ။
လီဝမ္ေဒါစကီးက – “ကိုပါအေမရိကၿပိဳင္ပြဲ ၿပီးဆုံးသြားတဲ့ေနာက္ ကြၽန္ေတာ့္အတြက္ ေ႐ႊေဘာလုံးဆုကို ရယူနိုင္ဖို႔ အခြင့္အေရးဟာ ပိုၿပီး နည္းပါးလာပါတယ္။
ဒါေပမယ့္ ေဘာလုံးသမိုင္းတေလွ်ာက္ အေကာင္းဆုံး ကစားသမား ကို အရႈံးေပးခဲ့ရတာ ဆိုေတာ့ သိပ္ၿပီးလည္း စိတ္မပ်က္မိပါဘူး” လို႔ ေျပာၾကား သြားခဲ့တာပါ။